နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီးကို ရှုံးနိမ့်ပြီး ထိပ်သီး ၄ သင်းစာရင်းဝင်ဖို့တောင် ခက်ခဲလာတဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လက်စတာစီးတီး ၂ – ၀ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် လက်စတာစီးတီးတို့က အန်ဒီဒီ၊ ဂျိမ်းစ်မက်ဒီဆင်တို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့သလို ချဲလ်ဆီးကတော့ အဆင့် ၈ နေရာအထိ ကျဆင်းသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့တောင် ခက်ခဲသွားခဲ့ပါတယ်။

အခုပွဲစဉ် မတိုင်ခင်ကတည်းက ရှုံးပွဲတွေ များနေလို့ ဖိအားတွေ ဝင်နေတဲ့ ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီးတို့ ရလဒ်ကောင်း ရှာဖွေဖို့အတွက် အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ အေဗရာဟမ်ကို အထောင်ထားပြီး ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်၊ ဟက်ဒ်ဆန်အိုဒွိုင်းတို့နဲ့ နောက်ကနေ ပံ့ပိုးစေခဲ့သလို ကွင်းလယ်မှာ ကိုဗာချစ်၊ မေဆင်မောင့်၊ နောက်တန်းမှာ ဘန်ချေးလ်ဝဲလ်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ရိစ်ဂျိမ်းစ်၊ ဂိုးမှာ မန်ဒီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာစီးတီး မှာတော့ ထုံးစံအတိုင်း တိုက်စစ်မှာ ဂျေမီဗာဒီ၊ ကွင်းလယ်မှာ အလ်ဘရိုက်တန်၊ တိုင်လီမန့်စ်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဘားနက်စ်၊ အန်ဒီဒီ၊ နောက်တန်းမှာ ကတ်စတန်နီ၊ ဖိုဖာနာ၊ အီဗန့်စ်၊ ဂျက်စတင်၊ ဂိုးမှာ ကတ်စပါရှမိုက်ကယ်တို့ကို ပထမလူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ အခုပွဲမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲစကတည်းက ကြည့်ကောင်းခဲ့သလို လက်စတာစီးတီးက ခြေပိုကောင်းခဲ့လို့ ပွဲအစ ၆ မိနစ် မှာကတည်းက ဦးဆောင်ဂိုး ရခဲ့ပါတယ်။ တောင်ပံက ဟာဗေးဘားနက်စ်ရဲ့ ပေးပို့မှုကတစ်ဆင့် အန်ဒီဒီက ဂိုးဧရိယာထိပ် ကနေ အပြင်းကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲနောက် ချဲလ်ဆီးတို့ ချေပဂိုးရဖို့ အတွက် အိမ်ရှင် အသင်းဘက်ကို ပြန်လည် ဖိအားပေး ကစားခဲ့ပေမယ့် တန်ပြန်တိုက်စစ် ကနေတစ်ဆင့် လက်စတာစီးတီးတို့ပဲ ဒုတိယဂိုး ထပ်မံ ရရှိသွားခဲ့ ပါတယ်။ ကွင်းလယ်ကနေ မက်အလ်ဘရိုက်တန် ကန်တင်ပေးပို့တဲ့ ဘောလုံးကို ဂျိမ်းစ်မက်ဒီဆင်က အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ချေပဂိုး ရဖိုအတွက် အားထုတ်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိလို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲအပြီးမှာ လက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၈ နေရာအထိ ကျဆင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲရထားတဲ့ လက်စတာစီးတီး

အခုပွဲမှာ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းသားတွေနဲ့ ပတ်သတ်ပြီး ချီးကျူးစရာပဲ ရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းသားတွေနဲ့ ပတ်သတ်ရင်တော့ ဝေဖန်စရာတွေချည်းပါပဲ။ ခံစစ်က သီယာဂိုဆေးလ်ဗား အကျပိုင်းကို ရောက်နေပြီဆိုတာ မြင်တွေ့ခဲ့ရသလို ရူဒီဂါ၊ ရိစ်ဂျိမ်းစ် တို့လည်း အမှားများခဲ့တာကြောင့် ချဲလ်ဆီးတို့ ရှုံးနိမ့်ခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်က မေဆင်မောင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို လက်ခံပေးလို့ ရပေမယ့် ကိုဗာချစ်ရဲ့ စွမ်းဆောင်ရည်ကတော့ အားရစရာ မရှိခဲ့တာ တွေ့ရပါတယ်။ အရင်ပွဲတွေတုန်းက ခြေစွမ်းပြနိုင်ခြင်း မရှိလို့ ပွဲထွက်ခွင့် ပုံမှန်မရခဲ့တဲ့ ကိုင်ဟာဗက်ဇ် ပါဝင်လာခဲ့ပေမယ့် အားကိုးလို့မရခဲသလို အိုဒွိုင်း၊ ပူလီဆစ်၊ အေဗရာဟမ် တို့လည်း သာမန် ခြေစွမ်းအောက်မှာ ရှိနေခဲ့လို့ ချဲလ်ဆီးတို့ ရှုံးနိမ့်ခဲ့ရတာ မဆန်းပါဘူး။ လူစားဝင်လာတဲ့ ဟာကင်မ်ဇီယက်ချ် အနေနဲ့ ချဲလ်ဆီးကို ရလဒ်ဆိုးတွေ အောက်ကနေ ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ တီမိုဝါနာ အနေနဲ့လည်း ရလဒ်ကို ပြောင်းလဲပေးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ အခုပွဲအပြီးမှာ လက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၈ နေရာအထိ ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းထက် တစ်ပွဲပို ကစားပြီး ၅ မှတ် အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် အခက်အခဲ ရှိလာခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ လက်စတာစီးတီးတို့တို့ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစားရဖို့ ရှိနေပြီး ချဲလ်ဆီးကတော့ လူတန်နဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်