နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး – လစ်ဗာပူးလ် | အက်ဖ်အေဖလား ဗိုလ်လုပွဲ (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – လစ်ဗာပူးလ်

မနက်ဖြန်ည မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အက်ဖ်အေဖလား ဟာ လစ်ဗာပူးလ်ရဲ့ တစ်ရာသီ အတွင်း ဖလား ၄ လုံး ချန်ပီယံဖြစ်ရေး အိမ်မက် အတွက် အရေးပါတဲ့ ဆုဖလား တစ်လုံး ဖြစ်သလို ချဲလ်ဆီး အတွက် ဆိုရင်လည်း ဖလား လက်မဲ့ အဖြစ်နဲ့ ရာသီမသိမ်းရရေး အရေးကြီ


တဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ၁၄၁ ကြိမ်မြောက် ကျင်းပတဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ လစ်ဗာပူးလ်တို့ တကျော့ပြန် ဗိုလ်စွဲပြီး ဖလား ၄ လုံး အိမ်မက်ကို ဆက်လက် အသက်သွင်းနိုင်မလား။ ဒါမှမဟုတ် ချဲလ်ဆီး ကပဲ ခရာဘောင်ဖလား ရှုံးကြွေးကို ပြန်ဆပ်ပြီး လစ်ဗာပူးလ်ရဲ့ ဖလား ၄ လုံး အိမ်မက်ကို ရိုက်ချိုး ဖျက်ဆီးသွားနိုင်မလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က နောက်ဆုံး တစ်ကြိမ် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ထားတဲ့ ချဲလ်ဆီးတို့ ဗိုလ်လုပွဲ ကိုတော့ နောက်ဆုံး ၃ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ မှာ အာဆင်နယ်၊ ၂၀၂၀-၂၀၂၁ မှာ လက်စတာစီးတီး တို့ကို ရှုံးပြီး နှစ်နှစ်ဆက် ဒုတိယနဲ့သာ ကျေနပ်ထားရတဲ့ ချဲလ်ဆီး အတွက် ဒီတစ်ကြိမ် ဗိုလ်လုပွဲက အရင်နှစ်တွေထက် ပိုပြီး ခက်ခဲနေဦးမှာ အသေအချာပါပဲ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရထားခဲ့တယ် ဆိုပေမယ့် ချဲလ်ဆီးရဲ့ ခြေစွမ်းက ဘယ်လိုမှ တည်ငြိမ်မှု မရှိသေးပါဘူး။ ကြယ်ပွင့် ကစားသမားတွေ များစွာ ပိုင်ဆိုင်ထားခဲ့ပေမယ့် သေချာ ပြန်ဆန်းစစ်ရဲ့ ချဲလ်ဆီးတို့ နေရာစုံမှာ အားနည်းနေတာ တွေ့ရပါတယ်။ ခံစစ်က မထင်ရင် မထင်သလို ဂိုးတွေ ခွင့်ပြုပေးတတ်သလို ကွင်းလယ် ကလည်း အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရရှိနေခြင်းနဲ့ အတူ တည်ငြိမ်မှု မရှိပါဘူး။ အဆိုးဆုံး ကတော့ တိုက်စစ်ပိုင်း ဖြစ်ပြီး လူကာကူ၊ ဗာနာ၊ ဟာဗက်ဇ်၊ မောင့်၊ ဇီယက်ချ်၊ ပူလီဆစ်ခ်တို့ ရှိနေပေမယ့် အဆုံးသတ် Clinical မဖြစ်ခြင်းက ချဲလ်ဆီးကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ကြီးမားနေစေတာ တွေ့ရပါတယ်။ တစ်ချက် ရှိတာက ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ ယူနိုက်တက် ပြီးရင် အက်ဖ်အေဖလားကို အများဆုံး ကိုင်မြှောက်ထားနိုင်ပြီး ရှုံးထွက် ပြိုင်ပွဲတွေ ဆိုရင် တူချယ်ရဲ့ အသင်းဟာ သိသိသာသာ ခြေစွမ်းပြတတ်ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား နောက်ဆုံး ၁၇ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရထားတဲ့ အချက်က အထင်ကြီးစရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကိုဗာချစ် ဒဏ်ရာရသွားတဲ့ အတွက် ကွင်းလယ်ပိုင်း အားနည်းနေနိုင်ပေမယ့် ကန်တေ ပြန်ပါလာဖို့ ရှိနေခြင်း ကတော့ တူချယ် အတွက် စိတ်သက်သာရာရစေမှာ သေချာပါတယ်။ ဒါပေမယ့် တူချယ် အနေနဲ့ ကွင်းလယ်မှာ လော့ဖ်တပ်စ်ချိခ်နဲ့ ဂျော်ဂျင်ဟို ကိုပဲ တွဲဖက် ပွဲထုတ်လာဖွယ် ရှိပြီး တိုက်စစ် မှာတော့ လူကာကူ၊ မောင့်၊ ပူလီဆစ်ခ်တို့ ဦးဆောင်လာဖို့ များပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်ဖို့ မသေချာတော့တဲ့ အတွက် ဖြစ်နိုင်ချေ ပိုများတဲ့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် တို့ကိုပဲ ပိုပြီး အားစိုက်ရတော့မှာပါ။
ပြီးခဲ့တဲ့ ခရာဘောင် ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရထားတဲ့ လစ်ဗာပူးလ်

ဖြစ်နိုင်ဖွယ် လူစာရင်း – မန်ဒီ၊ အက်ဇ်ပီလီကွယ်တာ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ လော့ဖ်တပ်စ်ချိခ်၊ အလွန်ဆို၊ မောင့်၊ ပူလီဆစ်ခ်၊ လူကာကူ

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်ဖို့ မသေချာတော့တဲ့ အတွက် ဖြစ်နိုင်ချေ ပိုများတဲ့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် တို့ကိုပဲ ပိုပြီး အားစိုက်ရတော့မှာပါ။ အက်ဖ်အေဖလား ချန်ပီယံ ၇ ကြိမ် ဖြစ်ထားတဲ့ လစ်ဗာပူးလ် တို့ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီ နောက်ပိုင်းထဲက ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ နောက်ဆုံး အကြိမ် ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ချဲလ်ဆီးကို ရှုံးပြီး ဒုတိယနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ မဆိုးလှပေမယ့် ပွဲပန်းမှု ဒဏ်ကြောင့် လစ်ဗာပူးလ်တို့ လိုချင်တဲ့ ရလဒ် အတွက် မျှော်လင့်ထားတာထက် ပိုပြီး အားစိုက် ရုန်းနေရတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်ရဲ့ ရလဒ်ပိုင်း ကတော့ တော်တော်လေး အားရစရာ ကောင်းပြီး ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး နောက်ပိုင်း ၁၅ ပွဲဆက် ရှုံးပွဲ မရှိသေးသလို ၁၂ ပွဲ နိုင်ပြီး ၃ ပွဲ သရေ ကျထားပါတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲမှာ အဓိက ကွင်းလယ် ခံစစ် ကစားသမား ဖာဘင်ဟို ဒဏ်ရာရသွားတာကြောင့် ကလော့ပ် အနေနဲ့ နာဘီ ကေတာကို ဟန်ဒါဆန်၊ သီယာဂို တို့နဲ့ တွဲဖက် သုံးဖို့ များပြီး တိုက်စစ် မှာတော့ ဆာလာ၊ မာနေးနဲ့ ဒီးရာ့ဇ် တို့ပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း – အလီဆွန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဟန်ဒါဆင်၊ နာဘီ ကေတာ၊ သီယာဂို၊ မာနေး၊ ဆာလာ၊ ဒီးရာ့ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ တွေ့ဆုံမှု ၁၉၁ ကြိမ်မှာ လစ်ဗာပူးလ်က ၈၃ ကြိမ် အနိုင်ရပြီး ချဲလ်ဆီး ကတော့ ၆၅ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၃၃ ကြိမ် မှာတော့ ချဲလ်ဆီးက ၁၀ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၃ ကြိမ် နိုင်ပြီး ၁၀ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။ ၂၀၁၀ နောက်ပိုင်း အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်သာ ရှိခဲ့ပြီး ၂ ကြိမ်စလုံး မှာတော့ ချဲလ်ဆီးတို့ အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ မှာတော့ ၃ ကြိမ် တွေ့ဆုံ ကစားထားခဲ့ကြပြီး ၃ ပွဲစလုံး မိနစ် ၉၀ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး အတွက် ၃.၃၀ ဆ၊ လစ်ဗာပူးလ် အတွက် ၂.၀၇ ဆ၊ သရေ အတွက် ၃.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ခြေစွမ်းနဲ့ စုဖွဲ့မှုချင်း ယှဉ်ရင် လစ်ဗာပူးလ်တို့ အသာရနေပေမယ့် အကြိတ်အနယ် ကစားရမယ့် ပွဲဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်း ပွဲပန်းနေပေမယ့် တူချယ် တို့ အုပ်စု ကလည်း ခြေစွမ်း အတက်အကျ မတည်မငြိမ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၃ ကြိမ်စလုံး မိနစ် ၉၀ အတွင်း သရေ ရလဒ် ထွက်ပေါ်ထားခဲ့လို့ ဒီတစ်ကြိမ် တွေ့ဆုံမှု ကလည်း ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ဖို့တော့ မရှိပါဘူး။ ဒါပေမယ့် ပွဲအဖြေထုတ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုပြီး ပိုင်ဆိုင်နေတဲ့ လစ်ဗာပူးလ် ဘက်မှာပဲ ရပ်တည်ထားတာ စိတ်ချရတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်