နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဦးဆောင်နေတဲ့ ၂၀၂၀-၂၁ ရာသီကြိုထိပ်သီးအပြောင်းအရွှေ့ ၅ခု

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အပြောင်းအရွှေ့ဈေးကွက်ကလည်း အောက်တိုဘာလ ၅ရက်နေ့မှ ပိတ်မှာ ဖြစ်တာကြောင့် ဥရောပထိပ်သီးအသင်းတွေ တော်တော်များများအတွက် ကစားသမားခေါ်ယူခွင့်တွေရှိနေသေးပါတယ်။ လိဂ်ပွဲစဉ်တော်တော်များများပြန်စနေပြီဖြစ်လို့ ကလပ်အသင်းတော်တော်များများဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ခြေပြန်ငြိမ်သွားပေမယ့် တချို့အသင်းကြီးတွေကတော့ သူတို့စိတ်ဝင်စားတဲ့ ကစားသမားတွေအတွက် ချဉ်းကပ်ကြိုးစားနေဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးအများဆုံးသုံးပြီး ထိပ်ဆုံးက ဉီးဆောင်ထားတာကို တွေ့ရပါတယ်။ အခုတစ်ခါမှာတော့ SBOTOP ဘောလုံးပရိသတ်တွေအတွက် လက်ရှိဘောလုံးရာသီရဲ့ထိပ်ဆုံးအပြောင်းအရွှေ့ ၅ခုကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

၅။ လီရွိုင်းဆာနေး (မန်ချက်စတာစီးတီး မှ ဘေယန်မြူးနစ်၊ ယူရို ၄၅သန်း)

ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၉၀ ကစားခဲ့ရာမှာတော့ ၄၅ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအတွက် ပွဲပေါင်း ၉၀ကစားပြီး ၄၅ဂိုးသွင်းယူပေးခဲ့တဲ့ လီရွိုင်းဆာနေး

ဘေယန်မြူးနစ်အသင်းကတော့ ကာလအတန်ကြာကြိုးပမ်းခဲ့ရပြီး နောက်ပိုင်းမှာတော့ ဆာနေးကိုအမိအရခေါ်ယူနိုင်ခဲ့ပါပြီ။ ဘေယန်မြူးနစ်တို့ မန်စီးတီးတောင်ပံကစားသမား လီရွိုင်းဆာနေးကို ခေါ်ယူနိုင်ဖို့ နှစ်ရာသီလောက်ကြိုးပမ်းခဲ့ရပြီး အခုရာသီအစောပိုင်းမှာတော့ ယူရို ၄၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာနေးကတော့အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး ပရီးမီးယားလိဂ် ကလပ်မှာ ပွဲပေါင်း ၉၀ ကစားခဲ့ရာမှာတော့ ၄၅ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဂျာမန်တောင်ပံကြယ်ပွင့် ဆာနေးအနေနဲ့ ဘွန်ဒက်စ်လီဂါထိပ်သီး မှာရော ခြေစွမ်းပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

၄။ တီမိုဝါနာ (လိုက်ပ်ဇစ် မှ ချဲလ်ဆီး၊ ယူရို ၅၃သန်း)

လိုက်ပ်ဇစ် အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာကိုတော့ အပြောင်းအရွှေ့ကာလအစောပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ငွေသုံးကြမ်းနေတဲ့ချဲလ်ဆီးတို့ အရခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်တန်ကြေး ယူရို ၆၄သန်းတန်ကြေးရှိပေမယ့် ယူရို ၅၃သန်းလောက်နဲ့အရခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျာမန်လက်ရွေးစင်တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၇ ပွဲကစားပြီး ၇၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းကြီးအတွက် ၃၁ပွဲပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူပေးထားသူလည်း ဖြစ်တာကြောင့် ချဲလ်ဆီးပရိသတ်တွေက ကစားသမားအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားနေကြပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၁ကို ဝင်ရောက်ကစားထားခဲ့ပေမယ့် ပွဲဦးထွက်ကတော့ သိပ်ပြီးမလှပခဲ့တာကိုတွေ့ရပါတယ်။ ဝါနာအနေနဲ့ ပရီးမီးယားလိဂ် ရဲ့ ကစားပုံနဲ့ အံ့ဝင်ဖို့ အချိန်ယူရဦးမယ့်သဘောမှာရှိနေတယ်လို့ သုံးသပ်ထားကြပါတယ်။

 

၃။ ဗစ်တာအော်စမန် (လိုင်လီ မှ နာပိုလီ၊ ယူရိုသန်း ၇၀)

ဗစ်တာအော်စမန်ကတော့ အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး အရပ် ၆ပေ၁လက်မရှိတဲ့ နိုင်ဂျီးရီးယားလူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးကလပ် လိုင်လီ်အတွက် ၂၇ ပွဲပါဝင်ကစားပြီး ၁၃ ဂိုးသွင်းယူပေးခဲ့လို့ ဥရောပထိပ်သီးကလပ်တော်တော်များများရဲ့ မျက်စိကျခြင်းခံခဲ့ရပါတယ်။ ကာလတန်ကြေး ပေါင်သန်း ၄၀ သာရှိပေမယ့် လက်ရှိမှာတော့ နာပိုလီအသင်း က အော်စမန်အတွက် ယူရို သန်း၇၀ အထိပေးပြီး ခေါ်ယူထားပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကြီးအတွက် ၉ ပွဲသာဝင်ကစားထားရသေးပေမယ့် ၄ဂိုးအထိသွင်းယူပေးထားတဲ့အတွက် အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားသမားအဖြစ်သတ်မှတ်ခံထားရပါတယ်။

 

၂။ အာသာ (ဘာစီလိုနာ မှ ဂျူဗင်တပ်စ်၊ ယူရို ၇၂သန်း)

ကာလတန်ကြေးယူရို ၅၆ သန်းသာရှိတဲ့ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့်အာသာကိုတော့ ဂျူဗင်တပ်စ်အသင်းက ယူရို ၇၂သန်းအထိပေးပြီး ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်အာသာကတော့ ဘာစီလိုနာအသင်းမှာ နှစ်ရာသီအတွင်း ၄၈ ပွဲကစားပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၀ ကစားပေးထားပြီး အနာဂတ်မှာ အလားအလာရှိတဲ့ ကွင်းလယ်ကြယ်ပွင့်လည်း ဖြစ်ပါတယ်။ ဂျူဗင်တပ််စအသင်းကတော့ ကွင်းလယ်ပိုင်းက ပီဂျာနစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

 

၁။ ကိုင်ဟာဗက်ဇ် (ဘေယာလေဗာကူဆင် မှ ချဲလ်ဆီး၊ ယူရို သန်း ၈၀)

ဂျာမန်ကလပ် လေဗာကူဆင်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ကိုင်ဟာဗက်ဇ် ကိုလည်း ချဲလ်ဆီးအသင်းကပဲ အရခေါ်ယူသွားခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ဂျာမန်လက်ရွေးစင်အတွက် ပရီးမီးယားကလပ်ဘက်က ယူရို သန်း ၈၀ ထိအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဟာဗက်ဇ်ဟာ အခုလ ၅ရက်နေ့ကမှ စတန်းဖိုဒ့် ဘရစ်ချ်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ဘရိုက်တန်နဲ့ ပွဲမှာ ပွဲဦးထွက်ဝင်ရောက်ကစားခဲ့သလို အခွင့်အရေးတစ်ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

အခြားနာမည်ကြီးအပြောင်းအရွှေ့တွေကတော့

၆။ ပီဂျာနစ် ( ဂျူဗင်တပ်စ် မှ ဘာစီလိုနာ၊ ယူရိုသန်း ၆၀)

၇။ အီကာဒီ (အင်တာမီလန် မှ ပီအက်စ်ဂျီ၊ ယူရို သန်း ၅၀)

၈။ အဲဗာရိုမိုရာတာ (ချဲလ်ဆီး မှ အက်သလက်တီကိုမက်ဒရစ်၊ ယူရို ၅၆သန်း)

၉။ ဟာကီမီ (ရီးရဲမက်ဒရစ် မှ အင်တာမီလန်၊ ယူရို သန်း ၄၀)

၁၀။ ဘန်ချေးလ်ဝဲလ် (လက်စတာစီးတီး မှ ချဲလ်ဆီး၊ယူရို ၅၀.၂သန်း)

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်