နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲဆက်နေတဲ့ ချဲလ်ဆီးကို အပြည့်အဝ ယုံကြည်လိုက်ပါ – ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်

ရန်းစ် vs ချဲလ်ဆီး

အခုတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေထဲက ရန်းစ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ကလည်း SBOTOP ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် အုပ်စု E ကို ဦးဆောင်နေတဲ့ ချဲလ်ဆီးတို့ အနေနဲ့ ဂုဏ်သိက္ခာအရ ယှဉ်ပြိုင်ကစားလာမယ့် ပြင်သစ်ကလပ် ရန်းစ်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့လည်း ရှိနေတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

ရန်းစ်တို့ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်လီဂူးဝမ်းမှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ် ပွဲဦးထွက်မှာတော့ နိုင်ပွဲရရှိဖို့ ရုံးကန်နေရပါတယ်။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု E မှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး၊ စပိန်နာမည်ကြီး ဆီဗီလာ၊ ရုရှားကလပ် ခရက်စနိုဒါတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ မရှိသလောက် ဖြစ်နေခဲ့ပါပြီ။ ရန်းစ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ချဲလ်ဆီးကို ၃ ဂိုးပြတ်၊ ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ နောက်ဆုံးပွဲမှာတော့ ဘော့ဒိုးကို အိမ်ကွင်းမှာတောင် ၀-၁ နဲ့ အရှုံးပေးထားရပါတယ်။ ချန်ပီယံလိဂ်မှာလည်း ၃ ပွဲကစား၊ ၂ ပွဲရှုံး ၁ ပွဲသရေကျပြီး ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံး အဆင့်မှာရပ်တည်နေခဲ့ပါတယ်။ ရန်းစ်တို့ အဖွင့်ပွဲစဉ်မှာ ခရက်စနိုဒါနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ဆီဗီလာနဲ့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာတော့ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာတော့ ၃ ပွဲကစားပြီး ရဂိုး ၇ ဂိုးနဲ့ ပေးဂိုး ကတော့ လုံးဝမရှိသေးပါဘူး။
ချန်ပီယံလိဂ် အုပ်စု (E) ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

ရန်းစ်နဲ့ ပြောင်းပြန် ချဲလ်ဆီးကတော့ ရာသီအစမှာ ခြေစွမ်း ယိမ်းယိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် နိုင်ပွဲရထားခဲ့ပါတယ်။ အဲ့ထက်ပိုပြီး ထူးခြားတဲ့ အချက်ကို ပြောပါဆိုရင် ရန်းစ်ကနေ ခေါ်ယူခဲ့တဲ့ ဆီနီဂေါ ဂိုးသမား အက်ဒ်ဝက် မန်ဒီကို ပိုင်ဆိုင်ခဲ့ပြီး‌ နောက်ပိုင်းမှာ ၇ ပွဲကစားခဲ့ရာမှာ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ပြီး ပေးဂိုး လုံးဝမရှိတဲ့ ပွဲစဉ်ဟာ ၆ ပွဲ အထိ ရှိထားခဲ့ပါတယ်။ ချဲလ်ဆီးတို့ ဒီရာသီမှာ လစ်ဗာပူးလ် တစ်သင်းတည်းကိုပဲ ရှုံးနိမ့််ထားပြီး ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာယူနိုက်တက်၊ ဆောက်သမ်တန်၊ ဝက်စ်ဘရွန်းတို့ကို သရေကျထားခဲ့သလို ကျန်ပွဲစဉ်တွေ အားလုံးကိုတော့ အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးတို့ အဓိက ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီး တိုက်စစ်က သွင်းဂိုး ၂၉ ဂိုး အထိ ရရှိထားခဲ့ပြီး ခံစစ်ကတော့ ပေးဂိုး ၁၀ ဂိုးသာရှိထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၃ ပွဲကစားပြီး ရဂိုး ၇ ဂိုးနဲ့ ပေးဂိုး ကတော့ လုံးဝမရှိသေးပါဘူး။ ဒီရာသီမှာ ချဲလ်ဆီးတို့ ငွေကြေး သုံးစွဲရကြိုးနပ်နေခဲ့ပြီလို့ ပြောလို့ရပါတယ်။ အသစ်ခေါ်ယူခဲ့တဲ့ ဘန်ချေးလ်ဝဲလ်၊ ဟာကင်မ်ဇီယက်ချ်၊ တီမိုဝါနာ၊ သီယာဂိုဆေးလ်ဗား၊ မန်ဒီတို့ အကုန်လုံး လက်ရှိမှာ အကောင်းဆုံးပုံစံ ရရှိနေခဲ့ပြီး အသင်းမှာ ရှိပြီးသား တမ်မီအေဗရာဟမ်၊ ရီ့စ်ဂျိမ်းစ်၊ ဇူးမား၊ မေဆင်မောင့်၊ ကန်တေး၊ ဂျော်ဂျင်ဟိုတို့ ခြေစွမ်းပြနေခဲ့ပါတယ်။ လက်ရှိအသင်းမှာ ခရစ္စတီယန် ပူလီဆစ်တစ်ဦးတည်း ဒဏ်ရာရရှိနေလို့ ချန်ပီယံလိဂ် အုပ်စု ပထမနေရာကနေ ရှုံးထွက် အဆင့် တက်ရောက်ရေးအတွက် အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာနိုင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရန်းစ်နဲ့ ချဲလ်ဆီးတို့ သမိုင်းတစ်လျှောက် တစ်ကြိမ်သာ တွေ့ဆုံထားခဲ့ပြီးတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ ရန်းစ်တို့ ဘယ်နောက်ခံလူ ဒဲလ်ဘတ် အနီကတ်ပြ ထုတ်ပယ်ခံရမှုနဲ့ အတူ ၃ဂိုး ပြတ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် သွင်းဂိုးတွေကိုတော့ တိုက်စစ်မှူး တီမိုဝါနာက ပင်နယ်တီ ပစ်ဒဏ်ဘော နှစ်ကြိမ်ကနေ ၂ ဂိုးသွင်းယူပေးခဲ့ပြီး တမ်မီအေဗရာဟမ်က ၁ ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရန်းစ် vs ချဲလ်ဆီး 1X2 ချဲလ်ဆီး @ 1.56
နိုဝင်ဘာလ ၂၅ ရက်, မနက် ၁၂:၂၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၅.၀၀ ဆကြေးဖွင့် ပေးထားပြီး သရေအတွက် ၄.၀၀ ဆ နဲ့ ဧည့်သည်အတွက် ၁.၆၀ ဆ ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ပထမအကျော့က ချဲလ်ဆီးတို့ ဂိုးပြတ် အနိုင်ရခဲ့တယ်ဆိုပေမယ့် ခြေစွမ်းပိုင်း အကောင်းကြီးတော့ မဟုတ်ခဲ့ပါဘူး။ ရန်းစ်ကလည်း ဒီပွဲမှာ ရလဒ်ကောင်းရင် ယူရိုပါလိဂ် ဝင်ခွင့် အတွက် မျှော်လင့်နိုင်မှာ ဖြစ်လို့ အားစိုက်ကစားလာနိုင်ပြီး ချဲလ်ဆီးကတော့ နောက်တစ်ဆင့် တက်ဖို့ သေချာစေမယ့် အနိုင် ၃ မှတ် အတွက် ကျိန်းသေပေါက် အားထုတ်လာမှာ သေချာပါတယ်။ ဒီပွဲမှာတော့ နှစ်သင်းပေါင်း သွင်းဂိုး ၂ ဂိုးနဲ့ အထက်ကို သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်