နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ပွဲ ထပ်ရဦးမှာပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး vs  ရန်းစ်

နိုဝင်ဘာလ ၅ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယနေ့ ပွဲစဉ်တွေ ထဲက ချဲလ်ဆီး နဲ့ ရန်းစ် တို့ရဲ့ ယှဉ်ပြိုင်မှုကလည်း သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်လာဖို့ရှိလို့ SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ တိုက်စစ် ထက်မြက်နေတဲ့ ဖရန့်ခ်လမ်းပတ်ရဲ့ အသင်းက ချန်ပီယံလိဂ် နောက်တိုး အသင်း ဖြစ်တဲ့ ရန်းစ်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံကစားရမှာ ဖြစ်လို့ အနိုင်သေချာနေပေမယ့် အားလုံး မျှော်လင့်ထားသလို ဂိုးပြတ်နိုင်ပွဲ ဖြစ်မဖြစ် ဆိုတာ ကတော့ စောင့်ကြည့်သွားရမှာပါ။

ချဲလ်ဆီးတို့ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ ရရှိထားပါတယ်။ ရန်းစ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဂိုးသမား မန်ဒီ ချဲလ်ဆီး ဂိုးပေါက်ကို တာဝန်ယူချိန်ကစလို့ နောက်ဆုံး ၄ ပွဲဆက် ပေးဂိုး လုံးဝ မရှိတော့တာ တွေ့ရပါတယ်။ ချေးလ်ဝဲလ်၊ ဇူးမား၊ ဆေးလ်ဗား၊ ရိစ်ဂျိမ်းစ် တို့ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းက တိုက်စစ်ကိုပါ ထိရောက်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်လာနိုင်သလို ပေါင်းသန်း ရာနဲ့ချီ သုံးစွဲပြီး အားဖြည့်ထားတဲ့ တိုက်စစ်က ဂိုး မြူးနေပြီ ဖြစ်လို့  နည်းပြ ဖရန့်ခ်လမ်းပတ် အတွက် ကတော့ အချိုပေါ် သကာလောင်း နေသလိုပါပဲ။ ဒါ့အပြင် အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်ကောင်းလာကြ လို့ လမ်းပတ် အနေနဲ့ ပွဲထွက်ကစားသမား တွေကို စိတ်ကြိုက် ရွေးချယ်လို့ရနေပါတယ်။ လက်ရှိ ချဲလ်ဆီး တစ်သင်းလုံး ရှေ့၊ လည်၊ နောက် ဘာဆိုဘာမှ ပြောစရာမရှိပါဘူး။ နည်းပြ အနေနဲ့ နည်းစနစ်ပိုင်းကို အာရုံစိုက်ရုံနဲ့ နိုင်ပွဲ တစ်ပွဲ ရဖို့ မခက်ခဲတဲ့ အခြေအနေကောင်း တစ်ရပ်ကို ချဲလ်ဆီးတို့ ပိုင်ဆိုင်ထား ပါတယ်။ လက်တလော ချန်ပီယံလိဂ် မှာ ချဲလ်ဆီးတို့ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေကျ ပြီး ရမှတ် ၄ မှတ်နဲ့ အုပ်စု E ကို ဦးဆောင် နေပါတယ်။ အခုပွဲမှာ စတန်းဖို့ဒ်ဘရစ်ချ်ကို လာကစားမယ့် ဧည့်သည် ရန်းစ် ကတော့ ခြေစွမ်းပြန်ကျနေလို့ ချဲလ်ဆီး တို့ စိတ်ကြိုက်ကစားခွင့် ရှိနေသလို အနိုင် ၃ မှတ် ရဖို့ လွယ်ကူနေတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ပူလီဆစ် ဒဏ်ရာကြောင့် ပါဝင်လာဖို့ မသေချာပေမယ့် တီမိုဝါနာ၊ ဟာကင်မ်ဇီယက်ချ်၊ ဟဒ်ဆန် အိုဒွိုင်း၊ အေဗရာဟမ်၊ မေဆင်မောင့် တို့နဲ့ ပွဲထွက်လာမယ့် ချဲလ်ဆီးတိုက်စစ်က အားစိုက်ရင် စိုက်သလောက် သွင်းဂိုး တွေ ရနိုင်တယ် ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။

 
ဧည့်သည် ပြင်သစ်ကလပ် ရန်းစ်ကတော့ ယူရိုပါလိဂ်မှာ အတွေ့အကြုံကောင်းတွေ အတန်အသင့် ရရှိထားခဲ့ပေမယ့် ချန်ပီယံလိဂ် ကိုတော့ အခုမှ ကစားဖူးတာပါ။ ပြီးခဲ့တဲ့ နှစ်ပွဲကို ပြန်ကြည့်ရင် ရန်းစ်တို့ ရုရှားကလပ် ခရက်စနိုဒါ ကို ခြေအသာနဲ့ ကစားပြီး သရေကျခဲ့ပေမယ့် ဒုတိယပွဲမှာတော့ စပိန်ထိပ်သီး ဆီဗီယာကို အသည်းအသန်ကစားပြီး ၁-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ ကစားထားရာ မှာ ၂ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ၁ပွဲပဲ အနိုင်ရထားလို့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာ ကောင်း နေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့လို့ ရာသီအစမှာ အန်ဇွန်ဇီ၊ ဒိုကု၊ ရူဂါနီ၊ ဒဲလ်ဘတ်၊ ဂိုမစ်၊ ဂိုင်ရာဆီ တို့လို ကစားသမား တွေကို ခေါ်ယူ အင်အား ဖြည့်တင်းခဲ့ပေမယ့် လူငယ်နည်းပြ ဂျူလီယန် စတီဖင်ရဲ့ ရန်းစ်ကတော့ လက်တလောမှာ တော့ နိုင်ပွဲ ရဖို့တောင် ရုန်းကန်နေရပါတယ်။ ကာမာဗင်ဂါ၊ ရူဂါနီ တို့ ဒဏ်ရာရနေတာ ကလည်း ချဲလ်ဆီးကို အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ရတဲ့ ရန်းစ်အတွက် ကျိန်းသေပေါက် ထိုးနှက်ချက် တစ်ခု ဖြစ်လာဦးမှာ သေချာပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရန်းစ်ကတော့ ယူရိုပါလိဂ်မှာ အတွေ့အကြုံကောင်းတွေ အတန်အသင့် ရရှိထားခဲ့ပေမယ့် ချန်ပီယံလိဂ် ကိုတော့ အခုမှ ကစားဖူးတာပါ။
ချန်ပီယံလိဂ် အုပ်စု E ရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ ပြင်သစ်ကလပ် ရန်းစ်

အခုပွဲစဉ်ကတော့ ချဲလ်ဆီးနဲ့ ရန်းစ် တို့ရဲ့ပထမဦးဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ရန်းစ် အချိန်ပြည့် 1X2 အိမ်ရှင် @ 1.36
နိုဝင်ဘာလ ၅ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ ဆိုရင်တော့  အိမ်ရှင်အသင်းအတွက် ၁.၃၆ ဆ၊ သရေ အတွက် ကိုတော့ ၄.၈၀ ဆ နဲ့ ဧည့်သည် အသင်းဘက်ကိုတော့ ၈.၀၀ ဆ ပေးထားတာ တွေ့ရပါတယ်။ လက်ရှိ‌ ခြေစွမ်းပိုင်းအရ ရော ဥရောပ အတွေ့အကြုံ ပိုင်းမှာ ပါသာနေတဲ့ ချဲလ်ဆီးပဲ အနိုင်ရသွားမှာပါ။ ချဲလ်ဆီး တိုက်စစ်က နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းထားတာ ကြည့်ခြင်းအားဖြင့် တိုက်စစ် ထက်မြတ်နေတယ် ဆိုတာ သိသာပါတယ်။ ဒီပွဲမှာ စတန်းဖို့ဒ်ဘရစ်ချ်ကို လာကစားမယ့် ရန်းစ်တို့ ကတော့ သရေတစ်မှတ် တောင် မျှော်လင့်ခွင့်မရှိလို့ ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီး ဘက်မှာပဲ အပြည့်အဝ ရပ်တည်လိုက်ပါ။ ချဲလ်ဆီးနဲ့ သွင်းဂိုး အများကို သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်