နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ကန်ဖို့ အသင်းကို ရှယ် အင်အားဖြည့်တင်းတော့မယ့် ဗီလာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ အသင်း ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားခဲ့တာကြောင့် အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နည်းပြ အူနိုင်း အမ်မရီက ဗီလာနဲ့ အတူ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်လိုကြောင့် ဖွင့်ဟ ထားခဲ့ပြီး ကြီးမားတဲ့ အိမ်မက်တွေ အတွက် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အခုထက် ပိုပြီး ကောင်းလာချင်တယ်၊ အိပ်မက်တွေလည်း ရှိတယ်၊ အိမ်မက်တွေကို ယုံကြည်တယ်။ ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေက ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ပါ။ ကျနော် တို့က ပြိုင်ဘက်တွေ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီလိုမျိုး တစ်ခုခုကို အောင်မြင်ဖို့ ဆိုတာ ကျွန်တော် တို့ရဲ့ အိပ်မက်ပါပဲ။ ဒါပါပဲ။” လို့ ပြောကြားသွားခဲ့တာပါ။

အူနိုင်း အမ်မရီဟာ ဒီရာသီမှာ အက်စတွန်ဗီလာကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း စာရင်းဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဗီလာ အနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်လည်း ပြန်လည် ကစားခွင့်ရခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ ရာသီသိမ်းဖို့ တစ်ပွဲ အလိုမှာပဲ စပါးက မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ရာသီဟောင်း မကုန်ခင်မှာပဲ အခုလိုမျိုး ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစား ပွဲ ၂၀ နိုင်၊ ၈ ပွဲ သရေ၊ ၁၀ ပွဲရှုံး၊ ရမှတ် ၆၈ မှတ်နဲ့ အဆင့် ၄ နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြုံးဝါး ပြီးနောက် အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ ခရစ္စတယ်ပဲလေ့စ်ကို ၅-၀ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အူနိုင်း အမ်မရီဟာ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာကို ၈၁ ပွဲ ကိုင်တွယ်ထားရာမှာ ၄၄ ပွဲနိုင်၊ ၁၆ ပွဲ သရေ၊ ၂၁ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေခဲ့တာ ဖြစ်ပါတယ်။ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာဟာ ဒီရာသီမှာလည်း ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဗီလာဟာ ရာသီသစ် အတွက် အခုထဲက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ကစားသမား အင်အားဖြည့်တင်းမှု အနေနဲ့ တန်းဆင်းသွားတဲ့ လူတန် ကစားသမား ရော့စ် ဘာကလေ အပြင် ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟို ကိုပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာကလေဟာ အဲဗာတန်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သလို ဗီလာ မှာလည်း ကစားခဲ့ဖူးတာကြောင့် ဝါရင့် ကွင်းလယ်လူ တစ်ဦး ရှာဖွေနေတဲ့ ဗီလာ အတွက်တော့ အံကိုက်ဖြစ်နေတာပါ။ ဘာကလေဟာ အသက်ရွယ် ရလာပေမယ့် ခြေစွမ်းပြနေဆဲ ဖြစ်တာကြောင့် နည်းပြ အမ်မရီရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်တယ်လို့လည်း သိရပါတယ်။တစ်ဖက်မှာတော့ အက်စတွန်ဗီလာ အနေနဲ့ ဘာစီလိုနာ ဗဟိုခံစစ်မှူး အာရူဟိုကို အရခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက များပြားတာကြောင့် ဗီလာတို့ ပြောင်းရွှေ့ကြေး တစ်ခုနဲ့ အတူ ကစားသမား အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ အာရူဟို ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတာ ကြာပြီ ဖြစ်ပြီး ဘေယန်မြူးနစ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေ ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်