နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (C) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

ဒီကနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (C) မှာတော့ နာပိုလီတို့ သရေကျခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ နိုင်ပွဲဆက်ခဲ့ပါတယ်။


အိမ်ကွင်းမှာ သရေကျခဲ့တဲ့ နာပိုလီ

နာပိုလီ ၁-၁ ယူနီယံဘာလင်

နာပိုလီတို့ ဂျာမန်မြေမှာတုန်းက ယူနီယံဘာလင်ကို အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာတော့ သရေသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားပြီး ဂိုးပေါက် ကန်ချက် ၂၇ ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၅ ကြိမ်သာ ရှိခဲ့တဲ့ အထိ အဆုံးသတ် အားနည်းခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ ၁၀ ပွဲကျော်ကျော်လောက် နိုင်ပွဲ ပျောက်တဲ့အထိ ရုန်းကန်နေရတဲ့ အသင်းကို အိမ်ကွင်းမှာ ကစားပြီး အနိုင်မကန်နိုင်တာ ကတော့ နာပိုလီ အတွက် ဆိုးရွားတဲ့ ခြေစွမ်းလို့ပဲ ပြောရမှာပါ။ နာပိုလီ အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၉ မိနစ်မှာ ပိုလီတာနိုက သွင်းယူပေးခဲ့ပြီး ယူနီယံဘာလင် အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ ဖိုဖာနာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


အိမ်ကွင်းမှာ ဘရာဂါကို ဂိုးပြတ်သွင်းပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက်တက်ခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ် ၃-၀ ဘရာဂါ

ဒီအခြေအနေအရ နာပိုလီ တို့ပဲ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး အခြေအနေ ကောင်းနေပေမယ့် သင်္ချာနည်းအရတော့ ဘရာဂါ ကလည်း ဖြစ်နိုင်ချေ ရှိနေပါသေးတယ်။
လက်ကျန် ပွဲစဉ်တွေမှာ ရမှတ် အနည်းငယ် ရရုံနဲ့ ရှုံးထွက် တက်နိုင်မယ့် နာပိုလီ

ရီးရဲလ်မက်ဒရစ် ကတော့ ရီးရဲလ်မက်ဒရစ်ပါပဲ။ ဘရာဂါကို အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားပြီး ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အန်ဆယ်လော့တီ အနေနဲ့ ရိုဒရီဂိုနဲ့ ဗင်နီးစီးယပ်စ်ကို တိုက်စစ်မှာ အထောင်ထားပြီး ဒီးရာ့ဇ်၊ ကာမာဗင်ဂါ၊ ခရူးစ်၊ ဗယ်ဗာဒီ၊ ရူဒီဂါ၊ ဖာနန်ဒက်စ် တို့နဲ့ ပွဲထွက်စေခဲ့သလို တစ်ဖက်က ဘရာဂါ ကလည်း ဒဏ်ရာပြသနာ ကင်းရှင်းနေလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ရီးရဲလ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲချိန်တချို့မှာ ဘရာဂါတို့ ရီးရဲလ်ကို သူတင် ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် သမ္ဘာနဲ့ ဝါက ကွာဟချက် ကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ် အတွက် ဂိုးတွေ ကိုတော့ ဘရာဟင်မ် ဒီးရာ့ဇ်၊ ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
လီဗာပူးလ်
ဘရန့်ဖို့ဒ်
ဂိုး‌ပေါ်် 3.25 @ 1.99
ဂိုးပေါင်း 2-3 @ 2.18
1X2 သရေ (Draw) @ 4.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီအုပ်စုရဲ့ လက်ရှိ ရပ်တည်မှုကို ကြည့်ရင် ရီးရဲလ်မက်ဒရစ်က ရမှတ် ၁၂ မှတ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်မှာတော့ နာပိုလီက ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဘရာဂါက ၃ မှတ်၊ ယူနီယံဘာလင် ကတော့ ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ဒီအခြေအနေအရ နာပိုလီ တို့ပဲ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး အခြေအနေ ကောင်းနေပေမယ့် သင်္ချာနည်းအရတော့ ဘရာဂါ ကလည်း ဖြစ်နိုင်ချေ ရှိနေပါသေးတယ်။ ယူနီယံဘာလင် ကတော့ ဒီအဆင့်နဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေကို သိက္ခာပိုင်း အရပဲ ကစားရတော့မှာ ဖြစ်လို့ ဒီအုပ်စု ကတော့ သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းတော့တာ အမှန်ပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်