နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (B) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယနေ့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (B) မှာတော့ အိမ်ရှင် အသင်းတွေ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။


နှစ်ပွဲဆက် အရှုံးကနေ ပြန်လာနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၂-၀ ဆီဗီလာ

ဒီနိုင်ပွဲနဲ့ အတူ အာဆင်နယ် ဟာ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ သင်္ချာနည်း အရ ယတိပြတ် ပြောလို့ မရသေးပေမယ့် မီခဲလ် အာတေးတးရဲ့ အသင်း အနေနဲ့ လက်ကျန် အုပ်စု (၂) ပွဲမှာ အနည်းဆုံး သရေ (၁)မှတ် ရရုံနဲ့ နောက်တဆင့်ကို သေချာပေါက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာတော့ အာဆင်နယ်တို့ ထရော့ဆက်ဒ်၊ မာတင်နယ်၊ ဆာကာ တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ရိုက်စ်နဲ့ ဟာဗက်ဇ် တို့ကို ခင်းကျင်းခဲ့ပါတယ်။ ခံစစ် မှာတော့ ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ တိုမီယာဆုနဲ့ ဂိုးမှာတော့ ရာယာပဲ ပွဲထွက်လာခဲ့ပါတယ်။ ဆီဗီလာ ဘက်မှာတော့ အဓိက နောက်ခံလူ ရာမို့စ် ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်း မရှိသလို မကာအိုနဲ့ ပက်စတာ တို့လည်း လွဲခဲ့ပါတယ်။ ပွဲစဉ်နဲ့ ပတ်သတ်လို့ အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ အာဆင်နယ်တို့ တစ်ပွဲလုံး တစ်ဖက်သတ် စိုးမိုးထားနိုင်ပြီး တစ်သင်းလုံးနီးပါး ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ဆီဗီလာတို့ တစ်ပွဲလုံး ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ပြိုင်ဘက် ဂိုးပေါက်ကို ၁ ကြိမ်သာ ကန်ခွင့်ရခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဆာကာ ကတော့ ဒီနေ့ပွဲ အတွက် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး အထောင် တိုက်စစ်မှူး အဖြစ် ကစားခဲ့တဲ့ ထရော့ဆက်ဒ်လည်း ခြေစွမ်းပြခဲ့ပြီး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်
အာဆင်နယ်
ဘန်လေ
1X2 သရေ (Draw) @ 5.80
ဂိုးပေါ် 3.25 @ 2.02
ဂိုးပေါင်း 2-3 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အရေးကြီးတဲ့ ပွဲမှာ အနိုင် ၃ မှတ် အပြည့်ယူနိုင်ခဲ့တဲ့ ပီအက်စ်ဗွီ

ပီအက်စ်ဗွီ ၁-၀ လန်းစ်

နောက်တစ်ဆင့် တက်ရေး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် နှစ်သင်းစလုံး အားစိုက်သွားခဲ့ကြပြီး အဆုံးသတ် သေချာတဲ့ အသင်း အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရသွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီတို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လန်းစ်ရဲ့ ပုံစံကောင်း တစ်ခုကြောင့် အပြန်အလှန် ရှိခဲ့ပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အပြန်အလှန် ပြုလုပ်နိုင်ခဲ့ကြပြီး အိမ်ရှင်တို့ အတွက် တစ်လုံးတည်းသော သွင်းဂိုးကို တိုက်စစ်မှူး လုခ် ဒီယောင်က ရယူပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ ပီအက်စ်ဗွီနဲ့ လန်းစ်ဟာ ၅ မှတ်စီ ရထားတာကြောင့် ဘယ်အသင်း ချန်ပီယံလိဂ် ရှုံးထွက် ရောက်သွားမလဲ ဆိုတာ ပြောရခက်နေပါသေးတယ်။
လန်းစ်ကို ဒုတိယအကျော့မှာ အနိုင်ကစားခဲ့တဲ့ ပီအက်စ်ဗွီ

ဒီအုပ်စုရဲ့ လက်ရှိ ရပ်တည်မှုကို ကြည့်ရင် အာဆင်နယ်က ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ချန်ပီယံလိဂ် ရှုံးထွက် တက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် လက်ကျန် ၂ ပွဲမှာ အမှတ်ရဖို့ လိုအပ်ပါတယ်။ လက်ရှိ အခြေအနေအရ ပီအက်စ်ဗွီနဲ့ လန်းစ်ဟာ ၅ မှတ်စီ ရထားတာကြောင့် ဘယ်အသင်း ချန်ပီယံလိဂ် ရှုံးထွက် ရောက်သွားမလဲ ဆိုတာ ပြောရခက်နေပါသေးတယ်။ နှစ်သင်းစလုံး လက်ကျန် ၂ ပွဲမှာ အာဆင်နယ်၊ ဆီဗီလာ တို့နဲ့ ကန်ရဦးမှာ ဖြစ်ပြီး နောက်ဆုံး အချိန်ထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်