နာမည်ကျော် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အခုရာသီ ချန်ပီယံလိဂ်မှာ သူ့ရဲ့ လာလီဂါ ကလပ်ဟောင်း ရီးရဲလ်မက်ဒရစ် ထပ်မံ ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အထိ ရရှိခဲ့တဲ့ ရော်နယ်ဒိုက သူ့ရဲ့ အသင်းဟောင်းကို ချီးကျူးစကား ပြောကြားရင်း အခုလို ခန့်မှန်းလိုက်တာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုက “ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလုပွဲတွေ ကနေ ဘယ်တော့မှ ထုတ်ပစ်လို့ မရပါဘူး။ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ် ထပ်မံ ဗိုလ်စွဲမယ် ဆိုတဲ့ ဘက်က ကျွန်တော် လောင်းချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ဖို့ အသင်းတိုင်း ကြောက်ရွံ့ကြရလို့ပါပဲ။ ရီးရဲလ်မက်ဒရစ်က ခြေစွမ်း ယိမ်းယိုင်နေရင်တောင် အမြဲတမ်း ပြန်လာနိုင်တာကြောင့် ဒီရာသီ မှာလည်း သူတို ချန်ပီယံလိဂ် ရမယ့် ဘက်က ကျွန်တော် လောင်းဦးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုက ပြီးခဲ့တဲ့ ရက်က ကျင်းပခဲ့တဲ့ Globe Soccer Award ပွဲမှာလည်း ဖီဖာက ချီးမြှင့်တဲ့ ဘယ်လွန်ဒေါဆုနဲ့ ပတ်သတ်လို့ ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့ကို ချီးကျူးစကားတွေ ဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ဘယ်လွန်ဒေါ ဆုပေးပွဲကို သပိတ်မှောက်ကာ တက်ရောက်ခဲ့ခြင်း မရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တစ်သင်းလုံး ကလည်း Globe Soccer Award ကိုတော့ တက်ရောက်ကာ ဆုတွေ အသီးသီး ရယူခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကတော့ ပြိုင်ပွဲဝင် အသင်း ၃၆ သင်း အထိ တိုးမြှင့်ကာ League Phase ပုံစံမျိုးနဲ့ အသစ် ပြောင်းလဲ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲ ကျင်းပလိုက်ချိန် မှာတော့ ရီးရဲလ်မက်ဒရစ်က တော်တော်လေး ရုန်းကန်နေရပြီး လိဂ် အဆင့် ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာတော့ ရမှတ် ၉ မှတ်သာ ရရှိထားပြီး အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ကာလို အန်ဆယ်လော့တီရဲ့ အသင်းက ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့တော့ ရုန်းကန်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ အတ္တလန္တာကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဆဲလ်ဘာ့ဂ်၊ ဘရတ်စ် တို့နဲ့ ကစားရမယ့် လာမယ့် ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲ ကိုတော့ ကျိန်းသေပေါက် အနိုင်ရဖို့ လိုအပ်နေပြီး ဒါမှသာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က လာလီဂါ ပြိုင်ပွဲ မှာတော့ ရလဒ်တွေ ပြန်လည် ကောင်းမွန်နေပြီးတော့ အမှတ်ပေးဇယား ထိပ်က အက်တလက်တီကိုမက်ဒရစ်နဲ့လည်း တစ်မှတ်သာ ကွာဟနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.