နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲပြီးသုံးသပ်ချက် | လစ်ဗာပူးလ် ၂-၁ အေဂျက်စ် (ချန်ပီယံလိဂ်)

လစ်ဗာပူးလ် ၂-၁ အေဂျက်စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု (A) ပွဲစဉ် (၂) မှာတော့ လစ်ဗာပူးလ်တို့ အေဂျက်စ်ကို အန်ဖီးလ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နာပိုလီကို ဂိုးပြတ် အရေးနိမ့်ထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပွဲထက် ပိုပြီး အားစိုက်ခဲ့ကြပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပြီး မက်တစ်ပ်ရဲ့ နောက်ကျဂိုးကြောင့်သာ အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ၄-၃-၃ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် လစ်ဗာပူးလ်ရဲ့ တိုက်စစ်မှာ ဂျိုတာ၊ ဆာလာနဲ့ ဒီရာ့ဇ်၊ ကွင်းလယ်မှာ ဖာဘင်ဟို၊ သီယာဂို၊ အဲလီယော့တ်နဲ့ ခံစစ်မှာတော့ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ ဆီမီကတ်စ်၊ အာနိုးလ်နဲ့ ဘက်ကာ တို့ ပါဝင်လာခဲ့ပါတယ်။ အေဂျက်စ် ကလည်း ကူဒက်စ်၊ ဘာ့ဂျ်ဝင့်၊ တာဒစ် တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ အဲလ်ဗာရက်ဇ်၊ ဘက်ဂျ်ဟျူးစ်၊ တင်ဘာ၊ ဘလိုင်း၊ ပက်စ်ဗီယာ တို့လို အမာခံတွေနဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။

ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ရိန်းဂျားစ်ကို ဂိုးပြတ် အနိုင်ရထားတဲ့ အေဂျက်စ် ကတော့ ရှုံးပွဲ တွေ့သွားခဲ့လို့ အဆင့် ၃ နေရာ အထိ ဆင်းခဲ့ရပါတယ်။
ချန်ပီယံလိဂ် အုပ်စု (A) တတိယနေရာကို ရောက်ရှိသွားတဲ့ အေဂျက်စ်

လစ်ဗာပူး အတွက် အဖွင့်ဂိုး ကိုတော့ ၇ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင် ဖြစ်နေတဲ့ ဆာလာ က ပွဲချိန် ၁၇ မိနစ်မှာ ဂျိုတာရဲ့ ဖန်တီး ပေးပို့မှုက တစ်ဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အေဂျက်စ်တို့ တိုက်စစ် မြှင့်လာခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာ တိုက်စစ်မှူး ကူဒက်စ်က အပြင်းကန်သွင်းကာ ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာခဲ့ပြီး အပြန်အလန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။  ပွဲချိန် ၈၉ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရသွားခဲ့ပြီး မက်တစ်ပ် ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ 


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ ဂိုးပေါက် ကန်ချက် ၂၄ ကြိမ် ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၁၀ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အေဂျက်စ် ကတော့ လစ်ဗာပူးလ်ကို ၃ ကြိမ်သာ ကန်ခွင့်ရခဲ့ပြီး ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ အဘက်ဘက်မှာ သိသိသာသာ အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားရတဲ့ပွဲ ဖြစ်သလို အဖွင့်ပွဲမှာ နာပိုလီကို ဂိုးပြတ် အရေးနိမ့်ထားတာကြောင့်လည်း အခုပွဲမှာ အသည်းအသန် ရုန်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းအရ ဆိုရင်တော့ လစ်ဗာပူးလ်တို့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးသလို အေဂျက်စ် ခံစစ်က အတတ်နိုင်ဆုံး အမှားနည်းနည်းနဲ့ ကစားနိုင်ခဲ့တာကြောင့်လည်း ၂-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့သွားခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လိုက်ဇစ်
1X2 သရေ (Draw) @ 4.60
ဂိုးပေါ် 3.00 @ 1.84
ဂိုးပေါင်း 0-1 @ 5.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် အုပ်စု (A)ရဲ့ အုပ်စု ဒုတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ရိန်းဂျားစ်ကို ဂိုးပြတ် အနိုင်ရထားတဲ့ အေဂျက်စ် ကတော့ ရှုံးပွဲ တွေ့သွားခဲ့လို့ အဆင့် ၃ နေရာ အထိ ဆင်းခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး အေဂျက်စ် ကတော့ စက်တင်ဘာ ၁၈ ရက်မှာ အေဇက် အဲလ်ခမာနဲ့ နယ်သာလန် ပြည်တွင်းလိဂ် ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်