နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဗိုလ်လုပွဲ လွဲမယ့် ချူအာမန်နီ ယူရို ကစားဖို့လည်း မသေချာ | ချန်ပီယံလိဂ်

ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အော်ရီလီယန် ချူအာမန်နီဟာ ခြေဖဝါး ဒဏ်ရာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ် ကွင်းလယ်လူဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကိုလည်း ပါဝင်ကစားနိုင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ် ကြယ်ပွင့်ဟာ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားထားပြီး အခုလ အစောပိုင်းက ဘေယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဇွန်လ ၁ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်က ဘက်တစ်နဲ့ လာလီဂါ နောက်ဆုံး ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဒီပွဲမတိုင်ခင် ချူအာမန်နီရဲ့ ဒဏ်ရာနဲ့ ပတ်သတ်လို့ အတော်လေးကို ပြင်းထန်ကြောင်း နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီက အတည်ပြုလာခဲ့တာ ဖြစ်ပါတယ်။

“သူဟာ တစ်ဦးတည်း လေ့ကျင့်ခန်းတွေ ဆင်းနေပေမယ့် (ချန်ပီယံလိဂ်) ဗိုလ်လုပွဲ အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ နောက်ပြီး သူ့အနေနဲ့ ယူရိုပြိုင်ပွဲ အတွက် အဆင်သင့်ဖြစ်ပါ့မလား ဆိုတာလည်း စောင့်ကြည့်ရမှာပါ။” လို့ အန်ဆယ်လော့တီက သတင်းထောက်တွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် ကတော့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် ၂၅ ဦး စာရင်း ထုတ်ပြန်ရာမှာတော့ ချူအာမန်နီကို ထည့်သွင်း ရွေးချယ်ထားခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် အန်ဆယ်လော့တီ အနေနဲ့ ကွင်းလယ်ပိုင်းမှာ တိုနီ ခရူးစ် ကိုပဲ ပွဲထုတ်လာဖို့ ရှိပြီး ဒါဟာ ဂျာမန် ဝါရင့် ကွင်းလယ်လူ အတွက် နောက်ဆုံး နှုတ်ဆက်ပွဲလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ တိုနီ ခရူးစ်က သူ့ အနေနဲ့ မိသားစု ကို အချိန်ပေးချင်တာကြောင့် ယူရို ၂၀၂၄ အပြီးမှာ ဘောလုံးကစားခြင်း ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၁၀ နှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် ဖလား ၄ ကြိမ်တိုင်တိုင် ကိုင်မြှောက်နိုင်ခဲ့ပြီး ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားထားတဲ့ ခရူးစ်ဟာ လာလီဂါ ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စူပါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ယူအီးအက်ဖ်‌အေ စူပါဖလား ၃ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၅ ကြိမ် အထိ ရရှိထားပါတယ်။

အသင်းဟောင်း ဘေယန်မြူးနစ် မှာတော့ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၃ ကြိမ်၊ ဂျာမန် စူပါဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူအီးအက်ဖ်‌အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်စီ ကိုင်မြှောက်ထားနိုင်ပါတယ်။

ခရူးစ်နဲ့ ပတ်သတ်လို့ အန်ဆယ်လော့တီက “ဒါဟာ သူ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ကျွန်တော် မထင်ပါဘူး။ ဝါရင့် ကစားသမားတွေ၊ ဂန္တဝင် ကစားသမားတွေ ကတော့ သူတို့ရဲ့ ကံကြမ္မာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တိုနီ က အဲဒီလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဒါကို လေးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အကောင်းဆုံး နှုတ်ဆက်ရမယ်၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ ဒီလို နှုတ်ဆက်လိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။ အဲဒါကို လုပ်ရဲတဲ့ သတ္တိရှိရမယ်၊ သူလုပ်ခဲ့တာတွေကို ကျွန်တော် လေးစားမှု အပြည့် ရှိပါတယ်။”

“သူ့လိုလူ နေရာမှာ အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ၊ ဒါပေမယ့် ဒီအသင်းမှာ လူငယ် အရင်းအမြစ်တွေ ရှိနေပြီး သူတို့ အနေနဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ချမှတ်ထားတဲ့ လမ်းကြောင်း အတိုင်း လိုက်လျှောက်နိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်