ဘေယန်မြူးနစ် ၃ – ၀ ဘာစီလိုနာ
အလိုင်းယန့်ဇ်အရီနာမှာ ဘေယန်မြူးနစ်ကို ၃ ဂိုးပြတ် ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာတို့ ဒီနှစ် ချန်ပီယံလိဂ် မှာတော့ အုပ်စု အဆင့် နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဒါဟာ ဥရောပ ချန်ပီယံဆုကို ၅ ကြိမ် ပိုင်ဆိုင်ထားတဲ့ ကတ်တာလန် ထိပ်သီး အနေနဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် အုပ်စု အဆင့်နဲ့ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အားလုံး အနိုင်ရထားတဲ့ နေဂဲလ်စ်မန်းရဲ့ အသင်းက ဒီနေ့ပွဲ မှာလည်း ရာနှုန်းပြည့် နိုင်ပွဲ ဆက်ရေး လူစုံတက်စုံနဲ့ ဘာစီလိုနာကို ရင်ဆိုင်သွားခဲ့ပါတယ်။ အမှတ် လိုအပ်ချက် ရှိနေတဲ့ ဘာစီလိုနာ ကလည်း အဓိက ကစားသမား အစုံအလင်နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပြီး ဂျာမန်မြေမှာ ရလဒ်ကောင်း ရှာဖွေနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်မှာ နည်းပြ ဇာဗီက ဘေယန်ကို ဂျာမန်မြေမှာ အနိုင်ယူမယ်လို့ ကြုံးဝါးထားခဲ့တာကြောင့် ပရိသတ်တွေ အနေနဲ့ ရလဒ်ကောင်း တစ်ခုကို မျှော်လင့်နေခဲ့ကြတာ ဖြစ်ပါတယ်။v ဒါပေမယ့်လည်း ခန့်မှန်းသုံးသပ်သူ အများစု ကြိုတင် တွက်ဆထားခဲ့သလိုပဲ ဘာကာတို့ ဘေယန်မြူးနစ်ကို အဘက်ဘက်က မယှဉ်နိုင်ခဲ့လို့ ပထမ အကျော့တုန်း ကလိုပဲ ၃-၀ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါတောင် အိမ်ရှင် အသင်းမှာ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ ဂနာဘရီ တို့လို ကစားသမားကောင်းတွေ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘေယန်မြူးနစ် အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ သောမက်စ်မူလာ၊ ၄၃ မိနစ်မှာ လီရွိုင်း ဆာနေး၊ ၆၂ မိနစ်မှာ မူဆီရာလာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အထွေအထူး သုံးသပ်စရာတော့ မရှိပါဘူး။ အထည်ကြီးပျက် အသင်းနဲ့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်းတို့ တွေ့ဆုံတဲ့ ပွဲဖြစ်လို့ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အတွက် ကတော့ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်တွေနဲ့ ရှုံးထွက်အဆင့်ကို လွဲချော်ခဲ့ရတာ ဖြစ်လို့ စိတ်မကောင်းစရာပေမယ့် တစ်ဖက်မှာ ဘေယန်မြူးနစ် ကတော့ စံချိန်သစ်တွေ ယူပြီးရင်း ယူနေဆဲ ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ အုပ်စု ပွဲစဉ် ရာနှုန်းပြည့် အနိုင်နဲ့ ရှုံးထွက် တက်သွားတဲ့ အသင်း ၃ သင်းသာ ရှိပြီး လစ်ဗာပူးလ်၊ အေဂျက်စ်နဲ့ ဘေယန်မြူးနစ်တို့ ဖြစ်ပါတယ်။ အဲဒီ ၃ သင်း ထဲကမှ ၂၂ ဂိုး ရပြီး ပေးဂိုး ၃ ဂိုးပဲ ရှိခဲ့တဲ့ ဘေယန်မြူးနစ်ဟာ ဒီနှစ် ချန်ပီယံလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲ ကစားရာမှာ ၂ ဂိုးသာ ရခဲ့ပြီး ပေးဂိုး ၉ ဂိုး အထိ ရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး စွမ်းဆောင်ရည်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အနေနဲ့ ဘေယန်မြူးနစ်ကို နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်စလုံး အရှုံးပေးခဲ့ရတာ ဖြစ်ပြီး ပေးဂိုး ၁၄ ဂိုး၊ ရဂိုး ၄ ဂိုး ဆိုတဲ့ အချက်ကြောင့် အသင်း ပရိသတ်တွေ အနေနဲ့ ပိုပြီး စိတ်ပျက်ခဲ့ကြရတယ် ဆိုရင်လည်း မမှားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.