ချဲလ်ဆီး – ဒေါ့မန်
ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ ဒေါ့မန်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြို အချက်အလက်နဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့ …
ပထမအကျော့ ဒေါ့မန် အိမ်ကွင်းမှာတုန်းက ချဲလ်ဆီးတို့ အရေးနိမ့်ထားတယ် ဆိုပေမယ့် ၁ ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်လို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေး မျှော်လင့်ချက်က အပြည့်အဝ ရှိနေဆဲပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့လို့လည်း ကစားသမားတွေ အနေနဲ့ ယုံကြည်မှု ပြန်ရနေလောက်ပါပြီ။ ဂရေဟမ် ပေါ်တာရဲ့ ပြောပုံ အရ ဆိုရင် အခုပွဲ မှာလည်း သူတို့ လိုချင်တဲ့ ရလဒ် တစ်ခု အတွက် အသေအချာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တိုက်စစ်က ဂိုး ၁ ဂိုး ရဖို့ အသည်းအသန် ကန်နေရဆဲ ဖြစ်ပြီး ဒေါ့မန်ရဲ့ မာကျောတဲ့ ခံစစ်ကြောင့်တော့ ချဲလ်ဆီးတို့ ဂိုးရဖို့ သေချာပေါက် ရုန်းကန်ရဦးမှာပါ။
ဒေါ့မန် ကတော့ ခြေစွမ်း တော်တော်လေး ထက်မြတ်နေပြီးတော့ နောက်ဆုံး ၁၂ ပွဲဆက် အနိုင်ရထားပါတယ်။ ခြေစွမ်း ကောင်းနေသလို ရလဒ်တွေ ကောင်းနေတာကြောင့် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး ရောက်နေပြီး ဘယ်လို ပြိုင်ဘက်မျိုးကို မဆို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။ နောက်တစ်ဆင့် တက်ရေး အတွက် ဒေါ့မန်တို့ ချဲလ်ဆီးထက် အခွင့်အရေး အနည်းငယ် ပိုရှိနေပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ နိုင်ထားတာကြောင့် စိတ်တော့ မချရသေးပါဘူး။ နောက်ပြီး အိမ်ရှင် အသင်းရဲ့ ပရိသတ် ရှေ့မှာ ကစားရမှာ ဖြစ်လို့ ဒေါ့မန်တို့ တတ်နိုင်သမျှ အမှားမလုပ်မိဖို့ အရေးကြီးပါတယ်။ အနိမ့်ဆုံး သရေ ကန်နိုင်တာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ဒီအခွင့်အရေးကို ဒေါ့မန်တို့ အသုံးချနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
နှစ်ဘက်စလုံး မှာတော့ ဒဏ်ရာရ ကစားသမားတွေ များနေပေမယ့် လူစာရင်း တောင့်တဲ့ အသင်းတွေ ဖြစ်တာကြောင့် သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။ ဒီပွဲ ကိုတော့ ချဲလ်ဆီး ဘက်က မောင့်၊ အက်ဇ်ပီလီကွယ်တာ၊ မန်ဒီ၊ ကန်တေ၊ ဆေးလ်ဗားနဲ့ ဘရိုဟာ တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒေါ့မန် ကလည်း အဒီယီမီ၊ မူကိုကို တို့လို အားကိုးရတဲ့ လူငယ်ကြယ်ပွင့်တွေ မပါပဲ ချဲလ်ဆီးကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချဲလ်ဆီး – ကီပါ၊ ကူလီဘလီ၊ ဖိုဖာနာ၊ ချာလိုဘာ့ရ်၊ ဖာနန်ဒက်ဇ်၊ ကိုဗာချစ်၊ ဂျိမ်းစ်၊ ချေးဝဲလ်၊ ဖီးလစ်၊ စတာလင်၊ ဟာဗက်ဇ်
ဒေါ့မန် – ကိုဘယ်၊ ဇူလာ၊ ရှလော့တာဘက်ခ်၊ ဝုဖ်၊ ဂွာရဲရိုး၊ ချန်၊ အော့ဇ်ကန်၊ ဘယ်လင်ဟမ်၊ ရိုက်စ်၊ ဘရန့်တ်၊ ဟော်လာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အခုနှစ် ချန်ပီယံလိဂ်မှ ပထမဦးဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။ ပထမအကျော့ ဂျာမန်မြေမှာ အကြိတ်အနယ် ကစားခဲ့ကြရပြီး အဒီယီမီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဒေါ့မန်တို့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ပြီးခဲ့တဲ့ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရခဲ့ပေမယ့် ဒေါ့မန် ကတော့ ၁၂ ပွဲဆက် နိုင်ထားပြီး အဝေးကွင်း နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၁.၉၂ ဆ ရမှာ ဖြစ်ပြီး ဒေါ့မန် နိုင်ရင်တော့ ၃.၅၅ ဆ ရမှာပါ။ Handicap မှာလည်း အိမ်ရှင် ချဲလ်ဆီး ဘက်ကပဲ အကျောပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ချဲလ်ဆီးက နိုင်ပွဲ ပြန်ရခဲ့ပြီ ဆိုပေမယ့် ယုံကြည်ရလောက်တဲ့ ခြေစွမ်းမျိုး မမြင်ရသေးပါဘူး။ ဒေါ့မန်တို့ အဘက်ဘက်မှာ အမြင့်ဆုံး ရောက်နေချိန်မှာတောင် ဒီလို ကြေးမျိုးဖွင့်ထားတာက ဒွိဟ ဖြစ်စရာပါ။ ကျနော် ကတော့ ဒေါ့မန် မရှုံးအောင် ကစားမယ် ထင်ပါတယ်။ သေချာတာ ကတော့ ချဲလ်ဆီးရဲ့ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရဦးမှာပါ။ အဲ့တော့ ဖြစ်နိုင်ချေ ပိုများတဲ့ ဂိုးအောက်ကို အဓိက ရွေးချယ်စေချင်ပြီး စိတ်ပါရင်တော့ သရေ ရလဒ်နဲ့ စွန့်စားကြည့်ဖို့ ပြောချင်ပါတယ်။
ခန့်မှန်းရလဒ်
ချဲလ်ဆီး ၀-၀ ဒေါ့မန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.