နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးထွက်မတက်တော့ပေမယ့်ဘက်ဆစ်တပ်ကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့ဒေါ့မန် (ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

ဒေါ့မန် ၅ – ၀ ဘက်ဆစ်တပ်

ဒေါ့မန် ကတော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်ရေး မျှော်လင့်ချက် ကုန်ဆုံးခဲ့ပြီးဖြစ်ပေမယ့် ဘက်ဆစ်တပ်ကိုတိုက်စစ် ခြေစွမ်းပြပြီးဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။အသင်းရဲ့ အဓိကဂိုးသွင်းစက် အာလင်းဟာလန်းပါတဲ့ ပွဲဆိုရင် တိုက်စစ် ထက်မြတ်လွန်းတဲ့ ဒေါ့မန်တို့ အိမ်ကွင်းမှာ ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းနဲ့ ရမှတ် ၉ မှတ်စီတူညီခဲ့ပေမယ့် ဂိုးကွာခြားချက်အရအဆင့် ၃ နေရာကနေယူရိုပါလိဂ်ကိုဆင်းပြီးယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒေါ့မန်အတွက်လှပတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့တော့မလုံလောက်ခဲ့ပါဘူး။
လာမယ့်ဖေဖော်ဝါရီလမှာယူရိုပါလိဂ်၃၂သင်းအဆင့်ကစားရမယ့်ဒေါ့မန်

ဒီပွဲမတိုင်ခင် သင်္ချာနည်းအရအိမ်ရှင် ဒေါ့မန်တို့ ရှုံးထွက်တက်ရေး မျှော်လင့်ချက် ရှိနေသေးပေမယ့် ဖြစ်နိုင်ချေရာခိုင်နှုန်းအရမ်းနည်းသလိုဧည့်သည် ဘက်ဆစ်တပ် ကလည်း မျှော်လင့်ချက် လုံးဝမရှိတော့တဲ့ အသင်းဖြစ်လို့ ပရိသတ် စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲဒေါ့မန် တိုက်စစ်ရဲ့ ခြေစွမ်းပြမှုနဲ့ သွင်းဂိုးတွေအများကြီးမြင်တွေ့ခဲ့ရပါတယ်။ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာပြီး Pressing Game ကစားဖို့ ရည်ရွယ်လာတဲ့ မာကိုရို့စ်ရဲ့ နည်းဗျူဟာကအလုပ်ဖြစ်ခဲ့ပြီးဧည့်သည် ဘက်ဆစ်တပ်ကိုအဘက်ဘက်ကအသာစီးနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကလူငယ် ကစားသမားတွေဖြစ်တဲ့ ဒါဟောက်၊ ဘယ်လင်ဂမ် တို့ရဲ့ အတိုးအလှုပ်တွေနဲ့ ဖန်တီးမှုတွေနဲ့ မာလန်၊ မာကိုရိုက်စ်နဲ့ ဟာလန်းတို့ရဲ့ အဆုံးသတ် သေချာမှုတွေကဒေါ့မန်ရဲ့ နိုင်ပွဲအတွက် အဓိကကျခဲ့တာဖြစ်ပါတယ်။ဒေါ့မန် အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၉ မိနစ်မှာမာလန်၊ ၄၅ မိနစ်နဲ့ ၅၃ မိနစ် တို့မှာမာကိုရိုက်စ်၊ ၆၈ မိနစ်နဲ့ ၈၁ မိနစ်မှာအာလင်းဟာလန်းတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒေါ့မန် အတွက် လှပတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။ ဟာလန်းပါတဲ့ ပွဲဆိုရင် တိုက်စစ်ကပြီးပြည့်စုံပြီးထက်မြက်ပေမယ့် မပါတဲ့ ပွဲဆိုရင်တော့ မာကိုရိုက်စ် ကိုပဲအားကိုးနေရတာကတော့ ဒေါ့မန် အတွက် ရေရှည်မှာပိုပြီးခက်ခဲစေနိုင်ဦးမယ့် အခြေအနေဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ် နော်ဝေတိုက်စစ်မှူးဟာလန်းကတော့ချန်ပီယံလိဂ် ၁၉ ပွဲကစားပြီးချိန်မှာ ၂၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်သလိုသူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်အထိရှိတယ် ဆိုတာကိုအလုပ်နဲ့ သက်သေပြခဲ့တဲ့ နောက်ထပ် ပွဲတစ်ပွဲလို့ပဲဆိုရမှာဖြစ်ပါတယ်။ဘက်ဆစ်တပ်စ် ကတော့ ဒီနှစ်ချန်ပီယံလိဂ်အုပ်စု (C)ရဲ့ အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အတိုင်း ၆ ပွဲကစား၊ ၆ ပွဲစလုံးရှုံးနိမ့်ပြီးအုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဒေါ့မန်တို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာဘိုချမ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားဖို့ ရှိပြီးဘက်ဆစ်တပ် ကတော့ ကေဆီရီစပေါနဲ့ တူရကီအမှတ်ပေးပြိုင်ပွဲကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်