နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်တို့ ဂျာမန်မြေ မှာတော့ ဘယ်လိုနည်းနဲ့မှ အမှားခံမှာ မဟုတ်ဘူး | ဘေယန်မြူးနစ် – ဆဲလ်ဘတ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ဆဲလ်ဘတ်

အခုတစ်ပတ် ကြားရက်မှာတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘေယန်မြူးနစ်တို့ ဆဲလ်ဘတ်ကို အိမ်ကွင်း အလိုင်းရန့်ဇ် အရီနာ မှာ ဧည့်ခံရမှာလည်း ဖြစ်ပါတယ်။ ပထမအကျော့ ဆဲလ်ဘတ် အိမ်ကွင်းမှာ ကင်စလေ ကိုမန်ရဲ့ နောက်ကျ ချေပဂိုးကြောင့် ကံကောင်းခဲ့ရတဲ့ ဘေယန်မြူးနစ်တို့ အများစု ခန့်မှန်းထားသလိုမျိုး ဂျာမန်မြေမှာ လွယ်လွယ်ကူကူ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လာလီဂါ
အက်တလက်တီကို
ကာဒပ်ဇ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းလာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ၁၈ ကြိမ်မြောက် ကစားခွင့်ရခဲ့တဲ့ ဘေယန်မြူးနစ်တို့ ပထမအကျော့ ဩစတြီးယားမြေ မှာတော့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကိုမန်ရဲ့ နောက်ကျဂိုးသာ မကယ်ရင် ကျိန်းသေပေါက် ရှုံးပွဲ ကြုံရမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၀ ကြိမ်မှာ ၉ ကြိမ်အထိ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့သလို ဩစတြီးယား ကလပ် တွေကို အိမ်ကွင်းမှာ ဧည့်ကစားခဲ့တဲ့ ၅ ကြိမ်စလုံး အနိုင်ရခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ ဂျာမန် ထိပ်သီးတို့ နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပြီး ဘိုချမ်ကို ရှုံးပြီး ဆဲလ်ဘတ်နဲ့ လေဗာကူဆင်ကို သရေကျထားခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဂိုးသမား နော်အာနဲ့ ဂိုရက်ဇ်ကာ၊ တိုလစ်ဆို၊ အဲလ်ဖွန်ဆို ဒေးဗီးစ်တို့ ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပွဲထွက်လူစာရင်း ကိုတော့ လီဝမ်ဒေါစကီး၊ မူလာ၊ ဂနာဘရီ၊ ဆာနေး၊ မူဆီယာလာ၊ ကင်မစ်ချ်၊ ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ဇူလာ၊ ပါဗက်၊ အူးလ်ရစ်ချ် တို့နဲ့ အတောင့်တင်းဆုံး မြင်တွေ့ရဖို့ ရှိနေပါတယ်။

ေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲအပါအဝင် ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ ဆဲလ်ဘတ်တို့ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားလာပါလိမ့်မယ်။
ဂျာမန်မြေမှာ ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် ၉ ပွဲမှာ ၆ ပွဲ ရှုံးနိမ့်ထားတဲ့ ဆဲလ်ဘတ်

ဆဲလ်ဘတ် ကတော့ ကစားတဲ့ ပွဲတိုင်းမှာ လုပ်သင့် လုပ်ထိုက်တာကို အပြည့်အဝ လုပ်ပြီး ပြိုင်ဘက် တော်တော်များများကို မာမာထန်ထန်ပဲ တုန့်ပြန် ကစားတတ်တဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ ကစားသမားတွေ မပိုင်ဆိုင်ထားပေမယ့် အသင်းလိုက် ကစားအား ကောင်းကောင်းနဲ့ ရင်ဆိုင်တတ်ပြီး လက်တလော ဩစတြီးယား ပြည်တွင်းလိဂ် မှာလည်း ဇယား ထိပ်ဆုံး ကနေ အမှတ်ဖြတ် ဦးဆောင်နေပါတယ်။ ဩစတြီးယား ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၈ နှစ်ဆက်တိုက် ကိုင်မြှောက်ထားခဲ့တဲ့ ဆဲလ်ဘတ် အနေနဲ့ ဥရောပ ပြိုင်ပွဲတွေ မှာတော့ မယ်မယ်ရရ အောင်မြင်မှု မရဘူးသေးပါဘူး။ ဆဲလ်ဘတ်တို့ နောက်ဆုံး ကစားထားတဲ့ ဥရောပပွဲစဉ် ၁၅ ပွဲမှာ ၉ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပြီး ဂျာမန် မြေမှာ ကစားထားတဲ့ ၉ ပွဲမှာ ၆ ပွဲအထိ ရှုံးထားခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲအပါအဝင် ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ ဆဲလ်ဘတ်တို့ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားလာပါလိမ့်မယ်။ ဒါပေမယ့် လက်တလော ကစားသမား ၅ ဦးထက် မနည်း ဒဏ်ရာ ရနေတာက ဆဲလ်ဘတ် အတွက် အားနည်းချက် ဖြစ်လာနိုင်ပါတယ်။ ၄-၃-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာနိုင်ပြီး အဒီယီမီ၊ အာဒါမူ တိုက်စစ် အတွဲနဲ့ အတူ အာရွန်ဆန်၊ ဆိုင်ဝဲလ်၊ ကာမာရာ၊ ကာပယ်ဒို၊ ခရစ္စတန်ဆန်၊ ပီယက်ကောစကီး၊ ဝိုဘာ၊ အဲလ်မာ၊ ကွန် တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ ဘေယန်မြူးနစ် တို့ ဆဲလ်ဘတ်ကို ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ကစားထားခဲပါတယ်။ ဥရောပအဆင့် ပြိုင်ပွဲ မှာတော့ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ ၂၀၂၀ ချန်ပီယံလိဂ် အုပ်စု အဆင့် ပထမအကျော့မှာ ၂-၆၊ ဒုတိယ အကျော့မှာ ၃-၁ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဘေယန်မြူးနစ် အတွက် ၁.၁၉ ဆ၊ သရေ အတွက် ၇ ဆ၊ ဆဲလ်ဘတ် အတွက် ၁၁.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဘေယန်မြူးနစ်တို့ ပထမအကျော့မှာ တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် ဒီတစ်ကြိမ် ကစားမှာက အလိုင်းရန့်ဇ် အရီနာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြေးက ပြင်းနေတာပါ။ ဒါကြောင့် အနိုင်သေချာတဲ့ ဘေယန်မြူးနစ် ဘက်မှာ ခြေစုံပစ် ရပ်ပြီး ဂိုးပေါ် ၃.၅၀ ဆကိုလည်း ထပ်လောင်း ရွေးချယ်ထားသင့်ပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်