ဘာစီလိုနာ ၀ – ၀ ဘင်ဖီကာ
ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ရေး ဘာစီလိုနာနဲ့ ဘင်ဖီကာတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ပေမယ့် ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာရော ဘင်ဖီကာ အတွက်ပါ နောက်တစ်ဆင့် အတွက် မျှော်လင့်ချက်ရှိခဲ့တာပါ။ အထူးသဖြင့် နှစ်သင်းလုံး အတွက် ဖိအားများခဲ့တဲ့ ပွဲလို့ပြောလို့ရပါတယ်။ သရေ ရလဒ်က နှစ်သင်းလုံးအတွက် အမျှတဆုံး ရလဒ်ဖြစ်ခဲ့သလို အုပ်စု နောက်ဆုံး ပွဲစဉ် အထိ နှစ်သင်းလုံး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ချန်ပီယံလိဂ် ရှုံးထွက် တက်ရေး အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံး အမှားမခံတမ်း ကစားခဲ့ကြတာပါ။ မျှော်လင့်ချက်ကိုယ်စီ ရှိနေဆဲဖြစ်လို့ အတောင့်တင်းဆုံး လူစာရင်းတွေ နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ၃-၄-၂-၁ ကစားကွက် နဲ့အတူ ဒီပေးလ်၊ ဂါဗီရာ၊ ဂွန်ဇာလက်ဇ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဒီဂျောင်၊ ဘက်စကွတ်စ်တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် ဘာစီလိုနာတို့ အသုံးပြုခဲ့ပါတယ်။ ဘင်ဖီကာ ကတော့ အဲဗာတန်၊ မာရီယို၊ အယ်လ်မေးဒါး၊ ဗာတွန်ဂမ်၊ အော့တာမန်ဒီတို့ကို အထိုင်ထားပြီး ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက နိုင်ပွဲအတွက် ဖိအားပေး ကစားခဲ့တဲ့ ဘာစီလိုနာကြောင့် ဘင်ဖီကာတို့ အခက်အခဲအချို့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် ဘာစီလိုနာရဲ့ တောင်ပံ တိုက်စစ်တွေကို ဘင်ဖီကာတို့ ထိန်းချုပ်ရ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရင့် ကစားသမား အစုအဖွဲ့ကြောင့် ဘင်ဖီကာရဲ့ တုံ့ပြန်မှုတွေကလည်း အဆင့်အတန်း တစ်ခုရှိနေခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၆၅-၃၅ အထိ ကွာဟခဲ့ပေမယ့် ဘာစီလိုနာတို့ ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ် ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဂိုးရဖို့ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။
ပွဲပြီးသုံးသပ်ချက်
လိုအပ်တဲ့ ရမှတ် ၃ မှတ် အတွက် ရေကုန်ရေခမ်း ကစားခဲ့ကြတာပါ။ အိမ်ကွင်း အားသာချက်ရှိတဲ့ ဘာစီလိုနာတို့ ဖိအားပေးနိုင်ခဲ့တယ် ဆိုပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် အတွေ့အကြုံပိုင်းအရ အသာရခဲ့တဲ့ ဘင်ဖီကာရဲ့ စုဖွဲ့မှုက အဓိက အချက်ဖြစ်ခဲ့ပါတယ်။ အားသန်တဲ့ တောင်ပံတိုက်စစ် အတိုးအလှုပ်တွေနဲ့ ဂိုးရဖို့ ဘာစီလိုနာတို့ အားစိုက်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာပါ။ တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး ခံစစ်ကစားသမားတွေ ဖြစ်တဲ့ ဗာတွန်ဂမ်၊ အော့တာမန်ဒီတို့ရဲ့ ဦးဆောင်မှုက ဘာစီလိုနာ တိုက်စစ်ကို ရပ်တန့်စေခဲ့တယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။ တကယ်တမ်း မှာလည်း ဘင်ဖီကာရဲ့ ခံစစ်ပိုင်း တည်ငြိမ်ခဲ့တာပါ။ အခွင့်အရေးကိုယ်စီ ရရှိခဲ့ကြတယ် ဆိုပေမယ့် အသုံးမချနိုင်ခဲ့ကြလို့ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်ကို တက်ရောက်ခွင့်ရမယ့် မျှော်လင့်ချက် ကတော့ ဆက်ရှိနေဆဲဖြစ်လို့ အုပ်စု နောက်ဆုံး ပွဲစဉ် အထိ နှစ်သင်းလုံး အားစိုက် ကစားရတော့မှာလည်း ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
ဘာစီလိုနာ အနေနဲ့ လာမယ့် ၂၈ ရက်နေ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဗီလာရီးရဲယ်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ဘင်ဖီကာကတော့ ဘီလီနန်ဆက် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.