နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အာဆင်နယ် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်က ပေါ်တိုကို ပင်နယ်တီနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။

မီခဲလ် အာတေးတားရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ရာယာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ ခီဗီယော၊ ဂျော်ဂျင်ညို၊ အိုဒီဂတ်၊ ရိုက်စ်၊ ဆာကာ၊ ထရော့ဆက်ဒ်နဲ့ ဟာဗက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ပေါ်တို ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ကော်စတာ၊ ပီပီ၊ အော့တာဗီယို၊ မာရီယို၊ ဝန်ဒဲလ်၊ ဂွန်ဇာလက်ဇ်၊ ဗာရယ်လာ၊ ပီပီ၊ ကွန်ဆီကာအို၊ ဂါလီနို၊ အီဗန်နဲလ်ဆင် တို့ ပွဲထွက်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ကစားဟန်ပိုင်း အရ ပေါ်တိုကို အပြည့်အဝ စိုးမိုးထားနိုင်စွမ်း မရှိပေမယ့် ပထမပိုင်းမှာတင် သွင်းဂိုး ရခဲ့လို့ နောက်တစ်ဆင့် အတွက် အသက်ရှူချောင်ခဲ့ရပါတယ်။ ရသွားတဲ့ ဂိုးကတော့ အိုဒီဂတ်ရဲ့ အကွက်မြင်တဲ့ ဖန်တီးမှု ကနေ ထရော့ဆက်ဒ်က တိကျစွာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ပေါ်တိုက ပိုပြီးတောင် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာမှ အာဆင်နယ်တို့ ကစားကွက် ပြန်တည်နိုင်ခဲ့ပြီး ပေါ်တို ဂိုးပေါက်ကို တရစပ် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီပီ ဦးဆောင်တဲ့ ပေါ်တို ခံစစ်ရဲ့ မာကြောမှုကို အာဆင်နယ်တို့ ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး အချိန်ပို၊ ပင်နယ်တီတွေ အထိ ရောက်ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ ရာယာ တစ်ယောက် လက်စွမ်းပြခဲ့ပြီး ဝန်ဒဲလ်နဲ့ ဂါလီနို တို့ရဲ့ ကန်ချက်တွေကို အပိုင် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့လို့ ဟီးရိုးလည်း ဖြစ်ခဲ့ပါတယ်။ အာဆင်နယ် အတွက် ပင်နယ်တီတွေ ကိုတော့ အိုဒီဂတ်၊ ကိုင်ဟာဗက်ဇ်၊ ဆာကာနဲ့ ဒီကလန် ရိုက်စ် တို့က ကန်သွင်းခဲ့ပြီး အားလုံး ဂိုးဝင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
PSV
1X2 သရေ (Draw) @ 3.75
ဂိုးပေါ် 3.00 @ 1.85
ဂိုးပေါင်း 2-3 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါဟာ အာဆင်နယ် အတွက် ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာ ရှိတာက အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေသလောက် ချန်ပီယံလိဂ် ရောက်ရင် သိသိသာသာ ခြေစွမ်းပိုင်း အားနည်းသွားတာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းထက် အတွေ့အကြုံပိုင်း လိုအပ်ချက် ရှိနေတယ်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ သေချာတာ ကတော့ လာမယ့် ကွာတားဖိုင်နယ် အဆင့်မှာ ဘယ်အသင်းနဲ့ တွေ့တွေ့ အခုထက် ပိုကောင်းတဲ့ ကစားဟန်၊ တည်ငြိမ်၊ ရင့်ကျက်မှုတွေကို အာဆင်နယ် လူငယ် တစ်စု ပြသနိုင်ဖို့ လိုအပ်နေပြီ ဆိုတာပါပဲ။

ဒါ့အပြင် အာဆင်နယ်တို့ ရာသီမကုန်ခင် ကစားရမယ့် ပွဲတွေက တောက်လျောက် ပွဲကြပ်တွေချည်းပါပဲ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ မန်စီးတီး တို့ထက် ပိုကြပ်နေသလို ချန်ပီယံလိဂ် ဆိုရင် ပိုပြီး ပွဲကြပ်ဖို့ပဲ ရှိပါတယ်။ အနီးစပ်ဆုံး လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး အဲ့ဒီပွဲ ကလည်း အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိလာဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်