နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်မှာ ဆက်တိုက် ဗိုလ်စွဲနေခြင်းဟာ တိုက်ဆိုင်မှု မဟုတ်ဘူး ဆိုတဲ့ အန်ဆယ်လော့တီ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ ဆက်တိုက် အနိုင်ရ ဗိုလ်စွဲနေခြင်းဟာ တိုက်ဆိုင်မှု တစ်ခု မဟုတ်ကြောင်း နည်းပြ ကာလို အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။ နက်ဖြန် မနက်မှာ ဒေါ့မန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြကြီးက အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိထားတဲ့ အသင်း ဖြစ်ပြီး သမိုင်းတစ်လျှောက် ၁၄ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ရီးရဲလ်မက်ဒရစ်ဟာ ၁၉၈၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လစ်ဗာပူးလ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၈ ပွဲဆက် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ 

အသက် ၆၄ နှစ် အရွယ် အီတလီ နည်းပြကြီး ကာလို အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၁၃/၂၀၁၄နဲ့ ၂၀၂၁/၂၀၂၂ ဘောလုံးရာသီတွေမှာ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းပြဟာ သူ့ရဲ့ နည်းပြ ဘဝမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၅ ကြိမ် တက်ရောက်ထားပြီး ချန်ပီယံ ၄ ကြိမ် ဖြစ်ထားခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး နည်းပြ အန်ဆယ်လော့တီက “ဒီကလပ်မှာ ထူးခြားမှုတစ်ခုခု ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါက သမိုင်း၊ စရိုက်လက္ခဏာ၊ ကစားသမားတွေရဲ့ အရည်အသွေးတွေ ဖြစ်နိုင်တယ်။ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အရာ ဖြစ်လို့ တိုက်ဆိုင်မှုလို့ မထင်ပါဘူး။ 

ဆက်လက်ပြီး အန်ဆယ်လော့တီက “ကျွန်တော် ငယ်ရွယ်တုန်းပဲ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပထမဦးဆုံး အကြိမ် ဗိုလ်လုပွဲ ရောက်ဖူးတာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပါတယ်။ ဖိုင်နယ်မှာ ပထမဆုံးရောက်ဖူးတာက လွန်ခဲ့တဲ့ 10 နှစ်ကဖြစ်ပြီး အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်၊ ဒီမျိုးဆက်ဟာ ဒီကလပ် အတွက် ကျေနပ်အားရစရာ အလုပ်တွေ လုပ်နိုင်ပါတယ်။ 

“ဒီကလပ်မှာ ရှိနေတဲ့ ကစားသမားတွေကို ကျေးဇူးတင်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီကစားသမားတွေဟာ မယုံနိုင်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ အခြေအနေ တစ်ခု အထိ ရောက်အောင် တွန်းပို့ပေးခဲ့လို့ ဖြစ်ပါတယ်။ တစ်ရာသီလုံးမှာ ကျွန်တော့်ရဲ့ အသင်းက အရမ်းကို အရေးကြီးတဲ့ အခြေအနေ နှစ်ခုကို သက်သေပြနိုင်ခဲ့ပါတယ်။ အဓိက ကတော့ အရည်အသွေးပါ။ ဒါက အခြေအနေတိုင်း အတွက် အံ့အားသင့်စရာတွေ ဖြစ်စေပါတယ်။ အနစ်နာခံမှုနဲ့ အရည်အသွေးက မနက်ဖြန်ပွဲအတွက် သော့ချက် ဖြစ်လာပါလိမ့်မယ်။”

သတင်းတွေအရ ဆိုရင် ဒေါ့မန်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားမယ့် ဝင်ဘလေကွင်းကို ပရိသတ် ၆၀၀၀၀ ကျော် ခေါ်ဆောင်လာခဲ့ပြီးတော့ အဝါရောင် ပင်လယ်ကြီး ဖြစ်စေဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ၂၀၁၂/၁၃ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းလာခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စံချိန်တွေကို ချိုးဖျက်ပြမယ်လို့ ကြုံးဝါးထားတာလည်း တွေ့ရပါတယ်။ 

ဒီလို ပြိုင်ဘက် အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အန်ဆယ်လော့တီက “ဒါက ကျွန်တော်တို့ အတွက် ဒီရာသီရဲ့ အရေးကြီးဆုံးပွဲ ဖြစ်ပြီး ပြိုင်ဘက်ကို လေးစားမှုရှိရပါမယ်။ သူတို့ဟာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် ရောက်လာခဲ့တာပါ။ လို့ ဆိုပါတယ်။ ဖိုင်နယ်မှာ ထိုက်တန်ပါတယ်။

“ဒီမှာရှိရတာ အရမ်းပျော်ပါတယ်၊ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်တော့ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ပျော်ရွှင်ခဲ့ပြီး ထပ်ပြီး ပျော်ရွှင်ရမယ်လို့လည်း ကျွန်တော် ထင်ပါတယ်၊ ကျွန်တော့် ကစားသမားတွေကို ယုံကြည်မှု အပြည့်နဲ့ ကွင်းထဲမှာ အားလုံးကို ပေးစွမ်းမယ် ဆိုတာ ကျွန်တော် သိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်