နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် – အတ္တလန္တာကို ၅ ဂိုးသွင်းပြီး ပေးဂိုးမရှိ ရာနှုန်းပြည့် ဂိုးပြတ်နိုင်ပွဲဆက် တဲ့ လစ်ဗာပူးလ်

အတ္တလန္တာ ၀ – ၅ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တစ်ပွဲမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် က အီတလီကလပ် အတ္တလန္တာကို ၅ – ၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က လစ်ဗာပူးလ်တို့ ပွဲပန်းနေတဲ့အပြင် အဝေးကွင်းပွဲစဉ်လည်း ဖြစ်နေလို့ သရေလောက်ပဲ အမြင့်ဆုံး မျှော်လင့်ထားခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့အချိန်မှာ တော့ တိုက်စစ်က ဒီယိုဂို ဂျော့တာ၊ မာနေး၊ မိုဆာလာ တို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အတ္တလန္တာရဲ့ အိမ်ကွင်းမှာ စံချိန်တင် ၅ ဂိုးပြတ်သွင်းပြီး လစ်ဗာပူးလ်တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
 

 

ပွဲပြီးမှတ်တမ်း

ဂျာဂျင်ကလော့ပ်ရဲ့ လစ်ဗာပူးလ် တို့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပေမယ့် တိုက်စစ်မှာ ဖေမီနိုအစား ဂျော့တာကို အသုံးပြုခဲ့သလို ကွင်းလယ်မှာ လူငယ်ကစားသမားလေး ကားတစ်ဂျုံးစ် ကိုအသုံးပြုခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ဗန်ဒိုက်ချ် နေရာမှာတော့ ရိုင်းစ်ဝီလျံ ကို ပွဲထွက်စေခဲ့ပြီး ပုံမှန် ကစားဟန်အတိုင်း ပြိုင်ဘက် ကို ပွဲချိန်ပြည့် ဖိအားပေးတဲ့ ပုံစံနဲ့ အတ္တလန္တာ ကို ရင်ဆိုင်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အတ္တလန္တာတို့ လစ်ဗာပူးလ် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လစ်ဗာပူးလ်ရဲ့ ကစားကွက်အောက် ရောက်သွားပြီး သွင်းဂိုးတွေ လည်း ဆက်တိုက် ခွင့်ပြုပေးခဲ့ရတာပါ။ နည်းပြ ဂတ်စပီရီနီရဲ့ အတ္တလန္တာမှာ လက်တလော ခြေစွမ်းပြနေတဲ့ ဇာပါတာကိုယ်တိုင်လည်း ဂိုးပေါက်ခြိမ်းခြောက်မှု ၅ ကြိမ်လောက် ပြုလုပ်နိုင်ခဲ့တာကလွဲရင် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် နေရင်းကနေ လစ်ဗာပူးလ်တို့ အဖွင့်ဂိုးစတင် ရရှိသွားခဲ့ပြီး တောင်ပံက ထရန့်အာနိုး မျှောပေးတဲ့ ဘောလုံးကို ဂျော့တာက အလိုက်သင့် ဆွဲပြေးပြီး ဂိုးသမားကို ကျော်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၃၃ မိနစ်မှာ ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ ဂျော့တာက ကွင်းလယ်က ဂျိုးဂိုးမက်ဇ်ရဲ့ ကန်တင် ပေးပို့မှုကို တစ်ကိုယ်တော်စွမ်းရည်နဲ့ အဆုံးသတ်သွားခဲ့လို့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ ပါတယ်။ ပထမပိုင်း အပြီးမှာ ဧည့်သည်တို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်စလို့ ၂ မိနစ်အကြာမှာ လစ်ဗာပူးလ် တို့ပဲ တတိယဂိုး ထပ်ရသွားပြန်ပါတယ်။ ဒီဂိုးကိုတော့ ကားတစ်ဂျုံးရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး မိုဆာလာ က ဧရိယာ ထိပ်ကနေ လှလှပပသွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ်အကြာမှာ မိုဆာလာရဲ့ ဖန်တီးပေးပို့မှု ကို မာနေးက အကောင်းဆုံး အဆုံးသတ် ပေးခဲ့လို့ လစ်ဗာပူးလ်တို့ ၄ ဂိုးပြတ် နဲ့ ဦးဆောင် နေခဲ့ပါတယ်။ အဲ့နောက် လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို ထိန်းချုပ်လို့မရခဲ့တဲ့ အတ္တလန္တာတို့ ဒီနေ့ပွဲရဲ့ နောက်ဆုံး သွင်းဂိုး တစ်ဂိုး ထပ်မံခွင့်ပြု ပေးလိုက် ရပြန်ပါတယ်။ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဂျော့တာ ကပဲ ပွဲချိန် ၅၄ မိနစ်မှာ အတ္တလန္တာ ဂိုးသမားရဲ့ ဆုံးဖြတ်ချက် အမှားကို အပိုင်နိုင်ဆုံး အသုံးချပြီး သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၂၀ ကျော်အတွင်း ၄ ဂိုးထိ ပေးခဲ့ရလို့ အိမ်ရှင် အသင်းအနေနဲ့ လူစားလဲမှု တချို့ ပြုလုပ်ခဲ့တာ တွေ့ရပြီး ပွဲပြီးဆုံးချိန်အထိ သွင်းဂိုးတွေ ထပ် မတွေ့ရတော့လို့ ၅-၀ ရလဒ်နဲ့ ပဲ လစ်ဗာပူးလ်တို့ အနိုင်ရခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လစ်ဗာပူးလ်တို့ ၃ပွဲကစား၊ ၃ပွဲနိုင်၊ ရဂိုး ၈ဂိုး ပေးဂိုးမရှိနဲ့ ချန်ပီယံလိဂ် အုပ်စု D ကို ဆက်လက် ဦးဆောင်သွားခဲ့ပြီး အတ္တလန္တာကတော့ ၃ပွဲကစား ရမှတ် ၄ မှတ်နဲ့ ချန်ပီယံလိဂ် အုပ်စု တတိယ နေရာအထိ ဆင်းသွားခဲ့ပါတယ်။

အတ္တလန္တာ ကတော့ ၃ပွဲကစား ရမှတ် ၄ မှတ်နဲ့ ချန်ပီယံလိဂ် အုပ်စု တတိယ နေရာအထိ ဆင်းသွားခဲ့ပါတယ်။
ဆိုးရွားတဲ့ ခံစစ်ကြောင်းကို မပြင်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးပွဲတွေ့သွားတဲ့ အတ္တလန္တာ

 

အဓိကအချက်အလက်များ

 ဒီပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ဒီယိုဂိုဂျော့တာ ကတော့ ၂၀၁၉-၂၀၂၀ ရာသီအစကနေ လက်ရှိအချိန်ထိ ဥရောပ ပြိုင်ပွဲတွေ မှာ တစ်ဦးတည်း ဟက်ထရစ် အများဆုံးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂျော့တာအနေနဲ့ မနှစ် က ယူရိုပါလိဂ်မှာ ဝုဗ်အသင်းနဲ့ ဟက်ထရစ် နှစ်ကြိမ် ရရှိထားခဲ့ပြီး အခု ချန်ပီယံလိဂ် မှာ တစ်ကြိမ်ထပ်ရခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျော့တာဟာ လစ်ဗာပူးလ် နဲ့ ၁၀ ရက် အတွင်း ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲ မှာ ၆ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။ ကစားသမားဘဝ ပထမဦးဆုံး ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ပွဲထွက်ကစားခွင့် ရခဲ့တဲ့ ဗဟိုခံစစ် ကစားသမား ရိုင်စ်ဝီလျံနဲ့ ဒုတိယမြောက်ပွဲစဉ် အဖြစ် ကစားခွင့်ရခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကားတစ်ဂျုံးစ်တို့ ရဲ့ တောက်ပမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကားတစ်ဂျုံးစ်အနေနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့သလို ရိုင်စ်ဝီလျံ ကလည်း အတ္တလန္တာတိုက်စစ်မှူး ဇာပါတာကို အကောင်းဆုံးထိန်းချုပ် ကစားနိုင်ခဲ့တာကြောင့် ၁၉ နှစ်သာသာပဲ ရှိသေး တဲ့ လူငယ် ကြယ်ပွင့် နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ ကျေနပ် အားရနေတယ်လို့ သိရပါ တယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် နိုဝင်ဘာလ  ၈ ရက်နေ့မှာ လစ်ဗာပူးလ်တို့ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး အခု ချန်ပီယံလိဂ် ဂိုးပြတ်နိုင်ပွဲက အဲ့ဒီပွဲစဉ် အတွက် အထိုက်အလျောက် သက်ရောက်မှု ရှိသွားစေမှာ သေချာပါတယ်။ အတ္တလန္တာတို့ ဟာလည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ အင်တာမီလန်နဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်