နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နူးကမ့်ပ်မှာ လာပြီး ဘာစီလိုနာရဲ့ အမှတ်ပေးချန်ပီယံ အိမ်မက်ကို အဆုံးသတ်ပေးခဲ့တဲ့ ဆဲလ်တာဗီဂို – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာ ၁ – ၂ ဆဲလ်တာဗီဂို

အက်တလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ လာလီဂါဖလား ကိုင်မြှောက်နိုင်ရေးအတွက် နိုင်ပွဲတွေ အပြိုင်အဆိုင် ရှာဖွေနေချိန်မှာ ဘာစီလိုနာ ကတော့ အိမ်ကွင်း ကမ့်ပ်နူးမှာ ဆဲလ်တာဗီဂိုကို ရှုံးနိမ့်သွားခဲ့လို့ အမှတ်ပေး ချန်ပီယံလုပွဲ ကနေ အပြီးသတ် နှုတ်ဆက်သွားခဲ့ရပါပြီ။ လာလီဂါ ချန်ပီယံဆု အတွက် အခွင့်အရေးကောင်းတွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ ဘာစီလိုနာ တို့ လက်ရှိမှာတော့ ချန်ပီယံ အိမ်မက်လုံးဝ ပျက်သွားခဲ့ပြီ ဖြစ်သလို ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အဆင့် ၃ နေရာ ဆင်းပြီး ရာသီသိမ်းရတော့မှာ ဖြစ်ပါတယ်။

အခုပွဲမတိုင်ခင် အက်တလက်တီကို မက်ဒရစ်၊ လီဗန်တေးတို့နဲ့ နှစ်ပွဲဆက် သရေကျခဲ့ပေမယ့် ဘာစီလိုနာတို့ရရဲ့ လာလီဂါ ချန်ပီယံ မျှော်လင့်ချက် ခပ်ရေးရေး ကျန်ရှိနေသေးတာပါ။ ဒါ့ကြောင့်လည်း ရော်နယ်ကိုးမန်း အနေနဲ့ အသင်းကို နည်းစနစ်ပိုင်း အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ ဖရန်ကီဒီယောင် နေရာမှာ မိုရီဘာကို ပွဲထွက်ကစားစေခဲ့တာ ကလွဲရင် မက်ဆီ၊ ဂရစ်ဇ်မန်း၊ ပက်ဒရီ၊ အဲလ်ဘာ၊ ဒမ်ဘီလီ၊ ဘူးစကွက်စ်၊ ပီကေး တို့လို အဓိကစားသမားတွေနဲ့ ဆဲလ်တာဗီဂိုကို လူစုံထုတ် ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ဆဲလ်တာဗီဂို ကလည်း အသင်းခေါင်းဆောင် အက်စ်ပက်စ်၊ နိုလီတို၊ ဒန်းနစ်ဆွာရက်ဇ်၊ မန်ဒက်ဇ်၊ ဗက်စ်ကွက်ဇ် တို့ကို မီနာ၊ ဘဲလ်ထရန်၊ ကာရီကိုးလ် တို့လို လူငယ်ကစားသမားတွေနဲ့ တွဲဖက် ပြီး နူးကမ့်ပ်ကို လာရောက် ရင်ဆိုင်ခဲ့ပါတယ်။ ဘာစီလိုနာတို့ လီယွန်နယ် မက်ဆီ၊ ဂရစ်ဇ်မန်းတို့ရဲ့ ထိုးဖောက်မှုတွေနဲ့ ဆဲလ်တာဗီဂို ကို  ပွဲစကတည်းက အကောင်းဆုံး ဖိအားပေးခဲ့ပြီး ၂၈ မိနစ်မှာ မက်ဆီက ဦးဆောင်ဂိုး စသွင်းပါတယ်။ ဘူးစကွက်စ် မပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက ဆဲလ်တာဗီဂို နောက်ခံလူ နှစ်ယောက်ကြားကနေ ဖောက်ထွက်ပြီး ပါးပါးနပ်နပ် ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ ဦးဆောင်ဂိုးရပြီး ၁၀ မိနစ်မကြာတဲ့ အချိန်မှာ မထင်မှတ်ပဲ ဆဲလ်တာဗီဂိုတို့ ချေပဂိုး ရသွားခဲ့ပါတယ်။ တောင်ပံကနေ အက်စ်ပက်စ် ချိုးပေးတဲ့ ဘောလုံးကို ဆန်တီ မီနာက ဘီးကုပ် စက်ဝိုင်းထိပ်ကနေ အပြန်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဘာစီလိုနာတို့ပဲ ပွဲကို တစ်ဖက်သတ် အသာစီးရယူ ကစားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဆဲလ်တာ နောက်ခံလူတွေ ဖြစ်တဲ့ ဒိုမီနီဂက်စ်၊ အာရူဂျို၊ ဗက်ဇ်ကွက်ဇ်နဲ့ ဂိုးသမား ဗစ်လားတို့ ပိတ်ဆို့ ကာကွယ်နေခဲ့လို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်လောက် မှာတော့ နှစ်သင်းစလုံး လူစားပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြပြီး ဘာစီလိုနာ ဘက်မှာ ဒက်စ်၊ ဘရေ့ဝိတ်၊ ထရင်ကာအို တို့ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုးမန်းရဲ့ အသင်းက လိုအပ်နေတဲ့ ဂိုးတွေ မသွင်းနိုင်ခဲ့တဲ့ အပြင် ဆဲလ်တာဗီဂိုရဲ့ တန်ပြန် ထိရောက်တဲ့ တန်ပြန်တိုက်စစ် ကစားပုံကြောင့် ရုန်းကန်နေခဲ့ရပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာတော့ မီနာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ကလီမန့် လန်းဂ်လတ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရလို့ ဘာစီလိုနာတို့ ပိုပြီး အားနည်းသွားခဲ့ပါတယ်။ တစ်ယောက်လျော့သွားတဲ့ အချိန်မှာ ဆဲလ်တာဗီဂို ဘက်က သိသိသာသာ တင်ကစား လာခဲ့ပေမယ့် ၈၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘာကာ တိုက်စစ်မှူး မာတင်ဘရေ့ဝိတ်ရဲ့ ကန်ချက် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ ဧည့်သည်တို့ ကံကောင်းခဲ့ပါတယ်။ နောက်ထပ် ၂ မိနစ် အကြာမှာတော့ ဆဲလ်တာဗီဂိုတို့ အနိုင်ဂိုး ရခဲ့ပြီး ညတောင်ပံကနေ ဆိုလာရီ ကန်တင်ပေးတဲ့‌ ဘောလုံး ဂိုးတိုင်ထိပြီး ပြန်ထွက်လာတာကို မီနာကပဲ လျင်လျင်မြန်မြန် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ် အနည်းငယ် အတွင်းမှာ ချေပဂိုး ပြန်ရဖို့ မက်ဆီ တတ်နိုင်သမျှ ရုန်းပေးခဲ့ပေမယ့် ဆဲလ်တာ နောက်ခံလူတွေ အကောင်းဆုံး ပိတ်ဆို့နိုင်ခဲ့တာကြောင့် ဘာစီလိုနာတို့ ကမ့်ပ်နူးမှာ စိတ်ပျက်စရာ ရှုံးပွဲကြုံခဲ့ရပါတယ်။

ဆဲလ်တာဗီဂို ကတော့ အခုပွဲနဲ့ပါဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၅ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာကနေ ရာသီသိမ်းဖို့ ရှိနေပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာနဲ့ ရာသီသိမ်းမယ့် ဆဲလ်တာဗီဂို

 

ပွဲပြီးသုံးသပ်ချက်

ရော်နယ်ကိုးမန်းရဲ့ အသင်း ကျရှုံးရခြင်းရဲ့ အဓိကအချက်က အသင်းအတွက် တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ လောက် သွင်းပေးပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်လောက် လုပ်ပေးနေတဲ့ လူးဝစ်ဆွာရက်ဇ်လို ကစားသမားကို ကန်ထုတ်မိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအတွက် အချိန်ကာလ တစ်ခုအထိ ကစားပေးနိုင်စွမ်း ရှိသေးတဲ့ အိုင်ဗန်ရာကီတစ်ချ်၊ ဗီဒယ် တို့လို ဝါရင့်ကစားသမားတွေ နေရာမှာ လူငယ်ကစားသမားတွေနဲ့ စိတ်ကြိုက် အစားထိုးခဲ့တာက အနာဂတ် အတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပေမယ့် လက်တလော ဘာစီလိုနာကို လာလီဂါမှာ သာမက ဥရောပပြိုင်ပွဲ တွေမှာပါ ကျရှုံးစေခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဘာစီလိုနာတို့ ဒီရာသီမှာ ကိုပါဒယ်ရေးဖလား ၁ လုံး ရရှိခဲ့ပေမယ့် တကယ်တမ်း အရေးပါတဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ကျရှုံးခဲ့ခြင်းက အသင်းရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့သလို စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့လည်း ခက်ခဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆဲလ်တာဗီဂို ကတော့ အခုပွဲနဲ့ပါဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၅ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာကနေ ရာသီသိမ်းဖို့ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာလီဂါ နောက်ဆုံးပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးက အီဘာနဲ့ ကစားရမှာ ဖြစ်ပြီး ဆဲလ်တာဗီဂို ကတော့ ရီးရဲလ်ဘက်တစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်