နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

အခုတစ်ခါမှာတော့ SBOTOP ရဲ့ဘောလုံးပရိသတ်တွေအတွက် ဂျာမန်ဘွန်ဒက်စ်လီဂါ အပြောင်းအရွှေ့နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးပါဦးမယ်။
ဂျာမန်ဘွန်ဒက်စ်လီဂါကတော့ ထုံးစံအတိုင်း ‌အပြောင်းအရွှေ့ကာလရောက်ရင် ခပ်အေးအေးရှိတတ်တာ မဆန်းပါဘူး။ နှစ်စဉ်အသင်းတွေကနေ ထွက်လာတဲ့ ကြယ်ပွင့်ကစားသမားတွေကို တခြားဥရောပကလပ်အသင်းကြီးတွေဆီ ရောင်းချလိုက်ရုံကလွဲလို့ နာမည်ကြီးကစားသမားတွေ ခေါ်ယူလေ့မရှိပဲ ဘေယန်မြူးနစ် တစ်သင်းလောက်ပဲ ကစားသမားသစ်ခေါ်ယူဖို့ ငွေသုံးစွဲတာကို တွေ့ရမှာပါ။

ဒီနှစ်မှာလည်း တခြားလိဂ်တွေတော်တော်များများမှာ မက်ဆီရဲ့ ‌အပြောင်းအရွှေ့ကြောင့် အသံတွေဆူနေခဲ့ပေမယ့် ဘေယန်မြူးနစ်လို အသင်းကိုယ်တိုင်က မက်ဆီကို မခေါ်ဘူးလို့ ‌ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့က အပြိုင်စိတ်၀င်စားနေတဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာကို ပေါင်သန်း ၃၀အရင်ပေးတဲ့ ကလပ်ကို ရောင်းချသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၂၉နှစ်အရွယ်စပိန်သားကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီးမှာ ၇နှစ်ကြာ ကစားပေးထားပါတယ်။ အဲယ်လ်ကန်တာယာကို ခေါ်ယူဖို့အတွက်ကိုတော့ လစ်ဗာပူးလ်အသင်းက အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီး ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

အတွေ့အကြုံပိုင်းလိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဘွန်ဒက်စ်လီဂါကလပ်ဆီကို အခုလိုပဲ အငှားစေလွှတ်ခံခဲ့ရတာဖြစ်ပါတယ်။
မန်ယူနိုက်တက်ရဲ့ အနာဂတ်အသင်းအတွက် ရည်ရွယ်ထားတဲ့ အသက် ၂၀အရွယ် တာဟစ်ချောင်

လေဗာကူဆင်အသင်းအနေနဲ့ ရိုးမားအသင်းရဲ့ အသက်၂၄အရွယ် တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အဲ့ဒီ ချက်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ် အသင်းကို တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ပြီး ၂၂ပွဲကစားရာမှာ ၁၀ဂိုးသွင်းယူပေးခဲ့ပါတယ်။ လက်တလော လိုက်ပ်ဇစ်ကလည်း ကြိုးပမ်းနေတဲ့ ရှစ်ခ်ကို လေဗာကူဆင်တို့က ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းမယ့် အနေအထားဖြစ်ပါတယ်။ လစ်ဗာကူဆင်အသင်း အနေနဲ့ ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ရောင်းချလို့ရတဲ့ငွေနဲ့ အသင်းအတွက် ကစားသမားတွေ ဖြည့်တင်းဖို့ပြင်ဆင်နေတာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ အိုင်ဗရီကို့စ် ညာနောက်ခံလူ ဆာဂ်ျ အော်ရီရာ ကို ခေါ်ယူဖို့ ချိတ်ဆင်နေပြီး ကစားသမား ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၁၅သန်းကနေ သန်း ၂၀လောက်ထိပေးချေရဖွယ်ရှိနေပါတယ်။

ရှော်ကီဟာ အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ကိုလာဆီနက်ခ်ျကို ပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ရှော်ကီအသင်းမှာ ၁၂၄ပွဲထိကစားပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘော့စနီးယားတင့်ကားကြီး အနေနဲ့ ဒဏ်ရာပြသနာတွေကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို တီယာနေးရောက်ရှိလာလို့ အရန်ခုံထိုင်ရဖို့များနေပါတယ်။ ဒါပေမယ့် ကိုလာဆီနက်ခ်ျအတွက် အာဆင်နယ်ဘက်က တောင်းမယ့် ပြောင်းရွှေ့ကြေးကို မတတ်နိုင်တာကြောင့် အငှားနဲ့သာခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ စပိန်ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းလာပြီး တစ်ဖက်မှာလည်း ဘာစီလိုနာရဲ့ စိတ်၀င်စားခြင်းကို ခံနေရလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ မန်ချက်စတာစီးတီးဘက်ကတော့ အိန်ဂျယ်လီနိုအတွက် ပေါင်သန်း ၃၀ရရင် အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် လက်ဦးမှုရတဲ့ အသင်းက ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဝါဒါဘရီမင်အသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး တာဟစ်ချောင်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းကြီးအတွက် ပွဲတစ်ချို့ကစားပေးခဲ့တဲ့ တာဟစ်ချောင်ကတော့ အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဘွန်ဒက်စ်လီဂါကလပ်ဆီကို အငှားစေလွှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါ့မန် အသင်းကတော့ လာမယ့်ရာသီအတွက် ကစားသမား ၃ဦး ခေါ်ယူအားဖြည့်ထားပြီး ပီအက်စ်ဂျီအသင်းက သောမက်စ်မြူနီယာကို အလွတ်၊ ဘာမင်ဂမ်လူငယ်ကြယ်ပွင့် ဂျူဒ့်ဘယ်လင်ဂမ်ကို ပေါင် ၂၃သန်း၊ ရီးရဲလူငယ်ကြယ်ပွင့် ရိုင်နီယာကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်