နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သွင်းဂိုး တစ်ဂိုး တည်းနဲ့ အနိုင်ရဖို့ လုံလောက်ခဲ့တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

လိုက်ပ်ဇစ် ၀ – ၁ ဘေယန်မြူးနစ်

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲမှာတော့ ဘေယန်မြူးနစ်တို့ အာဘီ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ အပြီးမှာ ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ၇ မှတ်အထိ ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့သလို ရာသီအကုန်မှာ အမှတ်ပေးချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး အခြေအနေ တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပြီး ဘေယန်မြူးနစ် ဘက်မှာတော့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ဒဏ်ရာရရှိနေလို့ ချောင်ပိုမော့တင်းနဲ့ ပွဲထွက်လာပြီး ကိုမန်၊ မူလာ၊ ဆာနေး၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ ဟာနန်ဒက်စ်၊ အလာဘာ၊ ဆူလီ၊ ပါဗက်၊ နော်အာတို့ အားလုံးပါဝင်လာပါတယ်။ လိုက်ပ်ဇစ် ဘက်မှာတော့ တိုက်စစ်က ဖော့စ်ဘတ် တိုက်စစ်မှာ ဦးဆောင်ပြီး အိုလ်မို၊ အန်ကွန်ကု၊ ဆဘစ်ဇာ၊ အူပါမီကာနို၊ ကလော့စတာမန် တို့ပါဝင်လာပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းဟာ သူမသာ ကိုယ်မသာ ရှိခဲ့တယ်လို့ ပြောလို့ရပြီး တစ်ဖက်နဲ့ တစ်ဖက် အမှားစောင့်ပြီး ကစားခဲ့ကြတာ တွေ့ရပါတယ်။ လိုက်ပ်ဇစ်တို့ အစောပိုင်း ပွဲကစားချိန် တချို့မှာ ဘေယန် ဘက်ကို တော်တော်လေး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာက သောမက်စ်မူလာရဲ့ ပေးပို့မှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အာဘီလိုက်ပ်ဇစ်ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဘေယန်မြူးနစ်တို့ တိုက်စစ်ပိုင်း အားနည်းချက်ရှိခဲ့ပေမယ့် နေရာစုံက ကစားသမားတွေရဲ့ ဂိုးသွင်းယူနိုင်တဲ့ စွမ်းရည်ကြောင့် စိတ်ပူစရာတော့ မရှိခဲ့ပါဘူး။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် လိုက်ပ်ဇစ်ကတောင် အားထုတ်မှုအပိုင်းမှာ ပိုသာခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ဘေယန်မြူးနစ်ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ်မှာ ၅ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရရှိခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ အခုနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၉ နှစ်ဆက်တိုက် ရရှိဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။ အာဘီလိုက်ပ်ဇစ်ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လိုက်ပ်ဇစ်တို့ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်