ဘေယန်မြူးနစ် – ကိုလုံး
အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ မှာတော့ ဘေယန်မြူးနစ်က ကိုလုံးကို အိမ်ကွင်း အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေတဲ့ ဘေယန် အတွက် တန်းဆင်းဇုန်ထဲက ကိုလုံးက လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက်တိုက် ရှုံးပွဲ ကြုံခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း အာဆင်နယ်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ဘေယန်မြူးနစ်ရဲ့ ခြေစွမ်းက မဆိုးလှတာ တွေ့ရပြီး ပြီးခဲ့တဲ့ ပွဲတွေက အမှားတွေကို ပြင်ဆင်လာတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်ဟာ လက်ရှိမှာ ဇယား ထိပ်ဆုံးက လေဗာကူဆင်နဲ့ ၁၆ မှတ် ပြတ်နေသလို ဒီတစ်ပတ်မှာသာ လေဗာကူဆင်နိုင်ရင် ဘေယန်နဲ့ အဆင့် ၂ နေရာနဲ့ပဲ အမြင့်ဆုံး ရာသီသိမ်းဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ဘေယန်ဟာ ဆက်ပြီး ရလဒ် ဆိုးနေလို့ မရတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဆင့် ၃ နေရာက ဖရန့်ဖတ်ဟာ ဘေယန်ကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ လိုက်လံ ဖိအားပေးနေလို့ ဖြစ်ပါတယ်။
ကိုလုံး ကတော့ ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲမှာ ရှိနေပြီး တတ်နိုင်သမျှ ရုန်းထွက်နိုင်ဖို့ အတွက် အားစိုက် ကစားလာတာ တွေ့ရပါတယ်။ ကိုလုံးဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲမှာ ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပေမယ့် လေဗာကူဆင်နဲ့ လိုက်ပ်ဇစ် တို့လို အသင်းကြီးတွေနဲ့ ကစားခဲ့ရလို့ အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ကျန်ပွဲတွေမှာတော့ အမှတ်တွေ ယူနိုင်ခဲ့ပြီး တန်းဆင်းဇုန် ပြိုင်ဘက် ဘိုချမ်ကိုလည်း အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဘိုချမ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်ရင်တော့ ၁ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပြီး အားရစရာတော့ မရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ကိုလုံး ဘက်မှာတော့ မာတဲလ် ပွဲပယ်ထိထားပြီး ယု့တ်၊ ကီလီရန်၊ ဒိုင်ဟဲလ်၊ ဒိုင်းရက်ဇ်၊ ဆဲလ်ကီ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘေယန်မြူးနစ် – နော်အာ၊ ဒီလစ်ဂျ်၊ ကင်မင်ဂျေး၊ ကင်မစ်ချ်၊ ဒေးဗီးစ်၊ ဂိုရက်ဇ်ကာ၊ လိုင်မာ၊ မူဆီအာလာ၊ ဆာနေး၊ တဲလ်၊ ကိန်း
ကိုလုံး – ရှာဝါဘီ၊ ချာဘော့တ်၊ ဟက်ဘားစ်၊ သီးလ်မန်း၊ ဖင့်ခ်ဂရာဖီ၊ ဂျူဘီချစ်၊ ဟူစိန်ဘေဆစ်၊ အဒမ်ရန်၊ ကိန့်ဇ်၊ မိန်နာ၊ အလီဒူ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘေယန်မြူးနစ်က ၁၈ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ကိုလုံး ကတော့ ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဘေယန်ဟာ ကိုလုံးကို နောက်ဆုံး ၅ ပွဲဆက် မရှုံးထားပဲ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘေယန်မြူးနစ်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုူံးပြီး ကိုလုံးက ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၁.၂၀ ဆ၊ ကိုလုံး နိုင်ရင် ၉.၂၀ ဆ၊ သရေ ဆိုရင်တော့ ၆.၂၀ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ်က ၂ လုံး တစ်ဝက်စား၊ ၂ လုံး သရေ၊ ၂ လုံး တစ်ဝက် ရှုံးကြေးတွေ ဖွင့်ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင်တော့ အပြည့်အဝ မပျော်ရမယ့် ကြေးပေးထားပါတယ်။ ဘေယန်က ချန်ပီယံဆု မျှော်လင့်ချက် မရှိတော့ပေမယ့် သိက္ခာအရတော့ နိုင်ပွဲတွေ ပြန်ရှာဖို့ ကြိုးစားမှာပါ။ ဘေယန်ဟာ ကိုလုံးကို မရှုံးတာကြာပါပြီ။ ကိုလုံးရဲ့ တန်းဆင်းဇုန် ရုန်းအားတွေ ရှိလာနိုင်ပေမယ့် အလိုင်းရန့်ဇ်အရီနာမှာ ဘေယန် ဂိုးပြတ် အောင်ပွဲခံပါလိမ့်မယ်။
ခန့်မှန်းရလဒ် ဘေယန်မြူးနစ် ၃-၁ ကိုလုံး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.