နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ ဒေါ့မန်တို့ ကပ်နိုင်သွားဖို့ များပါတယ် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

စတုဂတ် – ဒေါ့မန်

စတုဂတ်က စနေနေ့မှာ ဒေ့ါမန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲ ပြန်လည်ရယူဖို့ ရည်မှန်းထားကြမှာ ဖြစ်ပါတယ်။

စတုဂတ်ဟာ ပြီးခဲ့တဲ့ အပတ်မှာ ဟိုင်ဒန်ဟိမ်းကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက လေဗာကူဆင်နဲ့ ဘေယန်မြူးနစ် တို့ကို အမီလိုက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး အဆင့် ၃ နေရာမှာ ရမှတ် ၂၁ မှတ်နဲ့ ရပ်တည်နေပါတယ်။

ဒေါ့မန် ကလည်း ပြီးခဲ့တဲ့ အပတ်မှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ဒုတိယနေရာက ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် တတိယနေရာက စတုဂတ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ နေရာမှာပဲ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

စတုဂတ် ဘက်မှာ ဂီရက်ဆီ တံကောက်ကြော ဒဏ်ရာကြောင့် ဆက်လက် လွဲချော်မယ်လို့ မျှော်မှန်းခြင်း ခံထားရပေမယ့် အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ နိုင်ငံတကာ အားလပ်ရက် အပြီး ဖရန့်ဖတ် အိမ်ကွင်းကို သွားကစားရမယ့်ပွဲ မှာတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာနိုင်ပါတယ်။ နီကိုးလတ်စ် နာတီ၊ စတန်ဇယ် တို့လည်း ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ဒေါ့မန် ကလည်း ပြီးခဲ့တဲ့ အပတ်မှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ဒုတိယနေရာက ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဒေါ့မန်

ဒေါ့မန် ဘက်မှာတော့ မာဆယ် လော့တ်ကာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘဲ မက်တဲအူ မိုရီ၊ ဒူရန်ဗီး၊ အမ်မရီ ချန်တို့လည်း ဆက်လက် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

စတုဂတ် – နူဘယ်၊ အန်သိုနီ ရူဟူ၊ အန်တွန်၊ ဇာဂါဒူ၊ အီတို၊ ကာရာဇော်၊ စတေလာ၊ ဆီလက်စ်၊ မီလော့တ်၊ ဖူးရစ်ချ်၊ အန်ဒက်ဗ်

ဒေါ့မန် – ကိုဘယ်၊ ရိုင်ယာဆန်၊ ဟန်းမဲလ်စ်၊ ရှလော့တာဘက်၊ ဘန်ဆီဘိုင်နီ၊ ဆာဘစ်ဇာ၊ နမီချာ၊ မာလန်၊ မာကို ရိုက်စ်၊ ဘရန့်ဒ်၊ ဖားလ်ခရုဂျ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ စတုဂတ်က ၂ ကြိမ် နိုင် ၆ ကြိမ် သရေ ဒေါ့မန်က ၁၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ စတုဂတ်က ၃ ပွဲ နိုင် ၂ ပွဲရှုံးခဲ့ပြီး ဒေါ့မန်က ၃ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ စတုဂတ် နိုင်ရင် ၂.၆၀ ဆ၊ ဒေါ့မန် နိုင်ရင် ၂.၄၅ ဆနဲ့ သရေ ဆိုရင် ၃.၇၅ ဆပါ။ Handicap မှာ ဒဲ့ပေးထားပြီး နှစ်သက်ရာ အသင်း ဘက်ကနေ ရပ်တည်နိုင်ပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံး အရှုံးပါ။ စတုဂတ်ရဲ့ ဒီရာသီကို အံ့အားသင့်ဖွယ် အလွန်ကောင်းမွန်တဲ့ စတင်မှုဟာ အမြဲတမ်း အဆုံးသတ်တော့မယ့် ပုံပေါ်နေချိန်မှာ ဂီရက်ဆီ ဒဏ်ရာကြောင့် အချိန်ကာလ တစ်ခု အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီပွဲမှာသာ ပြန်မပါလာနိုင်ဘူး ဆိုရင်တော့ ဒေါ့မန် တို့ကပဲ နိုင်ပွဲ ရယူသွားနိုင်မယ့် အားသာချက် ရှိလာမှာပါ။ တာဇစ်ရဲ့ အသင်းဟာ ဘေယန်ကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ကို ချန်ပီယံလိဂ်မှာ အနိုင်ပြန်ယူနိုင်ခဲ့ပါတယ်။ ဒေါ့မန်သာ အမှတ်ပေးဇယား ထိပ်ဆုံးက လေဗာကူဆင်နဲ့ ဘေယန်တို့ကို အမီလိုက်ချင်တယ် ဆိုရင် နောက်ထပ် ရမှတ်တွေ လျော့ကျလို့ မရနိုင်တော့ဘူး ဆိုတာ သူတို့သိပါတယ်။ ဒေါ့မန် မရှုံးနိုင်ပါဘူး။ ဧည့်သည် ဘက်ကနေရင် ပိုစိတ်ချရပါတယ်။ ပြီးတော့ ဂျာမန်တွေ ထုံးစံအတိုင်း ဒီပွဲလည်း BTTS တပေါက်လာနိုင်ချေ အရမ်းမြင့်ပါတယ်။

ခန့်မှန်းရလဒ်

စတုဂတ် ၁-၂ ဒေါ့မန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်