ဘေယန်မြူးနစ် – မိုချင်ဂလတ်ဘတ်
ကိုဗစ် ၁၉ ဂယက် ပြန်ထလာလို့ ဥရောပ ထိပ်သီးလိဂ် ပွဲစဉ် တချို့ ပွဲရွှေ့နေရချိန် ဂျာမန် ဘွန်ဒက်စ်လီဂါ ကတော့ ဒုတိယ ရာသီဝက်ကို ပြန်လည် စတင်ဖို့ ရှိနေပြီး ပွဲစဉ် ၁၈ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဘေယန်မြူးနစ်နဲ့ မိုချင်ဂလတ်ဘတ်တို့ လာမယ့် စနေနေ့ မနက် ၂ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယ နေရာက ဒေါ့မန်ကို ၉ မှတ် ဖြတ်ပြီး ထိပ်ဆုံး ကနေ အပြတ်အသတ် ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက အော့စ်ဘတ်ကို ရှုံးနိမ့်ပြီးချိန်က စလို့ ရှုံးပွဲ မရှိသေးတာ တွေ့ရပါတယ်။ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရရှိထားခြင်းနဲ့အတူ ဘေယန်မြူးနစ်တို့ အဘက်ဘက်မှာ အကောင်းပုံစံ ရနေတယ်လို့ ပြောလို့ ရပါတယ်။ အမှတ်ပေး ပွဲစဉ် ၅ ပွဲဆက် အနိုင်ရထားတဲ့ ဘေယန်မြူးနစ်တို့ နောက်ဆုံး ကစားခဲ့တဲ့ စတုဂတ်၊ ဝုဖ်ဘတ် တို့နဲ့ ပွဲစဉ်တွေမှာ ၀-၅၊ ၄-၀ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။ ခြေစွမ်းပိုင်းအရ ဆိုရင် ဘေယန်မြူးနစ်ဟာ အားနည်းချက် မရှိသလောက် နည်းပြီး ဘယ်လို ပြိုင်ဘက်မျိုးကို မဆို နေရာစုံ ကနေ ထိုးဖောက်ပြီး ဂိုးသွင်းယူနိုင်စွမ်း အပြည့် ရှိနေတဲ့ အသင်းလို့တောင် ပြောလို့ ရပါတယ်။ လက်တလော အသင်းမှာ ဒဏ်ရာရ ကစားသမားနဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကစားသမားတွေ များနေပေမယ့် ဒုတိယနေရာက ဒေါ့မန်တို့ ဖရန့်ဖတ်နဲ့ ပွဲကြပ် ကစားဖို့ ရှိနေတာကို တတ်နိုင်သမျှ အခွင့်ကောင်းယူနိုင်ဖို့ ကြိုးစားလာမှာ သေချာနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်းအရ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ မန်ဝဲယ် နော်အာ၊ နီရန်ဇူ၊ ကိုမန်၊ လူးကပ်စ် ဟာနန်ဒက်စ်၊ တိုလစ်ဆို အပြင် ဒဏ်ရာပြသနာ ရှိနေတဲ့ ချူပိုမော့တင်၊ စတန်ဆစ် တို့ လွဲချော်ဖို့ ရှိနေပေမယ့် အဓိက ကစားသမားတွေ ဖြစ်တဲ့ ရောဘတ် လီဝမ်ဒေါစကီး၊ မူလာ၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ ဂနာဘရီ၊ ဆူလီ၊ ပါဗက် တို့ကတော့ ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။
မိုချင်ဂလတ်ဘတ်ဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ကတည်းက ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၉ အောက် မရောက်ဖူးတဲ့ အပြင် ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း အဆင့် ၄နဲ့ ၅ နေရာကို အရယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ် ဘွန်ဒက်စ်လီဂါ မှာတော့ တော်တော်လေး ရုန်းကန်နေရပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ မာကိုရို့စ် ထွက်ခွာသွားပြီးနောက် နည်းပြသစ် အဒီ ဟက်တာ ကိုင်တွယ်နေတဲ့ မိုချင်ဂလတ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ရှုံးပွဲ ၈ ပွဲအထိ ရှိထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲရှုံးပြီး ၁ ပွဲ သရေကျထားတဲ့ ဂလတ်ဘတ်တို့ Set Piece တွေ ကနေ ဂိုးရအောင် ယူထားနိုင်တာက လွဲရင် အဘက်ဘက်က အားနည်းချက်တွေ ရှိနေတာ တွေ့ရပါတယ်။ အဆိုးဆုံး ကတော့ ကစားသမား တစ်ဦးချင်း အမှားတွေ ကျူးလွန်နေတာ ဖြစ်ပြီး ပြိုင်ဘက်ရဲ့ တောင်ပံ တိုက်စစ်ကို ထိန်းချုပ်တာနဲ့ လူကျွံဘော ဖမ်းကစားတဲ့ အပိုင်းတွေမှာ တော်တော်လေး အားနည်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာကာရီယာ၊ ဟော့ဖ်မန်း၊ ဘန်းနက်စ်၊ ဆကယ်လီတို့ ကိုဗစ် ၁၉ ကူးစက်ခံထားရတာ ကလည်း အခုပွဲ အတွက် ကျိန်းသေပေါက် အားနည်းချက် ဖြစ်လာဦးမှာ သေချာပါတယ်။ နောက်ဆုံး သတင်းတွေ အရတော့ ဘရီးလ် အမ်ဘိုလို၊ သူရမ်၊ စတင်ဒဲလ်၊ ကိုနေး၊ ဂင်တာ၊ လိန်နာ၊ အဲလ်ဗက်ဒီ၊ ဆွမ်မား တို့တော့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၃၀ မှာ ဘေယန်မြူးနစ်တို့ ၁၅ ကြိမ်နိုင်၊ မိုချင်ဂလတ်ဘတ်က ၁၁ ကြိမ်နိုင်ပြီး ၅ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၅ ပွဲမှာလည်း ဘေယန်မြူးနစ်တို့ ၆-၀ ရလဒ်နဲ့ တစ်ကြိမ်သာ အနိုင်ရထားခဲ့ပြီး ၁ ပွဲ သရေကျကာ ကျန် ၃ ပွဲ မှာတော့ မိုချင်ဂလတ်ဘတ်က အနိုင်ရထားတာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဘေယန်မြူးနစ် – မိုချင်ဂလတ်ဘတ် | အချိန်ပြည့် 1X2 အိမ်ရှင် @ 1.39 | |
ဇန်နဝါရီလ ၈ ရက်၊ ည ၂:၀၀ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာတော့ အိမ်ရှင် အတွက် ၁.၄၀ ဆ၊ သရေ အတွက် ၅.၂၀ ဆ၊ ဧည့်သည် အတွက် ၆.၀၀ ဆ ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဘေယန်မြူးနစ်ဟာ ပြည်တွင်းမှာ သာမက ပြည်ပ မှာလည်း အကောင်းဆုံး ပုံစံ ရနေတဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မိုချင်ဂလတ်ဘတ်တို့ ဘေယန်မြူးနစ်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တယ် ဆိုပေမယ့် လက်ရှိတော့ အိမ်ရှင် အသင်း ကိုပဲ အပြည့်အဝ ယုံကြည်ထားရမယ့် အနေအထား ဖြစ်ပါတယ်။ မိုချင်ဂလတ်ဘတ်ရဲ့ တုန့်ပြန်မှုတောင် မြင်တွေ့ရနိုင်ချေ မရှိပဲ ဘေယန်တို့ပဲ ဂိုးပြတ် နိုင်သွားလောက်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ သွင်းဂိုးတွေ အရမ်းများနိုင်ချေတော့ မရှိဘူးလို့ ထင်မိပါတယ်။
ခန့်မှန်းရလဒ် (၂-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.