နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝစ်ဇ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့တဲ့ လေဗာကူဆင် အမှုဆောင် အရာရှိချုပ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်း ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို ဆုံးရှုံးရဖို့ များနေပြီ ဖြစ်ပါတယ်။ လေဗာကူဆင်ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဖာနန်ဒို ကာရိုက မန်စီးတီးက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဖလော်ရီယန် ဝစ်ဇ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲကြောင်း ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပြီး ဂျာမန်သား အနေနဲ့ မကြာခင် အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ရောက်ရှိသွားဖို့ များလာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၁) နှစ် အရွယ်သာ ရှိနေသေးတဲ့ ဂျာမနီ ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကတော့ လေဗာကူဆင်နဲ့ အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ရယူနိုင်ခဲ့သလို ပိုကယ်ဖလား မှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လေဗာကူဆင်တို့ ရှုံးပွဲ မရှိ စံချိန်တင်နိုင်ခဲ့ရာမှာလည်း ဝစ်ဇ်က အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန် ပိုကယ်ဖလား တို့ကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရရှိခဲ့ပြီး ဥရောပမှာ ရှုံးပွဲ မရှိ ပွဲဆက် အများဆုံး အသင်း အဖြစ် ၄၉ ပွဲနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါအပြင် ဝစ်ဇ်ဟာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲစလုံး ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝစ်ဇ်က ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ ဂျာမနီ လက်ရွေးစင် အသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝစ်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ် အပြင် ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ဝစ်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ် အပြင် ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဝစ်ဇ်

လက်ရှိ မှာတော့ လေဗာကူဆင်ရဲ့ အမှုဆောင်အရာရှိချုပ် ကာရိုက ဖလော်ရီယန် ဝစ်ဇ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲကြောင်း ဝန်ခံလာခဲ့ပြီ ဖြစ်ပါတယ်။ ကာရိုက “ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ဖလော်ရီယန် ဝစ်ဇ်ကို မရောင်းချပဲ အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ပါတယ်။ ရိုးသားစွာနဲ့ ဝန်ခံရမယ် ဆိုရင်တော့ ဆက်ထိန်းထားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ ဆိုရင်တော့ ဖလော်ရီယန် ဝစ်ဇ်ရဲ့ လက်ရှိ စျေးကွက် တန်ကြေးဟာ ပေါင် ၁၂၄ သန်း ရှိနေတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အတွက်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ဝစ်ဇ်ဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၂၁ နှစ်သာ ရှိနေသေးပြီး အနာဂတ်မှာ အခုထက် ပိုပြီး တောက်ပလာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ ၂၀၂၀ ခုနှစ် ကနေမှ ကိုလုံး လူငယ် အသင်း ကနေ လေဗာကူဆင်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ လေဗာကူဆင် အတွက် သာမကပဲ ဂျာမနီ အသင်း အတွက်ပါ အဓိက ကစားသမား တစ်ဦးလည်း ဖြစ် နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်