ဟော့ဖန်းဟိမ်း တိုက်စစ်မှူးနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ လိဒ်စ်၊ မူကိုကို, ကို ကြားဖြတ် ခေါ်ဖို့ ကြိုးစားလာခဲ့တဲ့ နယူးကာဆယ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၁ ရက်နေ့ရဲ့ နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟော့ဖန်းဟိမ်း တိုက်စစ်မှူး အတွက် သဘောတူညီမှု ရရှိခဲ့တဲ့ လိဒ်စ်
လိဒ်စ်ယူနိုက်တက် အသင်းဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်းဟိမ်းရဲ့ တိုက်စစ်မှူး ဂျော်ဂျီနို ရက်တာ ခေါ်ယူဖို့ အတွက် နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါတယ်။
လိဒ်စ်ယူနိုက်တက် ဘက်ကတော့ အဆိုပါ ကစားသမားနဲ့ ရက်ပိုင်း အတွင်း ဆေးစစ်မှု ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။
မူကိုကို, ကို ကြားဖြတ် ခေါ်ဖို့ ကြိုးစားလာခဲ့တဲ့ နယူးကာဆယ်
နယူးကာဆယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တိုက်စစ် ကြယ်ပွင့် ယူဆိုဖာ မူကိုကို အတွက် ကြားဖြတ် ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ နယူးကာဆယ်က ကစားသမား အတွက် နှုတ်အားဖြင့် ချဥ်းကပ် ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့ပြီး အခြေအနေ ပေးတာနဲ့ တစ်ပြိုင်နက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အန်ကွန်ကူ အပေါ် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်တဲ့ ဖီးလစ်ရဲ့ အပြောင်းအရွှေ့
ချဲလ်ဆီးတို့ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ယာအို ဖီးလစ်ကို အငှားနဲ့ ခေါ်ယူခဲ့တာက လာမယ့် နွေရာသီမှာ ခရစ္စတိုဖာ အန်ကွန်ကူးကို ခေါ်ယူဖို့ အတွက် တစ်စုံတစ်ရာ အနှောင့်အယှက် မဖြစ်နိုင်ဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ပြောပါတယ်။
ချဲလ်ဆီးဟာ ဖီးလစ်ကို လာမယ့် ရာသီကုန် အထိ (၆) လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့် မပါရှိပါဘူး။ ဒါ့အပြင် ချဲလ်ဆီးဟာ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကြယ်ပွင့် အန်ကွန်ကူးကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရရှိထားပြီး သူတို့ရဲ့ အစီအစဥ်အတိုင်း အန်ကွန်ကူ ကိုလည်း ခေါ်ယူသွားမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.