နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကျိုးအမြတ် ရှာဖို့ အတွက် ဆိုရင်တော့ ဖရန့်ဖတ်က သင့်လျော်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ် | စတုဂတ် – ဖရန့်ဖတ် (ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်)

စတုဂတ် vs ဖရန့်ဖတ် 

အခုနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အသင်း နှစ်သင်းရဲ့ ရမှတ် လိုအပ်ချက် အတွက် အားစိုက်လာကြမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ချင်း မတူပေမယ့် ရမှတ် လိုအပ်နေတာချင်းတော့ တူနေတဲ့ အတွက် အစဉ်အလာ အတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ကိုဗစ် ၁၉ နဲ့ ဒဏ်ရာရ ကစားသမား များပြားမှုကြောင့် ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့တဲ့ စတုဂတ်တို့ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲ အထိ ရောက်ရှိနေခဲ့ပါတယ်။ လိဂ် ပွဲစဉ် ၂၀ အပြီးမှာ ၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁၀ ပွဲ ရှုံးထားတဲ့ စတုဂတ်တို့ ရမှတ် ၁၈ မှတ်သာ ရရှိထားပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ ပိုပြီး စိတ်ပျက်စရာ အခြေအနေ တစ်ခုက နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၁ ဂိုးတောင် မရခဲ့ပေမယ့် ပေးဂိုး ကတော့ ၁၀ ဂိုးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ အိုမာ မာမို့ရှ် အီဂျစ်နဲ့ အာဖရိကဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေလို့ အခု လာမယ့်ပွဲကို လွဲချော်မှာ ဖြစ်ပေမယ့် အန်ဒို၊ မန်ဂါလာ၊ ဆိုဆာ၊ ကယ်လက်ဇစ်၊ အမ်ဗရိုပါးနို့စ် တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဘန်ဒက် လီဂါ
FC အော့စ်ဘတ်
ယူနီယံ ဘာလင်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖရန့်ဖတ်တို့ ရာသီကုန်မှာ ဥရောပ ဝင်ခွင့် ရရှိဖို့ ပစ်မှတ်ထားနေပေမယ့် တချို့ ပွဲစဉ်တွေမှာ မထင်မှတ်ပဲ ခြေချော်နေမှုနဲ့ အတူ ရလဒ်ပိုင်း ကလည်း ကောင်းလိုက် မကောင်းလိုက် ဖြစ်နေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ ကစားထားတဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဥရောပဝင်ခွင့် အတွက် အဆင့် ၆ နေရာက လိုက်ပ်ဇစ်နဲ့ ၃ မှတ်သာ ကွာဟနေတာကြောင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဝက် ပွဲစဉ်တွေက စပြီး အာရုံ ပြန်စိုက်လာဖို့ ရှိနေတဲ့ ဖရန့်ဖတ်တို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ပြီး အဝေးကွင်းမှာ အနိုင် ၃ မှတ် အပြည့် ရဖို့ ရည်ရွယ်နေပါလိမ့်မယ်။ ကာမာဒါ၊ ဟင်တာရက်ဂါ၊ အာချီတို့ ဒဏ်ရာပြသနာ ရှိနေတဲ့ အခြေအနေက ဖရန့်ဖတ်ရဲ့ အသင်းလိုက် ကစားပုံမှာ အနည်းငယ် ရှိနေစေနိုင်တာ ကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ အခုပွဲ အတွက် အိုလီဗာ ဂလတ်စနာ ရဲ့ အသင်း ပွဲထွက် လူစာရင်း မှာတော့ ဆိုးဝ်၊ လင်းစတွမ်း၊ ဘိုရီ၊ ကော့စတစ်၊ တူတာ၊ ဟောက်၊ ဂျာကစ်၊ ချန်ဒလာ၊ အန်ဒစ်ကာ၊ ဟာဆာဘေး၊ ထရပ်တို့ ပါဝင်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ စတုဂတ်က ၇ ကြိမ် အနိုင်ရပြီး ဖရန့်ဖတ်က ၆ ကြိမ် အနိုင်ရထားလို့ အစဉ်အလာအရ တစ်သင်းနဲ့ တစ်သင်း အသာရမှု သိပ်မရှိဘူးလို့ ပြောလို့ ရပါတယ်။ ထူးခြားချက်က ဘွန်ဒက်စ်လီဂါ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် စလုံး ၁-၁၊ ၂-၂ ဆိုတဲ့ သရေရလဒ်တွေ ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

??
စတုဂတ် vs ဖရန့်ဖတ် အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၄၉ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၉:၀၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ စတုဂတ် အတွက် ၂.၆၆ ဆ၊ သရေ အတွက် ၃.၄၅ ဆ၊ ဖရန့်ဖတ် အတွက် ၂.၄၉ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပေါက်ကြေး ကတော့ ဇဝေဇဝါ ဖြစ်စေမယ့် ပေါက်ကြေးပါပဲ။ လက်ရှိ ခြေစွမ်း အရတော့ ဖရန့်ဖတ် ပိုပြီး သာနေတယ် ဆိုတာ ငြင်းလို့ မရတာကြောင့် ဧည့်သည် အသင်းနဲ့ ခပ်ပါးပါး စွန့်စားပြီး အပြန်အလှန် သွင်းဂိုးတွေ ကို မျှော်လင့်ထားချင်ပါတယ်။ သေချာတာက ဘယ်အသင်း နိုင်နိုင် ဂိုးတော့ မပြတ်ပါဘူး။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်