နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျူဗီ ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဒေါ့မန်၊ ဘယ်လင်ဟမ်ကို အရှိန်မြှင့် ကြိုးပမ်းမယ့် ရီးရဲလ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဂျူဗီ ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဒေါ့မန်၊ ဘယ်လင်ဟမ်ကို အရှိန်မြှင့် ကြိုးပမ်းမယ့် ရီးရဲလ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂ ရက်နေ့ရဲ့ နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဂျူဗီ ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဒေါ့မန် ပါဝင်လာ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ ဝက်စ်တန် မက်ကန်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရှိရပါတယ်။ 

ဂျူဗင်တပ်စ်ဟာ မက်ကန်နီကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ အဓိက ကတော့ ကစားသမားရဲ့ ကြံ့ခိုင်မှု အားနည်းတာကြောင့် ဂျူဗီက သဘောမကျပဲ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ အမေရိကန် လက်ရွေးစင် ကွင်းလယ်လူကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက် ကလည်း စိတ်ဝင်စားနေပြီး ဒေါ့မန် ကလည်း မက်ကန်နီရဲ့ အနေအထားကို စောင့်ကြည့်နေပါတယ်။ 

ဂျူဗင်တပ်စ် ကတော့ အဆိုပါ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) သတ်မှတ်ထားပါတယ်။ အသက် ၂၄ နှစ် အရွယ် အမေရိကန် ကွင်းလယ်လူဟာ လိုအပ်ရင် ဘယ်၊ ညာ တောင်ပံ နှစ်ဖက်လုံးမှာပါ ထွက်ကစားနိုင်သူ ဖြစ်ပါတယ်။ ဒီရာသီ မှာတော့ ဂျူဗင်တပ်စ် အတွက် လိဂ် ပွဲစဉ် ၁၁ ပွဲ ပါဝင် ကစားပေးထားပြီး ၁ ဂိုးသွင်းကာ၊ ၁ ဂိုး ဖန်တီးပေးထားပါတယ်။

 

အဲလ်ဖွန်ဆို ဒေးဗီးစ်ကို လုံးဝ ရောင်းချမှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမား အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ရောင်းချသွားဖို့ လုံးဝ စိတ်ကူးမရှိဘူးလို့ ကြေညာလိုက်ပါတယ်။

အဆိုပါ ကနေဒါ ကြယ်ပွင့်ကို ခေါ်ယူဖို့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း ဒီရက်ပိုင်း အတွင်းမှာ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်‌ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
လီဗာပူးလ်
1X2 သရေ (Draw) @ 4.20
ဂိုးပေါ် 3.00 @ 1.95
ဂိုးပေါင်း 4-6 @ 2.74
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိ ချန်ပီယံဘက် ကတော့ ဒေးဗီးစ်ကို အသင်းမှာ ရေရှည် ဆက်လက် ထိန်းသိမ်းသွားဖို့ ပြင်ဆင်လျက်ရှိပြီး ကစားသမားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် (၂၀၂၅) နောက်ပိုင်း အတွက်လည်း စာချုပ်သက်တမ်း တိုးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

 

ဘယ်လင်ဟမ် အတွက် အရှိန်မြှင့် ကြိုးပမ်းမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ် အတွက် အရှိန်မြှင့် ကြိုးစားလာ‌တော့မှာ ဖြစ်ကြောင်း စပိန် သတင်းဌာနတွေက ရေးသားဖော်ပြလျက် ရှိပါတယ်။ 

အဆိုပါ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟာ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါကို ကျိန်းသေပေါက် စွန့်ခွာတော့မှာ ဖြစ်ပြီး ဒေါ့မန် ဘက်ကတော့ ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၁၀၀) သတ်မှတ်ထားပါတယ်။ လစ်ဗာပူးလ် အပါအဝင် ဥရောပ ထိပ်တန်းအသင်းကြီးတွေ ကလည်း စိတ်ဝင်စားနေတဲ့ ဘယ်လင်ဟမ် အတွက် ရီးရဲလ်မက်ဒရစ်တို့ သေချာပေါက် ခဲရာခဲဆစ် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဌ ပီရက်ဇ် ဦးဆောင်တဲ့ ရီးရဲလ်တို့ လက်ရှိမှာ အတောက်ပဆုံး လူငယ် ကွင်းလယ် ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရတဲ့ ဘယ်လင်ဟမ်ကို အခု ဆောင်းရာသီကတည်းက စတင် အရှိန်မြှင့် ကြိုးပမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်