နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၁၉/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကပ်ပယ်အိတ် အကျိတ်ရောဂါ ခံစားနေရတဲ့ ဆဘက်ရှန် ဟော်လာ

တိုက်စစ်မှူးဟောင်း အာလင်း ဟာလန်းရဲ့ အောင်မြင်မှုတွေကို အစားထိုး ရယူပေးဖို့ ဒေါ့မန်ကို ရောက်ရှိခြင်း မဟုတ်ကြောင်း တိုက်စစ်မှူးသစ် ဆဘက်ရှန် ဟော်လာက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြုံးဝါးထားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ အောင်မြင်မှု၊ စွမ်းဆောင်ရည်တွေကို အစားထိုးနိုင်မလား ဆိုတဲ့ မေးခွန်းတွေ အပေါ် ဟော်လာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် အနေနဲ့ တစ်စုံတယောက်ရဲ့ အောင်မြင်မှုကို ဆက်ထိန်းပေးဖို့နဲ့ အစားထိုးပေးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ဒီကို ရောက်လာတာ ဒေါ့မန်က ကျနော့်ရဲ့ အရည်အချင်းကို လိုအပ်လို့ပါ။ မျှော်လင့်ထားတာတွေနဲ့ ကိုက်ညီအောင် ကျနော် အစွမ်းကုန်ကြိုးစားမှာ ဖြစ်ပြီး ကျနော့်ကို ယုံကြည်ခဲ့တဲ့ အတွက် ကျနော် ပြန်ပြီး ပေးဆပ်သွားမှာပါ” လို့ ဟော်လာက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း စိတ်မကောင်းစရာက ဟော်လာဟာ ကပ်ပယ်အိပ် အကျိတ်ရောဂါ ခံစားနေရကြောင်း ဒီကနေ့ မနက်မှာ ဒေါ့မန် အသင်းက အတည်ပြုသွားခဲ့ပြီး တတ်နိုင်သမျှ အစွမ်းကုန် ကုသပေးသွားမယ် လို့လည်း အားကစားဒါရိုက်တာ ဆဘက်ရှန် ခဲလ်က ပြောကြားထားပါတယ်။ ဒါ့အပြင် အိုင်ဗရီကို့စ် လက်ရွေးစင် အမြန်ဆုံး ပြန်လည် သက်သာလာစေရေး အတွက် ဘွန်ဒက်စ်လီဂါ အသိုင်းအဝိုင်း တစ်ခုလုံးက ဆုတောင်းပေးလျက် ရှိပါတယ်။

ဒေါ့မန်တို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို မန်စီးတီး အသင်းထံ ပေါင် ၆၃ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ဟော်လာကို ပေါင် ၂၆ သန်း အပြင် အပိုဆုကြေးတွေနဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။


လီဝမ်ဒေါစကီးကို ရောင်းလို့ ရတဲ့ ငွေနဲ့ ဒီလစ်ဂျ်ကို ပြန်ဝယ်လိုက်တဲ့ ဘေယန်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်း ကတော့ ဂျုဗင်တပ်စ် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ် ကိုခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် နောက်ခံလူ အတွက် နှစ်ဖက် အသင်း တာဝန်ရှိသူတွေ တစ်နေကုန် ဆွေးနွေးခဲ့ပြီးနောက် ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ် ဘက်က လက်ခံလိုက်တာလည်း ဖြစ်ပါတယ်။ အဓိက, ကတော့ ဘေယန်မြူးနစ်တို့ လီဝမ်ဒေါစကီးကို ရောင်းချလို့ ရတဲ့ ငွေနဲ့ ဒီလစ်ဂျ်ကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဘေယန်တို့ ဂျူဗီနဲ့ရော ကစားသမားနဲ့ပါ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး အနေနဲ့ ကတော့ ဘေယန်မြူးနစ်တို့ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀၊ အပိုဆုကြေး ၁၀ သန်း၊ စုစုပေါင်း ယူရို သန်း ၈၀ ကျော် အထိ ပေးချေရဖို့ ရှိနေပါတယ်။ ဒီလစ်ဂျ်ကို ချဲလ်ဆီး ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဂျာမန် ကလပ် ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလစ်ဂျ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အေးဂျင့် ပီမန်တာက “အရာရာက ပြီးပြည့်စုံနေပါတယ်။ သူ ဘေယန်ကို ပြောင်းတော့မှာပါ။ အဲ့ဒီကို ပြောင်းရလို့လည်း သူပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ မားသီးယက်စ် အတွက် အရမ်းကောင်းပေးခဲ့တဲ့ ဂျူဗင်တပ်စ်ကို ကျေးဇူးတင်ရမှာပါ။” လို့ ဆိုပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 အဲဗာတန် @ 3.95
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင် 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလစ်ဂျ်ဟာ ဘေယန်မြူးနစ်နဲ့ ဆေစစ်မှု ခံယူဖို့ အတွက် မြူးနစ်ကို ရောက်ရှိနေပြီး ရက်ပိုင်း အတွင်း အသင်းဘက်က အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက်မှာ ဂျူဗင်တပ်စ် တို့ ခီလီနီ အပြင် ဒီလစ်ဂျ်ကိုပါ ထပ်ပြီး လက်လွှတ်လိုက်ရတာကြောင့် ဗဟိုခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေရပြီး အိုးလေဒီတို့ရဲ့ အဓိက ပစ်မှတ်တွေ ထဲမှာတော့ အာဆင်နယ်က ဂါဘရီရယ်၊ တိုရီနိုက ဂလိုင်ဆင် ဘရီမာနဲ့ ဗီလာရီးရဲယ်က ပါအူ တောရက်စ်တို့ ထိပ်ဆုံးက ပါဝင်နေပါတယ်။


လီဝမ်ဒေါစကီးကို ဟာသနှောပြီး နှုတ်ဆက်လိုက်တဲ့ မူလာ

ဘိုင်ယန်မြူးနစ် ကွင်းလယ် တိုက်စစ်ကစားသမား သောမတ်စ် မူလာက ကတော့ အသင်း ကနေ ထွက်ခွာသွားတဲ့ လီဝမ်ဒေါစကီးကို ဟာသဆန်ဆန် နှုတ်ဆက်လိုက်ပါတယ်။ လီဝီနဲ့ မူလာဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်မှာ နှစ်ရှည် လများ တွဲဖက် ကစားခဲ့ကြပြီး ကွင်းတွင်း ကွင်းပြင် နှစ်ခုစလုံးမှာ ဆက်ဆံရေး ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

အခုလည်း မူလာက NBA အကျော်အမော်တွေ ဖြစ်တဲ့ ဂျော်ဒန်နဲ့ ပစ်ပန် တို့ရဲ့ မျက်နှာ နေရာတွေမှာ သူနဲ့ လီဝမ်ဒေါစကီး တို့ရဲ့ မျက်နှာတွေကို ဖိုတိုရှော့ပ်နဲ့ အစားထိုးပြီး စစနောက်နောက်နဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ ဓာတ်ပုံနဲ့ အတူ “အနာဂတ်မှာ မင်းအတွက် အကောင်းဆုံးတွေ ဖြစ်ဖို့ ဆုတောင်းပေးပါတယ်” ဆိုပြီးလည်း မူလာက ရေးသား ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မူလာက “ထူးခြားကောင်းမွန်တဲ့ ၈ နှစ် အတွင်း အမှတ်ပေးချန်ပီယံဆုတွေ၊ ဆုဖလားတွေ၊ အနိမ့်မြင့်အတက်ကျတွေကို ငါတို့အတူ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ခင်ဗျား အပေါ် လေးစားမှု အပြည့် ရှိပါတယ်။ ခင်ဗျားဟာ တကယ့်ကို နိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမားပါ” လို့ လီဝမ်ဒေါစကီးကို ချီးကျူးသွားခဲ့ပါသေးတယ်။

အသက် ၃၄ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီးဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀၊ အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ ပြီးခဲ့တဲ့ ရက်ကပဲ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်