ဘိုချမ် – လိုက်ပ်ဇစ်
လာမယ့် တနင်္ဂနွေ ညမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် နှစ်ပွဲ ကစားဖို့ ကျန်ရှိပြီး ဘိုချမ်နဲ့ လိုက်ပ်ဇစ်ပွဲ ကတော့ မြန်မာစံတော်ချိန် ည ၉ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဘိုချမ်နဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ်တို့ မှတ်တမ်းကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ဘိုချမ်တို့ နောက်ပိုင်း ပွဲစဉ်တွေ မှာ ရလဒ်တွေ ပြန်ကောင်းနေတာ တွေ့ရပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ မိန့်ဇ် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ပြီးခဲ့တဲ့ ၄ ပွဲဆက် မရှုံးအောင် ကစားထားပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ ၈ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၁၀ ပွဲ ရှုံး ဆိုတဲ့ ရလဒ် ပိုင်ဆိုင်ထားပေမယ့် အိမ်ကွင်း ရှုံးပွဲ ကတော့ ၂ ပွဲသာ ရှိထားပြီး ၆ ပွဲ အနိုင်ရထားပါတယ်။ ဒေါ့မန်နဲ့ ကိုလုံးကို သရေ ကစားခဲ့ပြီး ဘေယန်မြူးနစ်၊ ဖရိုင်းဘတ်၊ ဟော့ဖန်ဟိမ်း၊ ဖရန့်ဖတ်လို အသင်းတွေ ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ဘိုချမ်ရဲ့ စွမ်းဆောင်ရည်က လျှော့တွက်လို့ မရပါဘူး။ ဘေယန်မြူးနစ်ကို ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတုန်းက ဆိုရင် ပရိသတ်တွေတောင် ဘိုချမ်ရဲ့ ခြေစွမ်းကို အံ့အားသင့်ခဲ့ရပြီး အဲ့ဒီနိုင်ပွဲကြောင့် ကစားသမားတွေ အနေနဲ့လည်း ယုံကြည်မှု တော်တော်လေး မြင့်တက်နေပါလိမ့်မယ်။ အခုပွဲ ကိုတော့ ဇိုလာ၊ ဘလမ်း၊ ဂရေ့ဗ်တို့ လွဲချော်ဖို့ ရှိနေပြီး ရိုင်းမန်း၊ ဂမ်ဘိုအာ၊ ဆိုရေးစ်၊ ရက်စ်ဘီကတ်ဂျ်၊ လိုကာဒီယာနဲ့ ဟော့တ်မန်း တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
နည်းပြ ဒိုမီနီကို တက်ဒက်စကို လက်အောက်မှာ လိုက်ပ်ဇစ်တို့ တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေခဲ့ပြီး ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ လိုက်ပ်ဇစ်တို့ ဘေယန်မြူးနစ် တစ်သင်းတည်းကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ဘေယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ ဆိုတာလည်း ရလဒ်ပိုင်း ဖြစ်ပြီး ခြေစွမ်းပိုင်းတော့ မရှုံးခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် မှာလည်း ဆိုစီဒက်စ်ကို စပိန်မြေမှာ ဂိုးပြတ် အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်လှမ်းထားခဲ့ပါတယ်။ အဓိက ကတော့ ခံစစ်၊ တိုက်စစ် မျှတအောင် ကစားနိုင်ပြီး တိုက်စစ်မှူးတွေလည်း ဂိုးမြူးနေလို့ လိုက်ပ်ဇစ်တို့ ရလဒ်တွေ ကောင်းနေတာ ဖြစ်ပါတယ်။ လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာက ဟော့ဖန်ဟိမ်းနဲ့ ၃ မှတ် အကွာ အဆင့် ၅ နေရာမှာ ရှိနေသလို အဆင့် ၉ နေရာက ယူအွန်းဘာလင် ကိုလည်း ၃ မှတ်ပဲ ဖြတ်ထားနိုင်လို့ လိုက်ပ်ဇစ် အတွက် ရမှတ် လိုအပ်ချက်က အရေးပါနေပါတယ်။ အခုလာမယ့် ပွဲမှာတော့ တိုက်စစ်က အန်ဒရီ ဆေးလ်ဗား နေရာမှာ ယူ့ဆက်ဖ် ပိုလ်ဆင်ကို ပြန်သုံးပြီး အိန်ဂျယ်လီနို လည်း ဒဏ်ရာက သက်သာလာတာကြောင့် ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ နောက်ခံလူ ဂက်ဗာဒီယိုလ် ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ်သာ ရှိထားခဲ့ပြီး လိုက်ပ်ဇစ်တို့ ၉ ကြိမ်စလုံး ဘိုချမ်ကို အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲ မှာတော့ လိုက်ပ်ဇစ်တို့ ဘိုချမ်ကို ၃-၁၊ ၄-၀၊ ၃-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အပြတ်အသတ် အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဘိုချမ် အတွက် ၄.၃၀ ဆ၊ သရေ အတွက် ၄.၀၀ ဆ၊ လိုက်ပ်ဇစ် အတွက် ၁.၇၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ အစဉ်အလာအရ ကြည့်မယ် ဆိုရင်တော့ ဘိုချမ်ဟာ လိုက်ပ်ဇစ်ရဲ့ ပြိုင်ဘက် အဆင့်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိ ရာသီ ဘိုချမ်ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က အားရစရာ တော်တော်လေး ကောင်းနေခဲ့လို့ လိုက်ပ်ဇစ်တို့ အရင် တွေ့ဆုံမှုတွေ မှာတုန်းကလို လွယ်ကူနိုင်ဖို့ မရှိပါဘူး။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ပြီး လိုက်ပ်ဇစ်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားများပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.