မကြာခင် အနာဂတ်ကို ဆုံးဖြတ်မယ့် ဘယ်လင်ဂမ်၊ အေးဂျင့်တွေနဲ့ လမ်းခွဲလိုက်တဲ့ သူရမ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ (၆) ရက်နေ့ မတိုင်ခင် ဆုံးဖြတ်ချက်ချမယ့် ဘယ်လင်ဟမ်
လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ကို စွန့်ခွာဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေတဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချတော့မယ်လို့ သိရပါတယ်။
ဘယ်လင်ဟမ်ဟာ အသင်း ကနေ ထွက်ခွာဖြစ်ခဲ့ရင်လည်း လာမယ့် နွေရာသီမှ ထွက်ခွာမှာ ဖြစ်ပြီး ဘယ်လင်ဟမ်ဆီက ဆုံးဖြတ်ချက်ကို သိရပြီး နောက်ပိုင်းမှာ ဒေါ့မန် အနေနဲ့ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့နဲ့ ဆက်လက် ဆွေးနွေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အေးဂျင့်တွေနဲ့ လမ်းခွဲလိုက်တဲ့ ထိပ်တန်းအသင်းကြီးတွေရဲ့ပစ်မှတ် သူရမ်
မိုချန်ဂလာဘတ်ရဲ့ တိုက်စစ်မှူး မားကပ်စ် သူရမ်ဟာ သူ့ရဲ့ အေးဂျင့်အဖွဲ့နဲ့ လမ်းခွဲလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ပြင်သစ် တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ယူနိုက်တက်၊ ဂျူဗင်တပ်စ် တို့လို ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတာပါ။
သူရမ်ဟာ ဇွန်လမှာ ဘွန်ဒက်စ်လီဂါ ကလပ် မိုချန်ဂလာဘတ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် နွေရာသီ မှာတော့ သေချာပေါက် အသင်းပြောင်းရွှေ့ဖို့ ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားက စိတ်ပျက်စရာတွေကို မေ့ဖျောက်နိုင်ဖို့ ဘေယန်မြူးနစ်ဥက္ကဌမျှော်လင့်
လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွေက ဆောင်းခိုနေဆဲ ဖြစ်ပြီး မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။
ဂျာမနီ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ အုပ်စု ကနေ ထွက်ခဲ့ရပြီး စိတ်ပျက်ဖွယ် အနေအထားမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဟိုင်နာက ဘောလုံးလောကနဲ့ ဘဝမှာ ဒီလိုမျိုး စိတ်ပျက်စရာတွေ၊ သင်ခန်းစာတွေ ကြုံတွေ့ရလေ့ ရှိကြောင်း၊ အခုချိန်မှာ (၂၀၂၃) အတွက်ပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပြီး ဆောင်းရာသီ အားလပ်ရက် ပြီးဆုံးချိန်မှာ ကစားသမားတွေ အနေနဲ့ ဘေယန်မြူးနစ်နဲ့ အတူ အောင်မြင်မှုတွေ ရယူဖို့ အဆင်သင့် ဖြစ်နေဖို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.