အာမီးနီးယား ဘိုင်လီဖဲလ် vs မိုချင်ဂလတ်ဘတ်
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိ ရာသီမှာ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ မိုချင်ဂလတ်ဘတ် အနေနဲ့ ခြေစွမ်းရော ရလဒ်ပိုင်းမှာပါ တည်ငြိမ်နေတဲ့ အာမီးနီးယား ဘိုင်လီဖဲလ်ကို အစဉ်အလာ အတိုင်း အသာရသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
အာမီးနီးယား ဘိုင်လီဖဲလ် ဟာ ဆောင်းရာသီ နားရက် မတိုင်မီ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံ ကောင်းပြီး ခံစစ် မာကျောသလို အဝေးကန်ချက်တွေနဲ့ ပြိုင်ဘက် နောက်တန်းကို ခြိမ်းခြောက်တတ်တဲ့ ဘိုင်လီဖဲလ် အနေနဲ့ ခြေစွမ်းပိုင်း တော်တော်လေး တည်ငြိမ်နေတယ်လို့ ပြောရပါမယ်။ နောက်ဆုံး ၅ ပွဲမှာ ဖရန့်ဖတ်၊ လိုက်ပ်ဇစ် တို့လို အသင်းတွေကို အဝေးကွင်းမှာ အနိုင်ရထားတဲ့ ဘိုင်လီဖဲလ်ရဲ့ ခြေစွမ်းကို ဘယ်လိုမှ လျှော့တွက်လို့တော့ မရပါဘူး။ ဒါပေမယ့် တိုက်စစ်က အဆုံးသတ် အပိုင်းမှာ တော်တော်လေး အားနည်းနေပြီး ထူးထူးခြားခြား အိမ်ကွင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဘိုင်လီဖဲလ် ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဉ် နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတဲ့ အထိ အိမ်ကွင်း စွမ်းဆောင်ရည် ညံ့နေတာ ဖြစ်ပါတယ်။ လက်တလော ဘိုင်လီဖဲလ်မှာ ဒဏ်ရာရ ပွဲပယ် ပြသနာနဲ့ ကစားသမား ကင်းရှင်းနေပြီး အိုကူဂါဝါ၊ ဝင်မာ၊ ရှော့ဖ်၊ ကတ်စထရို၊ ဘန်နာ၊ ပိုင်ပါ၊ နီးလ်ဆင် တို့ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
မိုချင်ဂလတ်ဘတ်ရဲ့ လက်ရှိ ရာသီ ခြေစွမ်းက မနှစ်ကနဲ့ လုံးဝ ခြားနားသွားတဲ့ အထိ စုတ်ပြတ်သတ်နေခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၀ အပြီးမှာ အထိ ၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၀ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယား အဆင့် ၁၂ နေရာ ရောက်ရှိနေလို့ နှစ်တိုင်း မျှော်လင့်နိုင်ခဲ့တဲ့ ဥရောပ ဝင်ခွင့် ကိုလည်း စောစောစီးစီး မေ့ထားလိုက်ရပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ မမျှော်လင့်ပဲ ဘေယန်မြူးနစ် ကို အနိုင်ရခဲ့တာက လွဲရင် ကျန် ၉ ပွဲမှာ ၈ ပွဲရှုံးပြီး ၁ ပွဲ သရေကျခဲ့တဲ့ အထိ စိတ်ပျက်စရာ အခြေအနေ တစ်ခုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၁၆ နေရာက အော့စ်ဘတ်နဲ့ ၃ မှတ်သာ ကွာဟနေလို့ ရလဒ်တွေ ထပ်ပြီး ဆိုးရွားနေဦးမယ် ဆိုရင်တော့ တန်းဆင်းဇုန် ဖိအားတွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဂလတ်ဘတ် အနေနဲ့ သူတို့ အားသာတဲ့ တောင်ပံတွေ၊ Set-Piece တွေကနေ ဂိုးရဖို့ မျှော်လင့်လာနိုင်ပြီး ဖြစ်ပြီး အမ်ဘိုလို၊ ဟော့ဖ်မန်း၊ လိန်နာ၊ ကိုနေး၊ အဲလ်ဗက်ဒီ၊ ဖရိုင်းဒရစ်၊ နီဟောက်စ်၊ ဆွမ်မား တို့ကိုတော့ ပွဲထွက် လူစာရင်းမှာ ကျိန်းသေပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်း ကတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဘွန်ဒက်စ်လီဂါမှာ ၃ ကြိမ် ထိပ်တိုက် တွေ့ဆုံ ကစားခဲ့ပြီး ၃ ကြိမ်စလုံး မှာ မိုချင်ဂလတ်ဘတ်က အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ်မှာလည်း မိုချင်ဂလတ်ဘတ် တို့ အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
အာမီးနီးယား ဘိုင်လီဖဲလ် vs မိုချင်ဂလတ်ဘတ် | အချိန်ပြည့် 1X2 သရေ @ ၃.၃၀ ဆ | |
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၉:၀၀ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာတော့ အာမီးနီးယား ဘိုင်လီဖဲလ် အတွက် ၃.၃၀ဆ၊ သရေ အတွက် ၃.၃၀ ဆနဲ့ မိုချင်ဂလတ်ဘတ် အတွက် ၂.၁၄ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ မိုချင်ဂလတ်ဘတ် ဘက်မှာ ခြေစုံပစ် ရပ်တည်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ အစဉ်အလာအရ ဂလတ်ဘတ်တို့ အသာရခဲ့တာ မှန်ပေမယ့် ဒီတစ်ကြိမ် အာမီးနီးယား ဘိုင်လီဖဲလ် အိမ်ကွင်းမှာ ဂလတ်ဘတ်တို့ နိုင်ပွဲရဖို့ မလွယ်ကူပါဘူး။ သရေလောက်ပဲ မျှော်လင့်ထားချင်ပါတယ်။ သွင်းဂိုး အနည်းကို ပိုပြီး သဘောကျပါတယ်။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.