ဘေယန်မြူးနစ် – မိန့်ဇ်
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ဘေယန်မြူးနစ်တို့ အခုတစ်ပတ် စနေနေ့ မှာတော့ မိန့်ဇ်ကိုအိမ်ကွင်းအလိုင်းရန့်ဇ် အရီနာမှာဧည့်ကစားရဖို့ ရှိနေပါတယ်။ချန်ပီယံလိဂ် အုပ်စုအဆင့် အပြီးမှာပြည်တွင်းပွဲစဉ်တွေကိုအာရုံပြန်စိုက်လာမယ့် ဘေယန်မြူးနစ်တို့ အစဉ်အလာအတိုင်းမိန့်ဇ်ကိုအိမ်ကွင်းမှာသက်တောင့်သက်သာအနိုင်ရသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါဟာဘေယန်မြူးနစ် အတွက်တော့ ခြေရည်သွေးတဲ့ ပြိုင်ပွဲတစ်ခုလို့ ဆိုရလောက်အောင် လွယ်ကူနေဆဲဖြစ်ပါတယ်။ ခြေစွမ်းပိုင်းဘယ်လောက်ပဲယိမ်းယိုင်နေပါစေရာသီအကုန်မှာအမှတ်ပေးဖလားကိုမရရအောင် ယူတတ်တဲ့ ဘေယန်မြူးနစ်တို့ ဒီရာသီမှာလည်းပုံစံကောင်းတစ်ခုနဲ့ အတူအမှတ်ပေးဇယားထိပ်ဆုံးကနေအမှတ်ဖြတ် ဦးဆောင်နေခဲ့ပါတယ်။ပွဲစဉ် (၁)မှာမိုချင်ဂလတ်ဘတ်နဲ့ သရေကျပြီးပွဲစဉ် (၇)နဲ့ (၁၂)မှာဖရန့်ဖတ်နဲ့ အော့စ်ဘတ်ကိုရှုံးနိမ့်ထားခဲ့တာကလွဲရင် ကျန်ပွဲစဉ် အားလုံးမှာတော့ ချန်ပီယံခြေစွမ်းနဲ့ ဂိုးပြတ် နိုင်ပွဲတွေပိုင်ဆိုင်ထားခဲ့ပါတယ်။ (ချွင်းချက် အနေနဲ့ ဘေယန်တို့ ပိုကယ်ဖလားဒုတိယအဆင့် ပွဲစဉ်မှာမိုချင်ဂလတ်ဘတ်ကို ၅-၀ ရလဒ်နဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ထားခဲ့ပါတယ်။) အော့စ်ဘတ်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲပြီးထဲက ၄ ပွဲဆက် နိုင်ပွဲပြန်ရထားတဲ့ ဘေယန်မြူးနစ်တို့ ဒေါ့မန်နဲ့ ဘာစီလိုနာလိုအသင်းကောင်းတွေကိုသက်တောင့်သက်သာအနိုင်ရထားတာတွေ့ရပါတယ်။ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းကတောင့်တင်းတဲ့ လူစာရင်းနဲ့ပဲပွဲထွက်လာဖို့ များနေပြီးကင်မစ်ချ်၊ ဂနာဘရီ၊ ဆဘစ်ဇာ၊ ချူပိုမော့တင်းတို့ကတော့ ဒဏ်ရာပြသနာရှိနေလို့ လွဲချော်မယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအလယ်လောက်မှာရပ်တည်နေတဲ့ မိန့်ဇ်တို့ ဒီရာသီမှာခြေစွမ်းပိုင်းတော်တော်လေးတိုးတက်လာခဲ့ပေမယ့် တစ်ပွဲနဲ့ တစ်ပွဲအတက်အကျ မမှန်သေးလို့ ရလဒ်ပိုင်းလည်းမတည်ငြိမ်တာတွေ့ရပါတယ်။ အသင်းကြီး၊ အသင်းငယ် မရွေးနိုင်ချင်တဲ့ ပွဲနိုင်ပြီးရှုံးချင်တဲ့ပွဲရှုံးနေတဲ့ မိန့်ဇ်ရဲ့ ခြေစွမ်းကမှန်းဆရတော့ ခက်ပါတယ်။ တန်းဆင်းဇုန်ရဲ့ အထက်ကစတုဂတ်ကိုရှုံးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်မှာဝုဖ်ဘတ်လိုအသင်းကိုတော့ ၃ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ မိန့်ဇ်ရဲ့ အားရာစရာကောင်းတဲ့ အခြေအနေတစ်ခုကခံစစ်ပိုင်းတောင့်တင်းနေတာဖြစ်ပြီး ၁၄ ပွဲကစားပြီးချိန်မှာတိုက်စစ်ကသွင်းဂိုး ၂၀ ရထားပြီးခံစစ် ကတော့ ၁၄ ဂိုးပဲပြန်ပေးထားရပါတယ်။ဒီရာသီဘွန်ဒက်စ်လီဂါမှာဖရိုင်းဘတ် (၁၃ ဂိုး) ပြီးရင် ပေးဂိုးအနည်းဆုံးအသင်းဖြစ်နေခဲ့ပြီးဘေယန်မြူးနစ်တောင် ပေးဂိုး ၁၅ ဂိုးအထိရှိနေခဲ့တာဖြစ်ပါတယ်။ အခုပွဲမှာလည်းဘိုဆဗန်ဆန်ရဲ့ အသင်းကခံစစ် အသားပေး ၃-၄-၁-၂ ကစားကွက်နဲ့ အတူရောဘတ်လီဝမ်ဒေါစကီးဦးဆောင်တဲ့ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကိုတတ်နိုင်သမျှ ထိန်းချုပ်ဖို့ ကြိုးပမ်းလာဦးမှာပါ။ ဒါ့အပြင် အဓိကကစားသမားအများစုဒဏ်ရာပြသနာကင်းရှင်းနေတာကလည်းမိန့်ဇ် အတွက် အားတက်စရာအခြေအနေတစ်ခုလို့ ပြောလို့ ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်းရဲ့ ဘွန်ဒက်စ်လီဂါထိပ်တိုက်တွေ့ဆုံမှုအကြိမ် ၃၀ မှာဘေယန်မြူးနစ်တို့ ၂၂ ကြိမ် အနိုင်ရပြီး ၅ ကြိမ်သာရှုံးနိမ့်ထားခဲ့ပါတယ်။ အစဉ်အလာအရမိန့်ဇ်နဲ့ တွေ့ဆုံချိန်တိုင်းဂိုးပြတ် နိုင်ပွဲရဖို့ မခက်ခဲခဲ့တဲ့ ဘေယန်မြူးနစ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာတော့ ၂-၁ ရလဒ်နဲ့ အရှုံးပေးထားခဲ့ရပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘေယန်မြူးနစ် – မိန့်ဇ် | အချိန်ပြည့် ဂိုးပေါ် ၃.၅၀ @ ၁.၈၄ ဆ | |
ဒီဇင်ဘာလ ၁၁ ရက်၊ ည ၉:၀၀ နာရီ (GMT+ ၆:၃၀) |
ဘေယန်မြူးနစ် ပွဲဖြစ်လို့ ထုံးစံအတိုင်းအနိုင်/အရှုံးထက် ဂိုးပေါင်းကိုဦးတည် စဉ်းစားရဖို့ ရှိလာခဲ့ပြန်ပါပြီ။ ဘေယန်မြူးနစ် အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပေမယ့် SBOTOP 1X2 မှာတော့ ၁.၂၃ ဆပဲကြေးဖွင့်ပေးထားလို့ နိုင်ရင်တောင် အရနည်းလို့ ပျော်ရမှာမဟုတ်ပါဘူး။ အဲ့တော့ ဂိုးပေါင်းကိုပဲစဉ်းစားရတော့မှာဖြစ်ပြီးမှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အစဉ်အလာအရကြည့်ရင် ဘေယန်တို့ အိမ်ကွင်းမှာဆိုရင် မိန့်ဇ်ကိုဂိုးပြတ် အနိုင်ယူဖို့ မခက်ခဲ့သလိုတစ်ဖက်ကပြန်ကြည့်ရင်လည်းမိန့်ဇ်ရဲ့ ခံစစ်ကဒီရာသီဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် အသင်းအားလုံးထဲမှာ Clean Sheet အများဆုံးရထားတာတွေ့ရပါလိမ့်မယ်။ အဲ့တော့ အိမ်ကွင်း/ အဝေးကွင်းစွမ်းဆောင်ရည်တွေနဲ့ ပြန်ချိန်ဆပြီးဘေယန်မြူးနစ်နဲ့ ဂိုးပေါ် ၃.၀၀ ကိုရွေးချယ်တာကအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်လိမ့်မယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်(၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.