နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလစ်ဆီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်ကစားသမား မိုက်ကယ် အိုလစ်ဆီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ကို နောက်ကောက်ချကာ အိုလစ်ဆီကို အရ ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ မိုက်ကယ် အိုလစ်ဆီကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပြီး ပေါင် ၄၅ သန်း+အပိုဆုကြေး ပေါင် ၅ သန်း ဝန်းကျင်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်မှာ Sell on Clause လည်း ပါရှိပြီး ပြင်သစ်သားဟာ ၂၀၂၉ ခုနှစ် အထိ ဘွန်ဒက်စ်လီဂါ ကလပ် ကလပ်မှာ ရှိနေတော့မှာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ပြင်သစ် ညာတောင်ပံ ကစားသမားဟာ အင်္ဂလန် ကလပ် ရက်ဒင်းနဲ့ အတူ စတင် တောက်ပလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့ပြီး ၃ ရာသီ အတွင်း ပွဲပေါင်း ၉၀ ကစားကာ ၁၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အိုလစ်ဆီဟာ အစောပိုင်း ရာသီတွေမှာ လူသိများခြင်း မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက ၁၉ ပွဲ ကစားရာမှာ ၁၀ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဥရောပထိပ်သီး ကလပ်တွေရဲ့ မျက်စိကျခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ကယ် အိုလစ်ဆီက ပါရီ အိုလံပစ်မှာ ဝင်ရောက် ကစားဖို့ အတွက် ပြင်သစ် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ထားခံထားရပြီး အနာဂတ်မှာ အခုထက် ပိုမိုတောက်ပလာဦးမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ချဲလ်ဆီးဟာ အိုလစ်ဆီကို အသည်းအသန် ခေါ်ယူချင်ခဲ့ပေမယ့် ဘေယန်မြူးနစ်ရဲ့ ကြိုးပမ်းမှု အပြင် ကစားသမားရဲ့ ရွေးချယ်မှုတွေကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ နောက်ကျကျန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီကစားသမားဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီ သဘောကျတဲ့ ကစားသမား ဖြစ်ပြီးတော့ ဟီရိုကီ အီတို၊ ဘရိုင်ယန် ဇာရာဂိုဇာ၊ နက်စတိုရီ အိုင်ရန်ကွန်ဒါ၊ အာမင်ဒို ဆိဘ် တို့ အပြီးမှာ ခေါ်ယူခဲ့တဲ့ စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် အသင်းနဲ့ တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် မိုက်ကယ် အိုလစ်ဆီက “ဘေယန်မြူးနစ် အသင်းနဲ့ ဆွေးနွေးမှုတွေက အရမ်းကို အပြုသဘောဆောင်ခဲ့ပြီး အခုလို အသင်းကြီး တစ်သင်း အတွက် ကစားပေးရတော့မှာ ဖြစ်လို့ အရမ်းပျော်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး အိုလစ်ဆီက“ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပြီး အဲဒါကို ကျွန်တော် ရှာဖွေနေခဲ့တာပါ။ ကျွန်တော် ဒီအဆင့်မှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြပြီး လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ အသင်းနဲ့ တတ်နိုင်သမျှ ဆုဖလားတွေ များများ ရဖို့ ကြိုးစားတဲ့ နေရာမှာ ကျွန်တော် ပါဝင်ချင်ပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၁၁ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ စံချိန်ကောင်းတွေ ပျက်ဆီးခဲ့ရပါတယ်။ ဒါကြောင့် ဘေယန် တာဝန် ရှိသူတွေက အသင်းကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးပမ်းနေခဲ့ပြီးတော့ လူငယ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီကို ခန့်အပ်ကာ သူ့ရဲ့ အစီအစဉ်တွေ အတိုင်း ရှေ့ဆက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိုလစ်ဆီက လာလမယ့်ရာသီ ကွန်ပနီရဲ့ အသင်းမှာ အဓိက ကစားသမား အဖြစ် ကျိန်းသေပေါက် မြင်တွေ့ရဖို့တော့ ရှိနေပြီ ဖြစ်ပါတယ်။

အိုလစ်ဆီနဲ့ ပတ်သတ်လို ဘေယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ခရစ္စတို ဖရန့်က “မိုက်ကယ်က လျင်မြန်တယ်၊ ဆန်းကျယ်တယ်၊ ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ တိုက်စစ်ပိုင်းမှာ စွယ်စုံရတယ်။ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်းတွေက ထူးထူးခြားခြား ဖြစ်နေပါပြီ။ အသက် 22 နှစ် အရွယ်မှာ မိုက်ကယ်က အရမ်းကို အဆင့်မြင့်နေပါပြီ၊ ဒါပေမယ့်လည်း ဆာလောင်မှုတွေနဲ့ အတူ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ ပရိသတ်တွေက မိုက်ကယ် အိုလီဆယ်လို ကစားသမားတွေကို ကြည့်ဖို့ ကွင်းထဲကို လာခဲ့ကြတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ဖူလ်ဟမ် ကွင်းလယ်လူ ယာအို ပေါ်လင်ဟာ ကိုလည်း ပေါင် ၄၂ သန်း+ အပိုဆုကြေး ပေါင် ၄ သန်းနဲ့ ခေါ်ယူဖို့လည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်