နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူချယ်ရဲ့ အနာဂတ်ကို ရာသီသိမ်းချိန်မှ ဆုံးဖြတ်မယ့် ဘေယန်မြူးနစ်၊ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လိုကြောင်း သတင်းတွေ ထွက်နေတဲ့ ဘယ်လင်ဟမ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

တူချယ်ရဲ့ အနာဂတ်ကို ရာသီသိမ်းချိန်မှ ဆုံးဖြတ်မယ့် ဘေယန်မြူးနစ်၊ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လိုကြောင်း သတင်းတွေ ထွက်နေတဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ ညနေခင်း ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တူချယ်ရဲ့ အနာဂတ်ကို ရာသီသိမ်းချိန်မှ ဆုံးဖြတ်မယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ နည်းပြ‌ သောမတ်စ် တူချယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဘွန်ဒက်စ်လီဂါ ရာသီသိမ်းချိန် မေလ (၂၂) ရက်နေ့မှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဘေယန်မြူးနစ်တို့ အမှတ်ပေးချန်ပီယံဆု အတွက် ဒေါ့မန်ရဲ့ နောက်ကနေ လိုက်လံ ဖိအားပေးနေရပြီး အသင်းရဲ့ အောင်မြင်မှု အနေအထား ကလည်း တူချယ်ရဲ့ အနာဂတ် အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်း၊ အားကစား ဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ် တို့ရဲ့ အနာဂတ် ကိုလည်း မေလ (၂၂) ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် အသင်းရဲ့ ထိပ်သီးပိုင်း အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။

တကယ်လို့သာ ဘေယန်မြူးနစ်တို့ ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့မယ် ဆိုရင်တော့ တူချယ်နဲ့ အတူ အိုလီဗာခန်း၊ ဆာလီဟာမစ်ဇစ် တို့လည်း သူတို့ရဲ့ ရာထူးတွေကို စွန့်လွှတ်ရဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။


ဘေယန် အမှတ်ပေးချန်ပီယံ မဖြစ်ရင် တူချယ် အထုတ်ခံရမယ်လို့ ဟာမန်းပြော

ဂျာမနီ လက်ရွေးစင် ကစားသမားဟောင်း ဒီယက်မာဟာမန်းက ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆု ကိုသာ ဘေယန်မြူးနစ်တို့ မဆွတ်ခူးနိုင်ခဲ့ရင် နည်းပြ သောမတ်စ် တူချယ် ရာထူးက အထုတ်ခံရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာ လိဂ်ပွဲ (၅) ပွဲ ကစားဖို့ ကျန်ရှိနေပြီး ဒေါ့မန်က ဘေယန်မြူးနစ်ထက် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ဒေါ့မန်သာ လက်ကျန် (၅) ပွဲမှာ အမှတ်မလျော့ခဲ့ဘူး ဆိုရင်တော့ ဘေယန်မြူးနစ်တို့ အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်မှာ ဖြစ်ပြီး ဒီအနေအထားက တူချယ်ကို ရာထူးက‌နေ အထုတ်ခံရစေနိုင်တယ်လို့ ဟာမန်းက ပြောကြားခဲ့တာပါ။

ဟာမန်းက အမှတ်ပေးချန်ပီယံဆု ကိုသာ ဘေယန်မြူးနစ်တို့ ဆုံးရှုံးခဲ့ရရင် တူချယ် အထုတ်ခံရမယ် ဆိုတာ ရှင်းလင်း သေချာကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ ဂျာမန်ပိုကယ်လ်ဖလား တို့ကနေလည်း ထွက်ခွာခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ကသာ သူတို့ အတွက် လက်ရှိအချိန်မှာ မျှော်လင့်နိုင်မယ့် တစ်ခုတည်းသော ဆုဖလားလည်း ဖြစ်ပါတယ်။


လစ်ဗာပူးလ်ကို ပြောင်းရွှေ့ချင်ကြောင်း ဒေါ့မန်ထံ အသိပေးထားတဲ့ ဘယ်လင်ဟမ်

လစ်ဗာပူးလ် ကတော့ ဘယ်လင်ဟမ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း (၁၃၀) ကို ပေးချေလိုခြင်း မရှိတာကြောင့် မခေါ်ယူတော့ဘူးလို့ သတင်းထွက်ခဲ့ပါသေးတယ်။
လစ်ဗာပူးလ်ကို ပြောင်းရွှေ့ချင်ကြောင်း ဒေါ့မန်ထံ အသိပေးထားတဲ့ ဘယ်လင်ဟမ်

ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ လာမယ့် နွေရာသီမှာ အင်္ဂလန်မြေကို ပြန်ပြီး လစ်ဗာပူးလ်ကို ပြောင်းရွှေ့ကစားချင်တယ် ဆိုပြီး အသင်းထံ အသိပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် (၁၉) နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့က စိတ်ဝင်စားလျက်ရှိပါတယ်။ လစ်ဗာပူးလ် ကတော့ ဘယ်လင်ဟမ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၃၀) ကို ပေးချေလိုခြင်း မရှိတာကြောင့် မခေါ်ယူတော့ဘူးလို့ သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အခြားသော သတင်းအရပ်ရပ် မှာတော့ လစ်ဗာပူးလ်တို့ ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်