နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရပြီ ဖြစ်တဲ့ အန်တိုနီ | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ ရီးရဲလ်ဘက်တစ်မှာ ခြေစွမ်းပြနေတဲ့ အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စပိန် သတင်းမီဒီယာ Fichajes က ဖော်ပြလာပါတယ်။ ဘရာဇီးလ် တောင်ပံ ကစားသမားဟာ မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် အငှားနဲ့ သွားရောက် ကစားနေတဲ့ ရီးရဲလ်ဘက်တစ် မှာတော့ ခြေစွမ်းပြနေတာကြောင့် သူ့ကို ဘေယန်မြူးနစ် အပါအဝင် ဥရောပထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

အန်တိုနီဟာ ယူနိုက်တက် ကနေ ရီးရဲလ်ဘက်တစ်ကို ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း ပတ္တမြားမှန်လို့ နွံမနစ်ကြောင်း ပြသကာ သူ့ရဲ့ ပုံစံကောင်း တစ်ခုကို ပြန်လည် ရှာဖွေတွေ့ရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အန်တိုနီက ရီးရဲလ်ဘက်တစ် အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားရာမှာ ၄ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးထားပြီး အသင်း အတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေသူ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ၂၀၂၂ ခုနှစ် နွေရာသီ ကမှ အေဂျက်စ် ကနေ သူ့ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် ရှိရာ ယူနိုက်တက်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပတယ်။ အန်တိုနီက ယူနိုက်တက် အတွက် ပထမဦးဆုံး ရာသီမှာ ၁၀ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဒုတိယရာသီ မှာတော့ ၃ ဂိုး သွင်းကာ ၂ ဂိုးသာ ဖန်တီးနိုင်ခဲ့တာကြောင့် Flop player အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အန်တိုနီဟာ ရီးရဲလ်ဘက်တစ်ကို မပြောင်းရွှေ့ခင် ဒီရာသီ မှာလည်း ယူနိုက်တက် အတွက် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အကယ်၍ ဘွန်ဒက်စ်လီဂါ ကလပ် ကသာ အန်တိုနီ အတွက် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေရင်တော့ ယူနိုက်တက် ဘက်က ကျိန်းသေပေါက် လိုက်လျောဖွယ်လည်း ရှိနေပါတယ်။
လာလီဂါမှာ မထင်မှတ်လားအောင် ခြေစွမ်းပြနေတဲ့ ရီးရဲလ်ဘက်တစ်

ဘက်တစ်မှာ ခြေစွမ်းပြနေတဲ့ အန်တိုနီ အနေနဲ့ အငှား စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ အင်္ဂလန်မြေကို ပြန်သွားရဖို့ ရှိနေပေမယ့် ယူနိုက်တက် ဘက်ကတော့ အန်တိုနီကို အသင်း ကနေ အပြီးသတ် ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ရီးရဲလ်ဘက်တစ် ကလည်း အန်တိုနီကို အပြီးသတ် သို့မဟုတ် နောက်တစ်ရာသီ အငှားနဲ့ ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ ဒီလို အခြေအနေမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီးတို့က အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ အသင်းရဲ့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုမန်ကို ရောင်းချဖို့ စီစဉ်နေပြီး သူ့ရဲ့ နေရာမှာ အန်တိုနီနဲ့ ပြန်လည် အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ရဲ့ နောက်ထပ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်တဲ့ လီရွိုင်း ဆာနေး ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အန်တိုနီကို ကြိုးပမ်းလာဖွယ် ရှိနေတာပါ။ အကယ်၍ ဘွန်ဒက်စ်လီဂါ ကလပ် ကသာ အန်တိုနီ အတွက် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေရင်တော့ ယူနိုက်တက် ဘက်က ကျိန်းသေပေါက် လိုက်လျောဖွယ်လည်း ရှိနေပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ယူနိုက်တက်ဟာ အသင်း ကနေ အငှားချထားတဲ့ တောင်ပံ တိုက်စစ် ကစားသမား ၃ ဦး ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီ တို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ် ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ ကစားသမား ၃ ဦးကို ရောင်းချလို့ ရတဲ့ ငွေကြေး တစ်ရပ်ကို ကစားသမားသစ်တွေ ပြန်လည် ခေါ်ယူဖို့ အတွက် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်