နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ မိန့်ဇ်ကို အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၅ – ၂ မိန့်ဇ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘေယန်မြူးနစ်နဲ့ မိန့်ဇ်တို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် မှာတော့ အိမ်ရှင်တို့ ဒုတိယပိုင်း သွင်ဂိုးတွေကြောင့် ၅-၂ ရလဒ်နဲ့ အနိုင်ရပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပေမယ် ဒုတိယပိုင်းမှာတော့ တိုက်စစ် ခြေစွမ်းပြပြီး ၅ ဂိုးအထိ ပြန်လည် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ အခုပွဲစဉ်မှာတော့ ထုံးစံအတိုင်း အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲစတာနဲ့ ပြိုင်ဘက်အသင်းဘက်ကို လွှမ်းမိုးနိုင်ဖို့ အားထုတ်ခဲ့ပေမယ့် မထင်မှတ်ပဲ တိုက်စစ်က လီဝန်ဒေါစကီး၊ ဂနာဘရီ၊ ဆာနေး၊ မူလာတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၃၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ တစ်ဆင့် မိန့်ဇ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ကွင်းလယ်က ဒန်နီလတ်ဇာရဲ့ ကန်တင်ပေးပို့မှုကနေ တိုက်စစ်က ဂျိုနသန်ဘားကတ်ဒ် ဘေယန်မြူးနစ်‌ နောက်ခံ လူတွေကို ဖောက်ထွက်ပြီး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးခါနီးမှာ ဘရိုစင်စကီးရဲ့ ကန်တင် ပေးပို့မှုကနေ အလက်ဇန်းဒါး ဟက်ခ်က ခေါင်းတိုက်သွင်းယူခဲ့လို့ မိန့်ဇ်တို့ ၂ ဂိုးပြတ်ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ဘေယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ် အနေနဲ့ နောက်တန်းက ဘိုတန်းအစား ဆူလီ၊ ပါဗက် အစား ဂိုရက်ဇ်ကာနဲ့ လူစားလဲခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ လူစားလဲ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး တစ်သင်းလုံး အချိတ်အဆက်မိမိနဲ့ ကစားပုံပြန်ကောင်းလာခဲ့တာကြောင့် မိန့်ဇ်နောက်တန်းကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀ မှာတော့ ဂျော်ရွှာကင်မစ်ချ်က ပထမဦးဆုံး ချေပဂိုး၊ ၅၆ မိနစ်မှာ လီရွိုင်း ဆာနေးက တစ်ကိုယ်တော် စွမ်းရည်နဲ့ ဒုတိယချေပဂိုးတွေကို ဆက်တိုက်သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ် မှာတော့ မိန့်ဇ် ကွင်းလယ်လူ လီအန်ဒရို ဘာရီရိုက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပေမယ့် ဘေယန်မြူးနစ်ကစားသမားတွေ လူကျွံနေလို့ နစ်နာခဲ့ရပါတယ်။ မိနစ် ၇၀ အရောက်မှာ နစ်ကလပ်စ် ဆူလီက အဝေးကန်ချက်နဲ့ တတိယဂိုး သွင်းယူပေးခဲ့ပြီး ၇၆ မိနစ်မှာ လီဝန်ဒေါစကီးက ပင်နယ်တီ ကတစ်ဆင့် စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ တောင်ပံက သောမက်စ်မူလာ ချိုးပေးတဲ့ဘောလုံးကို လီဝန်ဒေါစကီးက မြေမကျပိတ်သွင်းသွားခဲ့လို့ ဘေယန်မြူးနစ်တို့ ၅-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ်တို့ ပထမပိုင်း ကစားပုံကြောင့် ရှုံးနိမ့်မယ်လို့ ထင်ခဲ့ကြမယ့် ဒုတိယပိုင်းမှာတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အကောင်းဆုံး ခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပြီး သွင်းဂိုးတွေလည်း တရစပ် ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ဟန်ဆီဖလစ်ခ်ရဲ့ နည်းစနစ်နဲ့ လူစားလဲမှု မှန်ကန်တာကြောင့်လည်း ဘေယန်မြူးနစ် တို့ ပွဲအပြီးမှာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲပြန်ရှာတွေ့ခဲ့တယ်ဆိုရင် မမှားပါဘူး။ မိန့်ဇ်ကတော့ ပထမပိုင်းမှာ ဘေယန်မြူးနစ်ကို အကောင်းဆုံး ခြိမ်းခြောက် ကစားနိုင်ခဲ့ပေမယ့် အသင်းကြီး တစ်သင်းရဲ့ ရုန်းအားကိုတော့ တောင့်ခံနိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်တို့ အခုနိုင်ပွဲကြောင့် ရမှတ် ၃၃ မှတ်နဲ့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာက လိုက်ပ်ဇစ်ကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ မိန့်ဇ်ကတော့ ရလဒ်ဆိုး တွေ အောက်ကနေ ရုန်းထွက်  နိုင်ခြင်း မရှိသေးပဲ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ် မိုချင်ဂလတ်ဘတ် အိမ်ကွင်းကို သွားရောက်ကစားရဖို့ ရှိပြီး မိန့်ဇ်ကတော့ ဖရန့်ဖတ်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်