နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှားလုပ်ခွင့်မရှိတဲ့ ဒေါ့မန် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဒေါ့မန် – လိုက်ပ်ဇစ်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးပွဲ ဖြစ်တဲ့ ဒေါ့မန်နဲ့ ‌လိုက်ပ်ဇစ်တို့ တွေ့ဆုံမှုကတော့ ထုံးစံအတိုင်း သွင်းဂိုး ခပ်များများနဲ့ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ လိုက်ပ်ဇစ် အတွက်က ရမှတ် မလိုအပ်တော့ပေမယ့် ဒေါ့မန် ကတော့  ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေကနေ တတ်နိုင်သမျှ အမှတ်‌တွေ ရှာဖွေရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲဆက် နိုင်ပွဲ ပြန်ရှာထားနိုင်တာကို ကြည့်ခြင်းအားဖြင့် ဒေါ့မန်တို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဘယ်လောက်အထိ အားစိုက်နေသလဲဆိုတာ သိသာပါတယ်။ ဟာလန်း၊ ဂျေဒန်ဆန်ချို၊ ရေနာ၊ ဒါဟွတ်ဒ်တို့လို လူငယ်ကစားသမား‌တွေအပြင် နောက်တန်းက ပစ်ဆက်ဇက်ခ်၊ ဟမ်းမဲလ်၊ ဂွာရဲရိုးတို့နဲ့ လူပြန်စုံသလောက် ရှိနေပြီမို့လို့ လိုချင်တဲ့ ရလဒ်တွေကို အကောင်းဆုံး ရှာဖွေထားနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်မှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန်ရဲ့ တိုက်စစ်က နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၃ ဂိုးနီးပါး သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ကတော့ ၅ ပွဲမှာ ၂ ဂိုးပဲရှိခဲ့တာ တွေ့ရပါတယ်။ ဒီပွဲပြီးရင် မေလ ၁၄ ရက်နေ့မှာ ဒေါ့မန်တို့ လိုက်ပ်ဇစ်နဲ့ပဲ ပိုကယ်ဖလား ဗိုလ်လုပွဲ ဆက်ကစားရဦးမှာ ဖြစ်လို့ အခုပွဲဟာ နှစ်သင်းစလုံး အတွက် ခြေကြိုစမ်းတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒေါ့မန် အတွက်က နှစ်ပွဲစလုံးက အရေးပါနေပြီး ကျိန်းသေပေါက် အနိုင်ရဖို့ အတွက်ပဲ အားစိုက်လာနိုင်ပါတယ်။ ဒေါ့မန်တို့ လိုက်ပ်ဇစ်နဲ့ ကစားတိုင်း အသာရခဲ့တဲ့ အစဉ်အလာကောင်းကို ဆက်ထိန်းနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။

ဝါဒါဘရီမင်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲဆက် ရှုံးပြီး လက်ရှိ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရမှတ် သိပ်မလိုအပ်တော့တဲ့ အချိန်မှာ လိုက်ပ်ဇစ်တို့ ကစားပုံ လျော့ရဲလားပြီး တချို့ပွဲတွေမှာ မထင်မှတ်ပဲ ရမှတ်တွေ ဆုံးရှုံးထားခဲ့ရတယ်။ ဒါပေမယ့်လည်း ရာသီကုန်အထိ ၃ ပွဲပဲ ကစားဖို့ ကျန်တဲ့ အချိန်မှာ ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာက ဝုဖ်ဘတ်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်ဆဲမို့လို့ ဖိအားကင်းနေတာ ဖြစ်ပါတယ်။ နည်းပြနေဂဲလ်စ်မန်း အနေနဲ့ကတော့ ရာသီကုန်ရင် ဘေယန်မြူးနစ်ကို ပြောင်းရွှေတော့မှာ ဖြစ်လို့ လိုက်ပ်ဇစ်နဲ့ ပထမဦးဆုံး ဆုဖလား အောင်မြင်မှု လိုချင်နေပုံရပြီး အခုပွဲထက် လာမယ့် ပိုကယ် ဗိုလ်လုပွဲကို ပိုပြီး အာရုံစိုက်နေတဲ့ သဘောရှိပါတယ်။ လက်တလော လိုက်ပ်ဇစ်မှာ အန်ကွန်ကု၊ ဆဇ်ဘိုစ်လာအီ၊ တိုင်လာ အက်ဒမ်တို့ ဒဏ်ရာရနေတာ ကလွဲရင် ကျန်ကစားသမားအားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒေါ့မန်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ဘွန်ဒက်စ်လီဂါ ထိက်တိုက်တွေ့ဆုံမှု ၉ ကြိမ်မှာ ဒေါ့မန်တို့ ၅ ကြိမ် အနိုင်ရထားပြီး လိုက်ပ်ဇစ် ကတော့ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ် တွေတုန်းက ၂ ကြိမ်ပဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒေါ့မန်တို့ လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်စလုံး ရှုံးပွဲမရှိသလို ၄ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု တော်တာ်များများမှာ နှစ်သင်းပေါင်း သွင်းဂိုး အနည်းဆုံး ၂ ဂိုးနဲ့ အထက်ရှိခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝုဖ်ဘတ်နဲ့ ဖရန့်ဖတ်တို့ကို နောက်ကနေ ဖိအားလိုက်ပေးနေရပေမယ့် ရမှတ်ကွာဟချက်က တော်တော်လေး ကျဉ်မြောင်းနေလို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခုပွဲကနေ ၃ မှတ်အပြည့်ရဖို့ အရေးကြီးပါတယ်။ လိုက်ပ်ဇစ်တို့ ခြေစွမ်းဘယ်လောက် ထက်မြတ်နေပါစေ ဒေါ့မန်နဲ့ တွေ့တိုင်း ရလဒ်မကောင်းခဲ့လို့ အခုပွဲမှာလည်း အိမ်ရှင်အသင်းဘက်ကပဲ ရပ်တည်သင့်ပါတယ်။ ၂-၁ လောက်နဲ့ ဒေါမန်တို့ ကပ်နိုင်သွားမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်