နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေညီနေပေမယ့် အိမ်ကွင်းအားသာချက်ရှိတဲ့ ဖရန့်ဖတ်ကို ပိုသဘောကျပါတယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဖရန့်ဖတ် – ဝုဖ်ဘတ်

အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အမှတ်ပေးပြိုင်ပွဲတွေ ပြန်ကစားဖို့ ရှိပြီး ဘွန်ဒက်စ်လီဂါ မှာဆိုရင်တော့ အသင်းတချို့ရဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေပါတယ်။ အဲ့ဒီ ပွဲစဉ်တွေထဲကမှ ဖရန့်ဖတ်နဲ့ ဝုဖ်ဘတ်တို့ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်ကတော့ အကြိတ်အနယ် တော်တော်လေး ရှိလာဦးမှာ သေချာပါတယ်။ အမှတ်ပေးဇယား ၃နဲ့ ၄ နေရာမှာ အထက်အောက် ရပ်တည်နေသလို ခြေစွမ်းကလည်း တော်တော်လေး မျှနေလို့ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာတော့ ခန့်မှန်းရ ခက်လွန်းပါတယ်။

အိမ်ရှင် ဖရန့်ဖတ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၀ ပွဲမှာ ရှုံးပွဲ တစ်ပွဲ သာရှိခဲ့ပြီး ဘေယန်မြူးနစ်၊ ဒေါ့မန်၊ ယူနီယံဘာလင် တို့လို အသင်းတွေကိုတောင် အနိုင်ရထားပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဝုဖ်ဘတ်နဲ့ ၄ မှတ် ကွာဟနေလို့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းစေဖို့နဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အားထည့် ကစားလာပါလိမ့်မယ်။ နောက်ပြီး ဖရန့်ဖတ်နဲ့ ဝုဖ်ဘတ်တို့ဟာ တွေ့ဆုံချိန်တိုင်း သူတပြန် ကိုယ်တပြန် ရှိခဲ့ပြီး ဝုဖ်ဘတ်တို့ နည်းနည်းလေး ပိုသာခဲ့ပါတယ်။ လက်ရှိ အနေအထားအရ ဆိုရင် အသင်းကြီးတွေကိုတောင် အလဲသိပ်လာခဲ့တဲ့ ဖရန့်ဖတ် တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အမြင့်ဆုံးမှာ ရှိနေမှာပါ။ ဒါ့အပြင် ဖရန့်ဖတ်ကို ရလဒ်ကောင်းတွေ ယူပေးနေတဲ့ အဓိကကစားသမား ကတော့ ပေါ်တူဂီ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗား ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးထားသလို ဒီရာသီ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၂၂ ဂိုးအထိ ရရှိထားပါတယ်။ ဖရန့်ဖတ်မှာ အန်ဒရီဆေးလ်ဗား အပြင် ကော့စတစ်၊ ကာမာဒါတို့ ခြေစွမ်းပြနေလို့ ဒီတစ်ကြိမ်မှာတော့ ဧည့်သည် ဝုဖ်ဘတ်တို့ အသာရဖို့တော့ မလွယ်ပါဘူး။

ဖရန့်ဖတ်လိုပဲ ဒီရာသီမှာ ခြေပြန်တက်လာတဲ့ ဝုဖ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာအထိတောင် တက်လှမ်းထားနိုင်ပါတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားခဲ့တဲ့ ဝုဖ်ဘတ်

ဖရန့်ဖတ်လိုပဲ ဒီရာသီမှာ ခြေပြန်တက်လာတဲ့ ဝုဖ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား  အဆင့် ၃ နေရာအထိတောင် တက်လှမ်းထားနိုင်ပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ ဘေယန်မြူးနစ်၊ ဟော့ဖန်ဟိမ်း၊ ဒေါ့မန်တို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာကလွဲရင် ကျန်ပွဲစဉ်တွေမှာတော့ အနိမ့်ဆုံး သရေ တစ်မှတ် အရယူထားနိုင်ပါတယ်။ လက်ကျန် ၇ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ အဆင့် ၅ နေရာက ဒေါ့မန်ကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်လို့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့်လည်း ဝုဖ်ဘတ်တို့ ကျန်တဲ့ ပွဲတွေမှာ ဘေယန်မြူးနစ်၊ စတုဂတ်၊ ဒေါ့မန် တို့လို အသင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးလို့ တတ်နိုင်သမျှ ရမှတ် ရှာဖွေထားမှာသာ စိတ်ချရမယ့် အနေအထား ဖြစ်ပါတယ်။ ဝုဖ်ဘတ်တို့ရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲစဉ် ၃ ပွဲသာ ရှုံးနိမ့်ထားပြီး ၆ ပွဲနိုင်ကာ ၅ ပွဲသရေကျထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဖရန့်ဖတ်နဲ့ ဝုဖ်ဘတ်တို့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဘွန်ဒက်စ်လီဂါ မှာ အကြိမ် ၂၀ တွေ့ဆုံခဲ့ပြီး ဖရန့်ဖတ်က ၅ ကြိမ် အနိုင်ရကာ ဝုဖ်ဘတ် က ၉ ကြိမ် အထိ အနိုင်ရပြီး ၅ ပွဲကတော့ သရေလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ဝုဖ်ဘတ် ကွင်းမှာ ကစားတဲ့ ပွဲမှာတော့ အိမ်ရှင်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖရန့်ဖတ် – ဝုဖ်ဘတ် အချိန်ပြည့် 1X2 အိမ်ရှင် @ 2.35
ဧပြီလ ၁၀ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၁၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံး ခြေစွမ်းက တော်တော်လေး မျှနေတယ်လို့ ပြောလို့ရပြီး ခန့်မှန်းရတော်တော်လေး ခက်ပါတယ်။ အစဉ်အလာအရ‌တော့ ဝုဖ်ဘတ်တို့ အသာရနေတာ မှန်ပေမယ့် အန်ဒရီဆေးလ်ဗား၊ ကော့စတစ်၊ လူကာယိုဗစ်တို့ ရှိနေတဲ့ ဖရန့်ဖတ် ရဲ့ တိုက်စစ်ကို မျှော်လင့်ချင်တာကြောင့် အိမ်ရှင်အသင်းဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ ခန့်မှန်းရလဒ် ၂-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်