နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး ဝုဖ်ဘတ်ကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဒေါ့မန် – ဘွန်ဒက်လီဂါ ပွဲပြီးသုံးသပ်ချက်

ဒေါ့မန် ၂ – ၀ ဝုဖ်ဘတ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့မန်နဲ့ ဝုဖ်ဘတ်တို့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ အိမ်ရှင်တို့ ခြေစွမ်းပြပြီး အာကန်ဂျီ၊ ဂျေဒန်ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဒေါ့မန်တို့ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက် ဘွန်ဒက်စ်လီဂါ ရှုံးပွဲတွေ့ခဲ့တဲ့ ဝုဖ်ဘတ်ကတော့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဒေါ့မန်တို့ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတုန်းက ယူနီယံဘာလင်ကို ရှုံးနိမ့်ထားလို့ အခုပွဲမှာတော့ ဝုဖ်ဘတ်ကို အနိုင်ရဖို့ အားစိုက်ကစားလာခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက အဓိက တိုက်စစ်မှူး အာလင်း ဘရွတ် ဟော်လန်း ဒဏ်ရာရရှိနေလို့ တိုက်စစ်က သွင်းဂိုးတွေ ရှာမတွေ့ခဲ့ဘူးဆိုပေမယ့် အခုပွဲမှာတော့ ‌ဟော်လန်း ပြန်ပါလာခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။ ဒေါ့မန်တို့ တိုက်စစ်မှာ ဟော်လန်းနဲ့အတူ ကွင်းလယ်မှာ ဂျေဒန်ဆန်ချို၊ မာကိုရိုက်စ်၊ ရေနာ၊ ဒယ်လာနေး၊ ဝစ်ဆဲလ်၊ နောက်တန်းမှာ ဂွာရဲရိုး၊ ဟမ်းမဲလ်၊ အာကန်ဂျီ၊ သောမက်စ်မြူနီယာ၊ ဂိုးမှာ ဘာကီတို့ပါဝင်လာခဲ့ပါတယ်။ ဝုဖ်ဘတ်မှာတော့ ဝဂ်ဟော့တ်စ်၊ စတီဖန်၊ အာနိုးလ်၊ ပွန်ဂရာချစ်၊ ဘာကူ တို့လို ကစာသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒေါ့မန်တို့ ပထမပိုင်း တစ်ပိုင်းလုံး ဝုဖ်ဘတ်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုဖ်ဘတ် ဂိုးသမား ကတ်စတီးလ်စ် အနေနဲ့ ဟာလန်းရဲ့ ကန်ချက် တချို့ကို ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒေါ့မန်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဂျေဒန်ဆန်ချို ထောင့်ကန်ဘော ကန်တင်ပေးပို့ရာကနေ အာကန်ဂျီက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲနောက်မှာတော့ နှစ်သင်းလုံး အပြန်အလှန်  ကစားနိုင်ခဲ့ကြပြီး ဝုဖ်ဘတ်တို့လည်း ချေပဂိုးရဖို့ အကောင်းဆုံး အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဒေါ့မန်တို့ပဲ နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ တန်ပြန်တိုက်စစ်ကနေ အန်မရီချန် တင်ပေးတဲ့ဘောလုံးကို ဂျေဒန်ဆန်ချိုက တစ်ကိုယ်တော်ဆွဲပြေးပြီး အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဝုဖ်ဘတ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် အဖြစ် လိုက်ပ်ဇစ် အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပြီး ဝုဖ်ဘတ်ကတော့ ယူနီယံဘာလင် အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
ဒေါ့မန်အတွက် ၁ဂိုးဖန်တီးပြီး ၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဂျေဒန်ဆန်ချို

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာတော့ တိုက်စစ်က အာလင်းဘရွတ်ဟာလန်း ဒဏ်ရာက ပြန်လည်သက်သာလာမှုနဲ့အတူ ဒေါ့မန်တို့ ခြေစွမ်းပြနိုင်ခဲ့ပြီး နိုင်ပွဲတစ်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ ခံစစ် ကွင်းလယ် တိုက်စစ် မျှတခဲ့လို့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ဒေါ့မန်တို့ အခုနိုင်ပွဲကြောင့် ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဝုဖ်ဘတ်ကတော့ ဒီရာသီမှာ ဒုတိယမြောက် အဝေးကွင်း ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာအထိလည်း ကျဆင်းခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝုဖ်ဘတ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် အဖြစ် လိုက်ပ်ဇစ် အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပြီး ဝုဖ်ဘတ်ကတော့ ယူနီယံဘာလင် အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်