ဘေယန်မြူးနစ် – ယူနီယံဘာလင်
ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကစားအပြီး ရက်သိပ်မခြားပဲ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ အဖြစ် ယူနီယံဘာလင်နဲ့ ကစားဖို့ ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံဘွဲ့ကို ၉ ရာသီဆက်တိုက် ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ လက်တကမ်းအလိုကို ရောက်နေပြီဖြစ်လို့ တတ်နိုင်သမျှ အမှားခံမှာတော့ မဟုတ်ပါဘူး။
ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ရှုံးခဲ့လို့ အခုပွဲမှာ ပေါက်ကွဲ ပြပါလိမ့်မယ်။ ဘွန်ဒက်စ်လီဂါ မှာတော့ ပုံစံကောင်းတစ်ခု ပြန်ရနေပြီး ဖရန့်ဖတ်ကို ကတည်းက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည် ရှာဖွေထားနိုင်ပါတယ်။ အနိုင်ရခဲ့တဲ့ အသင်းတွေထဲမှာ ဒေါ့မန်၊ စတုဂတ်၊ လိုက်ပ်ဇစ်တို့လို အသင်းတွေကို ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီး ဒဏ်ရာရနေပေမယ့် နိုင်ပွဲတစ်ပွဲတော့ ရအောင် ယူနိုင်ခဲ့ပါသေးတယ်။ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားပြီး ၂ ရက်အကြာမှာ ကစားရမှာဖြစ်လို့ ကစားသမားတွေ ပွဲပန်းနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒုတိယနေရာက အသင်းကို အမှတ်ဖြတ် ဦးဆောင်ချင်တာကြောင့် တတ်နိုင်သမျှ လူစုံထုတ်ပြီး ယူနီယံဘာလင်ကို ရင်ဆိုင်လာဦးမှာပါ။ ဘေယန်မြူးနစ်တို့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ရှုံးပွဲလုံးဝ မရှိပဲ ၁၀ ပွဲ နိုင်ပြီး ၃ ပွဲ သရေကျထားပါတယ်။ လက်ရှိ အသင်းမှာ တိုလစ်ဆို၊ ဒေါက်ကလပ် ကော်စတာ၊ လီဝန်ဒေါစကီးတို့ အပြင် ဂနာဘရီကလည်း ကိုဗစ် ကူးစက်ခံထားရလို့ အခုပွဲမှာ ပါဝင်လာနိုင်မှာ မဟုတ်သလို ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ် ကလည်း အနီကတ်ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ယူနီယံဘာလင်တို့ ရာသီအစက ရရှိခဲ့တဲ့ ပုံစံကောင်းတစ်ခု ပျောက်ဆုံးသွားပြီး နိုင်ပွဲ တစ်ပွဲရဖို့တောင် ရုန်းကန်နေခဲ့ရပါတယ်။ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရောက်ရှိနေတဲ့ ယူနီယံဘာလင် တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပါတယ်။ ယူနီယံဘာလင်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။ အဓိကကစားသမားတွေ ဖြစ်တဲ့ အေဝန်နီရီ၊ ဘက်ကာ၊ ဂိုင်ဆဲလ်မန်၊ ယူဂျ်တို့ ဒဏ်ရာပြသနာ အသီးသီး ရှိနေလို့ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဘေယန်မြူးနစ်နဲ့ ယူနီယံဘာလင်တို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်မှာတော့ ဘေယန်မြူးနစ်တို့ ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ တစ်ဖက် တစ်ဂိုးစီသရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘေယန်မြူးနစ် – ယူနီယံဘာလင် | အချိန်ပြည့် 1X2 အိမ်ရှင် @ 1.45 | |
ဧပြီလ ၁၀ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၇.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ယူနီယံဘာလင်က ပထမအကျော့တုန်းက ဘေယန်မြူးနစ်ကို သရေကစားနိုင်ခဲ့ပေမယ့် လက်ရှိ အခြေအနေအရတော့ ဂိုးပြတ်မရှုံးဖို့ မျှော်လင့်ထားရမှာပါ။ ဘေယန်မြူးနစ်မှာ အဓိက ဂိုးသွင်းစက် ရောဘတ်လီဝန်ဒေါစကီး ပါဝင်လာနိုင်မှာ မဟုတ်တာကိုတော့ ထည့်တွက်ထားရပါလိမ့်မယ်။ ဒါပေမယ့် အိမ်ရှင်တို့ အနိုင်သေချာပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.