နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင်ကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခွင့်ရခဲ့တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲပြီးသုံးသပ်ချက်

လေဗာကူဆင် ၁ – ၂ ဘေယန်မြူးနစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဘေယန်မြူးနစ်တို့ လေဗာကူဆင် အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ရပေမယ့် ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တကျော့ပြန် တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ ရဲ့ လက်ရှိ အကောင်းဆုံး အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ကြည့်ကောင်းခဲ့ပြီး အမှားပိုနည်းခဲ့တဲ့ ဘေယန်မြူးနစ် အသင်းက အနိုင်ရရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းထက်မြတ်နေတဲ့ လေဗာကူဆင်တို့ ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ အနိုင်ရဖို့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်အတောင့်တင်းဆုံး ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ပက်ထရစ် ချစ်ခ်, ကွင်းလယ်မှာ အမ်မီရီ၊ ဘမ်ဂတ်လင်ဂါ၊ ဝီရာ့တ်ဇ်၊ နောက်တန်းမှာ ဒရာဂိုဗစ်၊ ဂျွန်နသန်တာ့ရ်၊ ဆင့်ခ်ဂရေဗန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ တိုက်စစ်မှာ ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ရောဘတ် လီဝန်ဒေါစကီး ဦးဆောင်လာပြီး ဂနာဘရီ၊ ကိုမန်၊ မူလာ၊ အလာဘာ၊ တိုလစ်ဆို၊ အဲလ်ဖွန်ဆို ဒေးဗီးစ်၊ လူးကပ်စ်ဟာနန်ဒက်စ်၊ ဘိုတန်၊ နစ်ကလပ်စ် ဆူလီ၊ နူအာတို့ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ပွဲစတာနဲ့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြလို့  ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာတော့ လေဗာကူဆင်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ တောင်ပံက အမ်မီရီ ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို တိုက်စစ်မှူး ချစ်ခ်က မြေမကျလှလှပပ ကန်သွင်း ပေးသွားခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဘေယန်မြူးနစ်တို့ ချေပဂိုး ရရှိဖို့ တိုက်စစ်မြှင့်လာခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာ ရောဘတ်လီဝန်ဒေါစကီးကပဲ သောမက်စ်မူလာနဲ့ ပေးပို့မှုကနေ ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘေယန်မြူးနစ်တို့ကပဲ ဂိုးပေါက်ပိုမို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် သွင်းဂိုးမရရှိခဲ့လို့ သရေကျမယ်လို့တောင် ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၃ မိနစ်မှာ ဒီပွဲမှာ တောက်လျောက်‌ ခြေစွမ်းပြနေတဲ့ ရောဘတ်လီဝန်ဒေါစကီး က ကွင်းလယ်က ဂျော်ရွှာ ကင်မစ်ချ်ရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဘေယန်မြူးနစ်တို့ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

လေဗာကူဆင်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ်ကတော့ မိန့်ဇ်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရတဲ့ လေဗာကူဆင်

 

ပွဲပြီး ရလဒ်များ

အခုပွဲရလဒ်ကြောင့် လေဗာကူဆင်တို့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပြီး ဘေယန်မြူးနစ်ကတော့ ပြိုင်ပွဲစုံ ၁၉ ပွဲဆက်  ရှုံးပွဲမရှိစံချိန် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ခွင့်ရခဲ့ပြီး ဒုတိယနေရာက လေဗာကူဆင်ကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်က ဂျော်ရွှာကင်မစ်ချ် ပထမပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် လူစားဝင်လာတဲ့ အချိန်မှာတော့ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရောဘတ်လီဝန်ဒေါစကီးကတော့ ပူပူနွေးနွေးရရှိထားတဲ့ ဖီဖာ အကောင်းဆုံး ကစားသမားဆု နဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့အတူ အခုပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် လည်း သတ်မှတ်ခံခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

လေဗာကူဆင်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ်ကတော့ မိန့်ဇ်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်