နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂတ်မူလာစံချိန်ကို လိုက်မှီခဲ့တဲ့ လီဝမ်ဒေါစကီးကို ဂုဏ်ပြုခဲ့တဲ့ ဘေယန်မြူးနစ် အသင်းသားများ – ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်

ဖရိုင်းဘတ် ၂ – ၂ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ၉ နှစ်ဆက် ချန်ပီယံ ဘေယန်မြူးနစ်တို့ အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ဖရိုင်းဘတ်နဲ့ ပွဲမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပေမယ့် ဂတ်မူလာရဲ့ စံချိန်ကို လိုက်မှီခဲ့တဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးကြောင့် နည်းပြ ဟန်ဆီဖလစ်ခ် အပါအဝင် တစ်သင်းလုံး အောင်ပွဲခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ကတည်းက ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဘေယန်မြူးနစ်တို့ ဒီနေ့ပွဲမှာ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်နဲ့ ကစားလာတဲ့ ဖရိုင်းဘတ်ကြောင့် အခက်တွေ့ခဲ့ရပြီး ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ အခုပွဲမှာ ထုံးစံအတိုင်း ၄-၂-၃-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ရောဘတ်လီဝမ်ဒေါစကီး၊ ဆာနေး၊ မူလာ၊ ဂနာဘရီ၊ အလာဘာ၊ ကင်မစ်ချ်၊ အဲလ်ဖွန်ဆိုဒေးဗီးစ်၊ သီယိုဟာနန်ဒက်စ်၊ ဘိုတန်း၊ ဆူလီ၊ ဂိုးသမား နေရာမှာတော့ နော်အာ အစား အရန်ဂိုးသမား နူဘယ်ကို ပထမဦးဆုံးအကြိမ် ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ အိမ်ရှင် ဖရိုင်းဘတ် ကလည်း လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာပြီး ၄-၄-၁-၁ ကစားကွက်နဲ့ ဘေယန်မြူးနစ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ဘေယန်မြူးနစ် တောင်ပံက ဆာနေးရဲ့ ထိုးဖောက်မှု တချို့နဲ့ လီဝမ်ဒေါစကီးရဲ့ အပိုင် အခွင့်အရေးတချို့ကို ဖလက်ခ်ကန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲ့နောက် ဖရိုင်းဘတ် နောက်တန်းကို တရပ်စပ် ထိုးဖောက်နေတဲ့ ဘေယန်တို့ ပွဲချိန် ၂၅ မိနစ်လောက်မှာ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးနဲ့ ကြုံသွားခဲ့ပါတယ်။ နောက်ခံလူ ဂူလ်ဒီ အနေနဲ့ ဂိုးဧရိယာထဲမှာ မူလာကို နောက်ကနေ ဆွဲခဲ့တယ်ဆိုပြီး VAR က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ ပါတယ်။ ပင်နယ်တီ ကိုတော့ တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးက အမှားအယွင်းမရှိ ကန်သွင်း သွားနိုင်ခဲ့လို့ ဒီရာသီ ဘေယန်မြူးနစ် အတွက် ဂိုး ၄၀ မြောက် သွင်းဂိုး ရရှိသွားခဲ့ပါတယ်။ အဲ့နောက် ၃ မိနစ် အကြာမှာတင် အိမ်ရှင်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ဗင်ဆန်ဇို ဂရီဖိုရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ဂူလ်ဒီ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စပြီး ၅ မိနစ်အကြာမှာ ဂနာဘရီ ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ဘေယန်မြူးနစ်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂ မိနစ် အကြာမှာတော့ ဘေယန်မြူးနစ်တို့ ဂိုးတကယ်ရသွားခဲ့ပြီး မူလာရဲ့ ဖန်တီးပေးမှု ကတစ်ဆင့် ဆာနေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်း ဖရိုင်းဘတ်တို့ ချေပဂိုးရဖို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားအား ပိုမြှင့်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ကတော့ ပွဲကို အနည်းငယ် ထိန်းကစားလာခဲ့သလို တိုလစ်ဆို၊ ကိုမန် အပြင် လူငယ် ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ပွဲချိန် ၈၁ မိနစ်မှာ အိမ်ရှင်တို့ လိုအပ်နေတဲ့ ချေပဂိုး ပြန်ရခဲ့ပြီး ဂရီဖိုရဲ့ နောက်ထပ်တစ်ကြိမ် ဖန်တီးပေးပို့မှုကနေ ဘယ်နောက်ခံလူ ဂန်တာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘေယန်မြူးနစ်တို့ အနိုင်ဂိုးသွင်းနိုင်ဖို့ တစ်ကြိမ်နီးစပ်ခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိလို့ ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

လီဝမ်ဒေါစကီး ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် ၃၆၅ ဂိုးသွင်းယူထားတဲ့ ဂတ်မူလာ ပြီးရင် ၂၇၆ ဂိုးနဲ့ ဒုတိယမြောက်ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးအများဆုံး သွင်းထားတဲ့ လီဝမ်ဒေါစကီး

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဘေယန်မြူးနစ်တို့ တိုက်စစ်က ရောဘတ်လီဝမ်ဒေါစကီး အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ၂၈ ပွဲကစားပြီး သွင်းဂိုး ၄၀ ပြည့်ခဲ့တာကြောင့် ၁၉၇၁-၇၂ ခုနှစ် ဘောလုံးရာသီက ဂတ်မူလာ တင်ထားတဲ့ တစ်ရာသီအတွင်း အမှတ်ပေးပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး သွင်းထားတဲ့ စံချိန်ကို လိုက်မှီခဲ့ပါတယ်။ လီဝမ်ဒေါစကီး ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် ၃၆၅ ဂိုးသွင်းယူထားတဲ့ ဂတ်မူလာ ပြီးရင် ၂၇၆ ဂိုးနဲ့ ဒုတိယမြောက်ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး အနေနဲ့ အသက် ၃၂ နှစ် အရွယ် ရှိပြီဖြစ်လို့ ဂတ်မူလာရဲ့ စံချိန်ကို ထပ်မံ ချိုးဖျက်နိုင်ဖို့ ခက်ခဲနိုင်ပေမယ့်လည်း အခုလို ခြေစွမ်းကိုသာ နောက်ထပ် နှစ်ရာသီအကြာ ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ်။ တစ်ဖက်မှာလည်း ဖရိုင်းဘတ်တို့ သရေ ၁ မှတ် ရရှိသွားခဲ့လို့ ဘွန်ဒက်စ်လီဂါ အဆင့် ၇ နေရာက ယူနီယံဘာလင်နဲ့ ၂ မှတ်သာ ကွာဟပြီး ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ခပ်ရေးရေး ရှင်သန်နေဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ အော့စ်ဘတ်နဲ့ ကစားရဖို့ ရှိပြီး ဖရိုင်းဘတ် ကတော့ ဖရန့်ဖတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်