နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်းမှာလည်း ချဲလ်ဆီးကိုပဲ ယုံကြည်ထားတယ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ vs ချဲလ်ဆီး

အခုတစ်ပတ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေထဲက ဆီဗီလာနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ကလည်း SBOTOP ဘောလုံးပရိသတ်တွေ အကြိုက် ဖြစ်လာနိုင်လို့ ပွဲကြို ကြိုတင်ခန့်မှန်းသုံးသပ် ပေးချင်ပါတယ်။ ဆီဗီလာရော ၊ ချဲလ်ဆီးပါ အကောင်းဆုံး ပုံစံရနေပြီး အုပ်စုပထမ နေရာအတွက် အနိုင် ၃ မှတ် လုကြမယ့် ပွဲဖြစ်လို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာနေပါတယ်။

ဆီဗီလာ တို့ လက်တလောမှာ အကောင်းဆုံးပုံစံရရှိနေပြီး လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ ဆီဗီလာတို့ လာလီဂါ မှာထက် ချန်ပီယံလိဂ် မှာ ရလဒ်ကောင်းနေတာ တွေ့ရပြီး မနှစ်က ယူရိုပါလိဂ် ချန်ပီယံတို့ ရှုံးပွဲလုံးဝမရှိသေးတာ တွေ့ရပါတယ်။ လက်ရှိ ရမှတ် ပိုင်ဆိုင်မှု အရဆိုရင် ဆီဗီလာတို့ ၄ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ချဲလ်ဆီးနဲ့ ရမှတ် ၁၀ မှတ်ချင်း တူညီနေပါတယ်။ ဂိုးကွာခြားချက်အရ ချဲလ်ဆီးရဲ့ နောက်မှာ ရပ်တည်နေပါပေမယ့် အခုကစား မယ့် စပိန်မြေက တွေ ့ဆုံမှုမှာ ဆီဗီလာတို့ အိမ်ကွင်း အားသာချက်နဲ့ အနိုင်ယူဖို့ ကြိုးစားလာမှာပါ။ ဆီဗီလာတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ လာလီဂါမှာ အက်သလက်တစ် ဘီလ်ဘာအို ကို ရှုံးနိမ့်ပြီးကတည်းက ချန်ပီယံလိဂ် မှာ ခရက်စနိုဒါကို ၃-၂၊ အိုဆာဆူနာကို ၁-၀၊ ဆဲလ်တာဗီဂို ကို ၄-၂၊ ခရက်စနိုဒါကို ၁-၂၊ ဟူးစကားကို ၀-၁ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဆီဗီလာရဲ့ လက်ရှိကစားပုံကို ကြည့်မယ်ဆိုရင် တိုက်စစ်က သိပ်အားရစရာ တော့ မရှိပေမယ့် ကစားသမားအားလုံး တာဝန်ကျေနေတာ တွေ့ရပါတယ်။ အနိုင်ရသင့်တဲ့ ပွဲတွေ မှာ မဖြစ်မနေ အနိုင်ရရှိ အောင် ကစားထားနိုင်တာ နည်းပြလိုပက်တက်ဂွီရဲ့ အားသာချက်လို့ ပြောရမှာပါ။

 
ဆီဗီလာတို့လိုပဲ ချဲလ်ဆီးတို့ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် စုဖွဲ့မှုက အားရစရာ တော်တော်လေးကို ကောင်းနေပါတယ်။ ပြိုင်ပွဲစုံ ၁၄ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတာ တွေ့ရပြီး ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၃ပွဲဆက် အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဆီဗီလာနဲ့ သရေကျခဲ့တယ်ဆိုပေမယ့် ခရက်စနိုဒါ၊ ရန်းစ်၊ တို့ကို ၃ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ရာသီအစမှာတုန်း ခြေစွမ်းပိုင်း အနည်းငယ် ယိမ်းယိုင်ခဲ့တယ်လို့ဆိုရပေမယ့် ကစားသမား သစ်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ ပေါင်းစပ်မှုက အခုအချိန်မှာ အလုပ်ဖြစ်နေပြီလို့ ဆိုရမှာပါ။ ချဲလ်ဆီးတို့ နောက်ဆုံး ၉ပွဲမှာ တိုက်စစ်က သွင်းဂိုး ၁၈ဂိုးအထိ ရှိခဲ့ပေမယ့် ခံစစ်က ပေးဂိုး၂ဂိုးပဲရှိထားပါတယ်။ တိုက်စစ်က တီမိုဝါနာ၊ ဟာကင်မ် ဇီယက်ခ်ျ၊ တမ်မီအဘေရာဟမ်တို့ သွင်းဂိုးတွေ ရှာဖွေထားနိုင်သလောက် ခံစစ်က ဇူးမား၊ သီယာဂိုဆေးလ်ဗား အပြင် ဂိုးသမား အက်ဒ်၀ဒ် မန်ဒီရဲ့ လက်စွမ်း‌ပြမှုကြောင့် ပွဲတိုင်းကို ပေးဂိုးမရှိပဲ ဖြတ်‌သန်းနေပါတယ်။ လက်တလောမှာလည်း ဆီဗီလာလို ကစားပုံကောင်းတဲ့ အသင်းကို စပိန်မြေမှာ သွားရောက်ကစားရမှာ ဖြစ်ပေမယ့် တိုက်စစ်က အကောင်း‌ဆုံးပုံစံမှာ ရှိနေလို့ ချဲလ်ဆီးတို့ အဝေးကွင်းမှာ မထင်မှတ်ထားတာတွေ လုပ်ပြဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆီဗီလာတို့ လာလီဂါမှာထက် ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းနေတာ တွေ့ရပြီး မနှစ်က ယူရိုပါလိဂ် ချန်ပီယံတို့ ရှုံးပွဲလုံးဝမရှိသေးတာ တွေ့ရပါတယ်။
ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ပထမဆုံးအကြိမ် ကျော်လွန်ဖို့ ကြိုးပမ်းနေတဲ့ ဆီဗီလာ

ဆီဗီလာနဲ့ ချဲလ်ဆီးတို့ ဥရောပ ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၁ ကြိမ်ပဲ ရှိထားပြီး ဂိုးမရှိသရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ဆီဗီလာ အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၅၂ ဆ
ဒီဇင်ဘာ ၃ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင် ဆီဗီလာ ဘက်မှာ ရပ်တည်မယ်ဆိုရင် ၂.၇၇ ဆ‌ ကြေးဖွင့်ပေးထားတာတွေ့ရပြီး ဧည့်သည် ချဲလ်ဆီးဘက်မှာ ရပ်တည်မယ်ဆိုရင်တော့ ၂.၅၂ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ သရေရလဒ် အတွက်ကိုတော့ ၃.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင်တော့ နှစ်သင်းစလုံး အကောင်းဆုံးပုံစံမှာ ရှိနေပြီး ချဲလ်ဆီးက လည်း တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် မျှတနေတာ တွေ့ရပြီး ဆီဗီလာကလည်း တစ်ပွဲချင်း အကောင်းဆုံး ရလဒ်တွေ ရရှိအောင် စွမ်းဆောင် ထားနိုင်ပါတယ်။ ဆီဗီလာ အိမ်ကွင်းမှာ ဖြစ်ပေမယ့် ဧည့်သည် ချဲလ်ဆီး အသင်းဘက်မှာပဲ ရပ်တည်ချင် ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်