နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ စံချိန်ကျိုးပျက်ခဲ့လို့ စူပါဖလားအရယူပြီး စိတ်ဖြေခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ၃ – ၂ ‌ဒေါ့မန်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ အလိုင်းယန်ဇ့်အရီနာက ဂျာမန်စူပါဖလား ဗိုလ်လုပွဲမှာ ဘေယန်မြူးနစ် အသင်းကပဲ ဂျော်ရွှာကင်မစ်ချ် ရဲ့ နောက်ကျ ဂိုးနဲ့အတူ ၃-၂ ရလဒ်နဲ့ ဒေါ့မန်အသင်းကို အနိုင်ရရှိသွားပါတယ်။ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၁နဲ့ ၂ရပ်တည်ခဲ့ကြတဲ့ အသင်းတွေရဲ့ တွေ့ဆုံမှုဖြစ်လို့ အပြန်အလှန် ထိုးဖောက်ပြီး အကြိတ်အနယ် ရှိခဲ့ပါတယ်။

ဘေယန်မြူးနစ်တို့ ဂျာမန် စူပါဖလားသမိုင်းမှာ ၈ ကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ဖလားကို ရှစ်နှစ်ဆက်တိုက် ရယူပြီးချိန်ကစလို့ ပိုကယ်ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား နဲ့ ဂျာမန်စူပါဖလားတို့မှာ ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ ဝင်ရောက် ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဆုဖလားယူနိုင်ခဲ့တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က ဘွန်ဒက်စ်လီဂါ မှာ ဟော့ဖန်ဟိန်းကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ အခုပွဲမှာတော့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ဒေါ့မန်ကို ရင်ဆိုင်လာခဲ့ပါတယ်။ လက်ရှိချန်ပီယံ ဒေါ့မန် အနေနဲ့ကလည်း ဒီရာသီမှာ ဘေယန်မြူးနစ်ကို ယှဉ်နိုင်လောက်မယ့် ကစားသမား အင်အားရှိနေလို့ ဘေယန်မြူးနစ်ကို သူတင်ကိုယ်တင် ကစားပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ လာမယ့်ပွဲမှာတော့ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရဖို့ရှိပြီး ဒေါ့မန်ကတော့ ဖရိုင်းဘတ်နဲ့ ကစားဖို့ရှိနေပါတယ်။
ဥရောပစူပါဖလား လက်ရှိချန်ပီယံဘွဲ့ ကို မထိန်းသိမ်းနိုင်ခဲ့တဲ့ ဒေါ့မန်

ပွဲမှတ်တမ်းနဲ့ အချက်အလက်များ

ဒီပွဲမှာ ဘေယန်မြူးနစ်တို့ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ပြန်လည် အသုံးပြုခဲ့ပြီး တောင်ပံနှစ်ဖက်မှာ ကင်စလေကိုးမန်းနဲ့ မူလာ၊ ကွင်းလယ်မှာ ကင်မစ်ချ်၊ တိုလီဆို၊ မာတီးနက်ဇ် နောက်ခံလူတွေ နေရာမှာတော့ ပါဗက်၊ ဆူလီ၊ ဟာနန်ဒက်စ်၊ အဲလ်ဖွန်ဆိုဒေးဗီးစ် တို့နဲ့ပွဲထွက်လာပါတယ်။ ဒေါ့မန်ကတော့ အထောင်တိုက်စစ်နေရာမှာ အာလန်းဘရွတ် ဟာလန်း၊ သူ့နောက်မှာတော့ ဘရန့်တ် မာကိုရိုက်စ်၊ ကွင်းလယ်မှာ ပက်စ်လက်ခ်၊ မာမွတ်ဒါဟောက်၊ ဒီလာနီ၊ သောမက်စ်မြူနီယာ၊ နောက်ခံလူတွေ နေရာမှာတော့ မန်နျူရယ်အာကန်ဂျီ၊ မတ်စ် ဟမ်းမဲလ်၊ အန်မရီချန် တို့နဲ့ ဘေယန်ကို ရင်ဆိုင်လာပါတယ်။ ဘေယန်မြူးနစ်တို့ ဒီပွဲမှာ ဒေါ့မန်ထက် ခြေစွမ်းပိုင်း ပိုကောင်းခဲ့သလို ဒေါ့မန်တို့ ပထမပိုင်း မိနစ် ၃၀ကျော်အတွင်း ၂ဂိုး ပေးလိုက်ရတာကြောင့် ကစားပုံ ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် ကစားအားမကျသေးတဲ့ ဒေါ့မန်တို့ ၃၉ မိနစ်မှာ ဘရန့်တ် သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် စိတ်ဓာတ်  ပြန်တက်လာပြီး ဒုတိယပိုင်း ၅၅မိနစ်မှာ ဟာလန်းက ဒုတိယချေပဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာ အနိုင်ဂိုးအတွက် နှစ်ဖက်အသင်း ကစားသမားတွေ ခြေကုန်ထုတ် လာခဲ့ကြတာကြောင့် ပိုပြီးမြိုင်လာခဲ့ပါတယ်။ ဟာလန်းရဲ့ အပိုင်ကန်ချက် ကို နူအာကာကွယ်သွားခဲ့လို့ ဒေါ့မန်တို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒီပွဲရဲ့ အဆုံးအဖြတ်ဂိုးကိုတော့ ပွဲချိန် ၈၂မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လီဝန်ဒေါစကီး ပေးပို့တဲ့ ဘောလုံးကို ကင်မစ်ချ်တစ်ဦးတည်း ဆွဲပြေးသွားတဲ့အချိန် ဒေါ့မန်က လူးကပ်ဇ် ပစ်ဆီဇက်ခ်နဲ့ ဂိုးသမားမာဝင်ဟစ်ဇ်တို့ လိုက်လံတားဆီးလို့ ပြန်ကျလာတဲ့ ဘောလုံးဟာ ကင်မစ်ချ်ရဲ့ မှောက်လျက် အနေအထားနဲ့ ကို့ယို့ကားယားထိပြီး ဂိုးဝင်သွားခဲ့တာပါ။ အဲ့နောက်မှာတော့ ပွဲပြီးဆုံးတဲ့ အချိန်ထိ တစ်သင်းနဲ့ တစ်သင်း ဂိုးထပ်မသွင်းနိုင်တော့ လို့ ပွဲအပြီး မှာ ၃-၂ ရလဒ်နဲ့ ပဲ ပြီးဆုံးပြီး ဘေယန်မြူးနစ်တို့ ၂၀၂၀ခုနှစ် ရဲ့ ပဉ္စမမြောက်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ဘေယန်တို့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ လီရွိုင်းဆာနေး ပါဝင်လာခြင်းမရှိပဲ ကွင်းလယ်မှာ ကင်မစ်ချ်နဲ့ တိုလစ်ဆိုတို့ကို ကွင်းလယ်မှာထားပြီး မူလာနဲ့ ကိုးမန်ကို တောင်ပံနှစ်ဖက်မှာ ထားပြီး ကစားစေခဲ့တာက ဘေယန်တို့ ဂိုးရဖွယ်ဖို့ လွယ်ကူစေခဲ့တာ ဖြစ်ပြီး ဂိုးသမား နျူရာ ရဲ့ အဓိကကျတဲ့ ကာကွယ်မှု တွေကလည်း ဟန်ဆီဖလစ်ခ် အတွက် စိတ်ပူပန်မှုကို လျော့ကျစေခဲ့ တာလည်း ဖြစ်ပါတယ်။ နျူအာဟာ အဓိကကျတဲ့ အပိုင်သွင်းဂိုး ၂ဂိုးကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဥရောပစူပါဖလားမှာလည်း အဓိကကျတဲ့ ကာကွယ်မှု နှစ်ကြိမ်တိုင်တိုင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆာနေး ကတော့ ဂျာမန်မြေ တကျော့ပြန်ခရီးမှာ ခြေစွမ်း လောက်လောက်လားလား ပြသနိုင်ခြင်းမရှိသေးပဲ လက်ရှိမှာလည်း ဒဏ်ရာထပ်ရသွားခဲ့လို့ ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်း ထုတ်စရာတော့ ရှိလာခဲ့ပါပြီ။ ဘေယန်မြူးနစ်တို့ လက်ရှိ ချန်ပီယံခြေစွမ်းကို ဆက်ထိန်း နိုင်ဖို့အတွက် ကစားသမား အင်အားဖြည့်တင်းမှု တစ်ချို့ ပြုလုပ်ဖို့ လိုအပ်နေတယ် ဆိုတာ သိသာနေခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့်ပွဲမှာတော့ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရဖို့ရှိပြီး ဒေါ့မန်ကတော့ ဖရိုင်းဘတ်နဲ့ ကစားဖို့ရှိနေပါတယ်။ နှစ်သင်းစလုံး ခြေစွမ်းမတည်ငြိမ်သေးတဲ့ အသင်းတွေနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ၃ မှတ်အပြည့်ရဖို့ အားထုတ်ကစား လာကြပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်