နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ဂိုးမိုးရွာပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်တဲ့ ‌ဘေယန်မြူးနစ်

ယနေ့မနက်အစောပိုင်းမှာ ကစားသွားတဲ့ ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ဘေယန်မြူးနစ်တို့ ဂိုးမိုးရွာပြီး ဘာစီလိုနာကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ လက်ပြနှုတ်ဆက်သွားစေခဲ့ပါတယ်။ ၈-၂ဆိုတဲ့ရလဒ်ဟာ အသင်းကြီးနှစ်သင်းကြားမှာ ထွက်ပေါ်ခဲတဲ့ ရလဒ်တစ်ခုဖြစ်ပြီး ဘာစီလိုနာအနေနဲ့လည်း ၁၉၇၆ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် ၅ဂိုးနဲ့အထက် အရေးနိမ့်ခဲ့တဲ့ပွဲ ဖြစ်လာပါတယ်။ ဘာစီလိုနာတို့ ကွင်းလယ်ပိုင်းမှာ မယှဉ်နိုင်ခဲ့သလို နောက်တန်းကလည်း ‌တစ်ဖက်က အားကောင်းလွန်းတဲ့ ထိုးဖောက်မှုတွေကို ဘယ်လိုမှမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီရှုံးပွဲအတွက် အဓိကတာ၀န်ရှိသူတွေလို့ဆိုရင် နည်းပြဆက်တီယန်၊ နောက်တန်းကစားသမားတွေနဲ့ ဂိုးသမား စတီဂန်လို့ပြောရမှာပါ။ ဒီနှစ်ချန်ပီယံလိဂ်မှာ အကောင်းဆုံးစုဖွဲ့မှုနဲ့အတူ ပြိုင်ဘက်‌တွေကို ကျော်ဖြတ်နေတဲ့ ဘေယန်မြူးနစ်တို့ ဥရောပဘောလုံးဇာတ်ခုံပေါ်မှာ တဖန်ပြန်ပြီး အောင်ပွဲခံဖို့ နီးစပ်နေပါပြီ။ အခုပွဲမှာ မူလာနဲ့ လီ၀န်ဒေါစကီးတို့လည်း ချန်ပီယံလိဂ် စံချိန်‌သစ်‌ တွေထပ်ရခဲ့ပါတယ်။ နည်းပြဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ခံစစ်၊ကွင်းလယ်၊တိုက်စစ် လိုအပ်ချက်မရှိ အမှားအယွင်းနည်းနည်းနဲ့ တစ်ပွဲချင်းဆီအကောင်းဆုံး ကျော်ဖြတ်နေတဲ့ ဘေယန်တို့ ချန်ပီယံလိဂ်ဖလားရဖို့ ဘာ့ကြောင့်ရေပန်းအစားဆုံး ဖြစ်နေလဲဆိုတာကို သက်သေပြထားခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းဖလားတွေ အကုန်သိမ်းထားတဲ့ ဘေယန်တို့ ဥရောပပြိုင်ပွဲတွေက ဖလားတွေကိုလည်း သိမ်းပိုက်ချင်နေတဲ့ပုံပါပဲ။ ဒီရာသီအတွက် ချန်ပီယံလိဂ် မျှော်လင့်ချက်ပဲကျန်တဲ့ ဘာစီလိုနာတို့ ဖလားလက်မဲ့ ရာသီဖြစ်ခဲ့ရပါပြီ။

 ချန်ပီယံလိဂ် မျှော်လင့်ချက်ပဲကျန်တဲ့ ဘာစီလိုနာတို့ ဖလားလက်မဲ့ ရာသီဖြစ်ခဲ့ရပါပြီ။

ဘေယန်မြူးနစ်ကို တစ်သင်းလုံးယှဉ်မကစားနိုင်လို့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာ

 

အထင်ကရအချက်အလက်များ

ဒီပွဲမှာ ဘာစီလိုနာတစ်သင်းလုံးရဲ့ ပျမ်းမျှအသက်ဟာ ၂၉နှစ်နဲ့ ၃၂၉ရက်ရှိပြီး သက်ကြီးကစားသမားတွေနဲ့ ခြေစွမ်းအကျပိုင်းရောက်လာပြီဆိုတာ သိသာပါတယ်။ ဒါပေမယ့် စာရွက်ပေါ်ကလူစာရင်းချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အင်အားချင်းသိပ်မကွာဘူးလို့ထင်ရပေမယ့် တကယ်တမ်းကွင်းထဲရောက်ချိန်မှာတော့ စွမ်းဆောင်ရည်ပိုင်းမှာ ဘာစီလိုနာတို့ ဘေယန်မြူးနစ်ရဲ့ ခြေဖျားတောင်မမှီခဲ့ပါဘူး။ ဘူးစကွက်စ်၊ ဆာဂျီရောဘတ်တို၊ ဖရန်ကီဒီဂျောင် တို့ရဲ့ ကွင်းလယ်ပိုင်းက တစ်ဖက်က ဘေယန်ရဲ့ ကွင်းလယ်ကစားသမားတွေနဲ့ယှဉ်ရင် တော်တော်လေးအားပျော့ခဲ့ပါတယ်။ ဘေယန်ရဲ့ ကွင်းလယ်ပိုင်းကို ကြည့်ရင်လည်း တိုက်စစ်အားသန်တဲ့ ကစားသမားတွေ တော်တော်လေးများနေခဲ့ပါတယ်။ ဒါ့အပြင် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်နဲ့ ညာနောက်ခံလူ ဂျော်ရွှာကင်မစ်ခ်ျတို့ကလည်း တိုက်စစ်အထိပံ့ပိုးပေးနိုင်သူတွေ ဖြစ်လို့ သွင်းဂိုးတွေ တော်တော်လေးများခဲ့တယ်လို့ပြောရမှာပါ။ ပွဲအစ ၄မိနစ်မှာတင် ‌သောမက်စ်မူလာက အဖွင့်ဂိုးသွင်းပြီး ၃မိနစ်အကြာမှာ နောက်ခံလူ အလာဘာ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ တစ်ဖက်တစ်ဂိုးစီဖြစ်သွားပါတယ်။ အဲ့နောက်မှာ ဘေယန်တို့ရဲ့ တရစပ်ထိုးဖောက်မှုကနေ ၂၂မိနစ်မှာ ပယ်ရီဆစ်၊၂၇မိနစ်မှာ ဂါနာဘရီ၊၃၁မိနစ်မှာ မူလာတို့က ဂိုးတွေအသီးသီးသွင်းယူခဲ့ကြလို့ ပထမပိုင်းအပြီးမှာ ဘေယန်မြူးနစ်တို့ ၄-၁နဲ့ဦးဆောင်နေပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာလည်း ဘာစီလိုနာတို့ အမှားတွေကိုမပြင်ဆင်နိုင်ခဲ့လို့  ၅၇မိနစ်မှာ ဆွာရက်ဇ်က ချေပဂိုးတစ်ဂိုးရယူပေးခဲ့ပေမယ့်လည်း ကင်မစ်ခ်ျ၊လီ၀န်ဒေါစကီး၊ကော်တင်ဟိုတို့ရဲ့ သွင်းဂိုးတွေကို ထပ်မံခွင့်ပြုပေးခဲ့ရပြန်ပါတယ်။ ‌ဘာစီလိုနာကနေ အငှားလာကစားနေတဲ့ ကော်တင်ဟိုကိုယ်တိုင် မိခင်ကလပ်ကို ၄မိနစ်အတွင်း ၂ဂိုးသွင်းယူပေးခဲ့ပေမယ့် အောင်ပွဲတော့မခံခဲ့ပါဘူး။ ပွဲအပြီး ၈-၂ဆိုတဲ့ရလဒ်က ဘာစီလိုနာတို့ ပြောင်းလဲချိန်တန်ပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာနဲ့အတူတူပါပဲ။ မက်ဆီနဲ့ မပြေလည်မှုကနေစတဲ့ ပြသနာဟာ တစ်သင်းလုံးစည်းလုံးမှု ပျက်ပြားနေတယ်ဆိုတာ သိသာနေတာကြောင့် အနာဂတ်အတွက် ဘယ်လိုမျိုးပြင်ဆင်မှုတွေ ရှိလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။
 

 
လာမယ့်ပွဲစဉ်များ

ဒီနှစ်မှာ ဘေယန်မြူးနစ်ကို ယှဉ်နိုင်တဲ့ အသင်းမရှိဘူးဆိုပေမယ့် လာမယ့်ကွာတားဖိုင်နယ်နောက်ဆုံးပွဲမှာ မန်စီးတီးနဲ့ လိုင်ယွန်ပွဲ ကလည်း သက်ရောက်မှုတစ်ခုတော့ရှိလာဦးမှာပါ။ ဘေယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရဖို့ ထင်ကြေးပေးခံထားရတဲ့ မန်စီးတီးသာ ဆီမီးဖိုင်နယ် တက်လာခဲ့ရင်တော့ ကျိန်းသေပေါက် ပွဲကောင်းတွေ ကြည့်ရဦးမှာပါ။ လက်ရှိမှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို ဂျာမန်ကလပ်နှစ်ခုဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ဘေယန်မြူးနစ်၊ ပြင်သစ်ကပီအက်စ်ဂျီတို့ တက်ရောက်ထားပြီး ထူးခြားချက်ကတော့ အဲ့ဒီ ၃သင်းကိုကိုင်တွယ်နေတဲ့ နေဂလ်စ်မန်း၊ ဟန်ဆီဖလစ်ခ်နဲ့ သောမက်စ်တူချယ်တို့ဟာ ဂျာမနီနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်