နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ခြေစွမ်းအရ ဆီဗီလာကို အက်တလက်တီကိုတို့ မရှုံးနိုင်ဘူး – လာလီဂါ ပွဲကြိုသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် vs ဆီဗီလာ

အခုတစ်ပတ် ကြားရက်မှာ စပိန်လာလီဂါ ပွဲစဉ်တွေလည်း ယှဉ်ပြိုင်ကစားဖို့ရှိနေပြီးတော့ ဇန်နဝါရီလ ၁၃ ရက်‌နေ့ မြန်မာစံတော်ချိန် မနက် ၃ နာရီမှာ ကစားမယ့် အက်တလက်တီကို မက်ဒရစ်နဲ့ ဆီဗီလာတို့ရဲ့ ပွဲကြိုခန့်မှန်းချက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးပါမယ်။ ဒီပွဲစဉ်ဟာ ၂၀၂၀-၂၁ လာလီဂါ ပွဲစဉ် ၁ တုန်းက ရွှေ့ဆိုင်းခဲ့တဲ့ ပွဲစဉ် ဖြစ်ပြီး အခုတစ်ပတ်မှာ ပြန်ကစားတာလည်း ဖြစ်ပါတယ်။

လက်ရှိ လာလီဂါ မှာ ပြိုင်ဘက် အသင်းတွေ အားလုံးထက် ပွဲလျော့ကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းကတော့ အက်တလက်တီကို မက်ဒရစ်ပဲ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ်တို့ လာလီဂါမှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပေမယ့် ကိုပါဒယ်ရေး ပွဲစဉ်မှာတော့ အောက်တန်းကလပ်ငယ်လေး တစ်ခုဖြစ်တဲ့ ကော်နယ်လာကို တော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီရာသီ လာလီဂါ ဘီလူးကြီး နှစ်ကောင်ရဲ့ ကျဆုံးမှုကို အခွင့်ကောင်းယူဖို့ ကြိုးစား နေတဲ့ အက်တလက်တီကို မက်ဒရစ်တို့ ဝင်ပြိုင်သမျှ ဖလားအားလုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ဖလားတစ်လုံး မျှော်လင့်ချက်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒါ့ကြောင့် လာလီဂါကို အပြည့်အဝ အာရုံစိုက်လာမယ်ဆိုတာ သေချာနေခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ်တို့ အခုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၄ မှတ်ဖြစ်ပြီး ဦးဆောင်နိုင်မှာ ဖြစ်လို့ ဆီဗီလာကို အဓိက ကစားသမား အစုံအလင်နဲ့ ရင်ဆိုင်လာပါလိမ့်မယ်။ လက်ရှိ အသင်းမှာ ဟက်တာဟာရဲရား တစ်ဦးကလွဲလို့ ကျန်ကစားသမားတွေအားလုံး ဒဏ်ရာရ ပွဲပယ်ကင်းရှင်းနေလို့ အင်အားတောင့်တင်းနေပါလိမ့်မယ်။ အက်တလက်တီကို တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၈ ပွဲ ကစားရာမှာ ၇ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးနိမ့်ထားလို့ အားရစရာကောင်းပါတယ်။ အခုပွဲမှာတော့ တိုက်စစ်က လူးဝစ်ဆွာရက်ဇ်၊ ကော်ရီရာအတွဲနဲ့အတူ လော်ရန်တေး၊ ကိုကီ၊ လီမား၊ ကာရက်စ်ကို၊ ဆာဗစ်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

 
ဆီဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ ရီးရဲယ်ဆိုစီဒက်နဲ့ပွဲမှာ တိုက်စစ်ကစားသမား အန်နက်ဆရီ ခြေစွမ်းပြမှုနဲ့အတူ ၃-၂ နဲ့ အနိုင်ရပြီး လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာခဲ့ပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲလုံးဝ မရှိခဲ့ပဲ ဗယ်လာဒိုးလစ်နဲ့ ဘက်တစ်ကို သရေကျခဲ့တဲ့ ပွဲစဉ်တွေကလွဲရင် ကျန်ပွဲစဉ်တွေ အားလုံးမှာ အနိုင်ရထားခဲ့ပါတယ်။ အဲ့ထဲမှာမှ ဆိုစီဒက်၊ ဗီလာရီးရဲယ်နဲ့ ဗလင်စီယာတို့လို အသင်းတွေကို အနိုင်ရထားတာကို ကြည့်ခြင်းအားဖြင့် ဆီဗီလာတို့ ဘယ်လောက်အထိ စွမ်းဆောင်ရည် ရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ လူးကပ်စ်အိုကမ်ပို့စ်၊ ဂျီးဆပ်နားဗက်စ်၊ ကွန်ဒေး၊ ယူဆက် အန်နက်ဆီရီတို့လို ကစားသမားတွေ ခြေစွမ်းပြနေတာကြောင့်လည်း ဆီဗီလာတို့ ရလဒ်တွေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲကစား၊ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆီဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ ရီးရဲယ်ဆိုစီဒက်နဲ့ပွဲမှာ တိုက်စစ်ကစားသမား အန်နက်ဆရီ ခြေစွမ်းပြမှုနဲ့အတူ ၃-၂ နဲ့ အနိုင်ရပြီး လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာခဲ့ပါပြီ။
နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲယ်ဆိုစီဒက်ကို အနိုင်ရထားတဲ့ ဆီဗီလာ

အက်တလက်တီကို မက်ဒရစ်နဲ့ ဆီဗီလာတို့ရဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ထိပ်တိုက်တွေ့ဆုံမှု ၂၄ ကြိမ်မှာ အက်တလက်တီကို မက်ဒရစ်က ၉ ကြိမ်အထိ အနိုင်ရပြီး ဆီဗီလာကတော့ ၄ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၁၁ ပွဲအထိ ရှိထားပြီး နောက်ဆုံးတွေ့ဆုံမှု ၄ ကြိမ်မှာတော့ သရေရလဒ်တွေနဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်တလက်တီကို မက်ဒရစ် vs ဆီဗီလာ အချိန်ပြည့် 1X2 သရေ @ 3.05
ဇန်နဝါရီလ ၁၃ ရက်, ည ၃:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၀၀ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၁၀ဆ ကြေးဖွင့်ပြီး သရေ အတွက်  ၄.၃၃ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းစလုံး လက်ရှိမှာ လာလီဂါရဲ့ အကောင်းဆုံး အသင်းတွေ လို့တောင် ပြောလို့ရပါတယ်။ အသင်းလိုက်ကစားပုံကောင်းမွန်နေပြီး ရလဒ်တွေ တောက်လျောက်ကောင်းနေလို့ ခန့်မှန်းရ ခက်ပါတယ်။ အက်တလက်တီကိုမှာ လူစုံပါဝင်နိုင်ပြီး ဆီဗီလာမှာ ဒဏ်ရာပြသနာနဲ့ ကစားသမားတွေ ရှိနေလို့ အနည်းငယ်တော့ အားနည်းနေပါလိမ့်မယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အတူ အက်တလက်တီကိုမက်ဒရစ်တို့ပဲ အိမ်ကွင်းမှာ နိုင်ပွဲ ရှာတွေ့သွားမယ်ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်