နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ နိုင်ပွဲရပြီး ချန်ပီယံဆုနဲ့ အနီးဆုံးကို ရောက်လာတဲ့ အက်တလက်တီကို – လာလီဂါ ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ၂ – ၁ အိုဆာဆူနာ

မက်ဒရစ် မြို့ခံပြိုင်ဘက် နှစ်သင်းရဲ့ လာလီဂါ ချန်ပီယံလုပွဲ ကတော့ နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်အထိ ရင်ခုန်စိတ်လှုပ်ရှားရဖို့ သေချာသွားခဲ့ပါပြီ။ လာလီဂါ ပွဲစဉ်(၃၇)ရဲ့ ပွဲအားလုံးကို မြန်မာစံတော်ချိန် ည ၁၁ နာရီအချိန်မှာ တစ်ပြိုင်နက်တည်း ကစားခဲ့ပြီး ပွဲစဉ်တွေကလည်း တော်တော်လေး အကြိတ်အနယ် ရှိခဲ့ကြတာ တွေ့ရပါတယ်။ အဲ့ထဲကမှ ဘာစီလိုနာက အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့လို့ ချန်ပီယံ ပြေးလမ်းပေါ်ကနေ လုံးဝထွက်ခွာသွားရပြီး နိုင်ပွဲကိုယ်စီ ရှာဖွေနိုင်ခဲ့ကြတဲ့ မက်ဒရစ် မြို့ခံနှစ်သင်းကတော့ နောက်ဆုံးအချိန်အထိ ရေကုန်ရေခမ်း တိုက်ပွဲဝင်ကြရမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

၇ နှစ်ကြာဝေးကွာနေတဲ့ လာလီဂါ အမှတ်ပေးချန်ပီယံဆု ပြန်လည် ရရှိဖို့ နီးစပ်နေတဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက အခုပွဲမှာ ကျိန်းသေပေါက် ရလဒ်ကောင်းနိုင်ဖို့ လူစာရင်းအပြည့်အစုံနဲ့ပဲ ပွဲထွက်လာပါတယ်။ ၄-၃-၃ ကစားကွက်အရ တိုက်စစ်မှာ ဆွာရက်ဇ်၊ ကော်ရီယာ၊ ကာရက်စ်ကို၊ ကွင်းလယ်မှာ ယော်ယန်းတေး၊ ဆာအူးလ်နီဂွက်ဇ်၊ ကိုကီ၊ နောက်တန်းမှာ ထရစ်ပီယာ၊ ဟာမိုဆို၊ ဆာဗစ်၊ ဖီလစ်ပီ၊ ဂိုးမှာတော့ ထုံးစံအတိုင်း ယန်အိုဘလက်ခ်ပဲ ပါဝင်လာပါတယ်။ အိုဆာဆူနာ ကတော့ အဓိကကစားသမား တချို့ ပါဝင်ကစားနိုင်ခြင်းမရှိပေမယ့် အကောင်းဆုံး လူစာရင်းနဲ့ပဲ အက်တလက်တီကိုမက်ဒရစ်ကို လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ် တစ်သင်းလုံး အိုဆာဆူနာရဲ့ ဂိုးပေါက်ကို နေရာစုံကနေ တရစပ် ထိုးဖောက်နိုင်ခဲ့ပေမယ့် အိုဆာဆူနာ ဂိုးသမား ဆာဂျီယို ဟာရဲရား အကောင်းဆုံး လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အိမ်ရှင်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းမှာ အိုဆာဆူနာ ဂိုးသမားရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့သလို ဒုတိယပိုင်းမှာလည်း ကော်ရီယာ၊ ဆာဗစ်တို့ ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လူကျွံဘော အဖြစ်ပဲ သတ်မှတ်ပေးခဲ့တာကြောင့် ပွဲချိန် မိနစ် ၇၀ လောက်အထိ ၀-၀ ရလဒ် ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ အိုဆာဆူနာတို့ ဂိုးရသွားပြီး ဂါစီယာ တင်ပေးတဲ့ ဘောလုံးကို ဘူဒီမီယာက အားပါတဲ့ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ယန်အိုဘလက်ခ် အတတ်နိုင်ဆုံး ပုတ်ထုတ် ကာကွယ်ခဲ့ပေမယ့် ‌ဘောလုံးက ဂိုးစည်းကို တော်တော်လေးကျော်သွားတာကြောင့် ဧည့်သည် အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရတာပါ။ ဂိုးပေးလိုက်ရပေမယ့် ဆီမြွန်နီရဲ့ အသင်းက အကောင်းဆုံး ပုံစံနဲ့အတူ ပြိုင်ဘက် ဂိုးပေါက် ဆက်ပြီး ဖိအားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာတော့ ရီနန်လိုဒီက ဂျာအိုဖီးလစ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အားပါပါနဲ့ ကန်သွင်း သွားခဲ့တာကြောင့် အက်တလက်တီကိုတို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ အဲ့နောက် အနိုင်ဂိုး ထပ်ရဖို့ တိုက်စစ် ထပ်မြှင့်ခဲ့တဲ့ ဆီမြွန်နီရဲ့ အသင်းက ပွဲချိန် ၈၈ မိနစ်မှာတော့ အမှန်တကယ်ကို ဂိုးရသွားပြီး ဆွာရက်ဇ်က ဂိုးရှေ့မှာ ရတဲ့ အပိုင်အခွင့်အရေးကို အကောင်းဆုံး အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အက်တလက်တီကိုတို့ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး အဓိက ပြိုင်ဘက် ရီးရယ်မက်ဒရစ်ကို ၂ မှတ်ဖြတ်ကာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

အခုပွဲအပြီးမှာ အိုဆာဆူနာတို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး အထက်နဲ့အောက် ကပ်လျက် အသင်းတွေလည်း ရလဒ်မကောင်းခဲ့တာကြောင့် အဆင့်ရပ်တည်ချက်တွေ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။
နောက်ဆုံးပွဲမှာ ဆိုစီဒက်နဲ့ ကစားရမယ့် အိုဆာဆူနာ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ်တို့ရဲ့ တိုက်စစ်က ကြောက်စရာကောင်းလောက်အောင် အိုဆာဆူနာ ဂိုးပေါက်ကို တစ်ချိန်လုံး ထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးရဖို့ ပွဲပြီးခါနီးအထိ အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ အက်တလက်တီကို မက်ဒရစ်ဟာ ကစားသမားတွေရဲ့ နိုင်လိုစိတ် အပြင် ကံတရားကြောင့်လည်း အဖိုးတန် နိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲမက်ဒရစ်ဟာ ဘီလ်ဘာအိုနဲ့ ခက်ခက်ခဲခဲ ကစားပြီး နာချိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့လို့ အက်တလက်တီကိုမက်ဒရစ် အတွက် အခုနိုင်ပွဲဟာ ပိုပြီး အဓိပ္ပါယ် ရှိသွားခဲ့ပါတယ်။ အိုဆာဆူနာ ကတော့ အဝေးကွင်းမှာ တတ်နိုင်သမျှ အကောင်းဆုံး ကစားခဲ့ပေမယ့် အသင်းကြီး တစ်သင်းရဲ့ ခြေကုန်ထုတ် ရုန်းကန်တဲ့ဒဏ်ကို ဘယ်လိုမှ မခံနိုင်ခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲအပြီးမှာ အိုဆာဆူနာတို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး အထက်နဲ့အောက် ကပ်လျက် အသင်းတွေလည်း ရလဒ်မကောင်းခဲ့တာကြောင့် အဆင့်ရပ်တည်ချက်တွေ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။
 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ရီးရဲဗယ်လာဒိုးလစ် ကစားဖို့ ရှိပြီး အိုဆာဆူနာ ကတော့ ရီးရဲဆိုစီဒက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်