နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန္တာ – လိုက်ပ်ဇစ် | ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – လိုက်ပ်ဇစ်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အတ္တလန္တာနဲ့ လိုက်ပ်ဇစ် ပွဲကတော့ အစောဆုံး ကစားမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဂျာမန်မြေမှာ ၁-၁ ရလဒ် ထွက်ပေါ်ထားခဲ့လို့ ဆီမီးဖိုင်နယ် တက်ရေး အတွက် နှစ်သင်းလုံး အခွင့်အရေး ဆတူ ရှိနေလို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ပထမအကျော့ ဂျာမန်မြေမှာ အိမ်ရှင် လိုက်ပ်ဇစ်ကို ခြေရည်တူ ကစားပြီး အဝေးဂိုး ၁ ဂိုးပါ အရယူနိုင်ခဲ့တဲ့ အတ္တလန္တာ တို့ အနည်းငယ် အသာရနေတယ် ဆိုပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။ စီးရီးအေ ၂ ပွဲဆက် ရှုံးထားပြီး နောက်ဆုံး ၁၄ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရထားတဲ့ အတ္တလန္တာတို့ လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာတောင် မသေချာ ဖြစ်နေပေမယ့် ယူရိုပါလိဂ် မှာတော့ ပုံစံကောင်း တစ်ခုနဲ့ အတူ ရလဒ်တွေလည်း ကောင်းနေဆဲ ဖြစ်ပါတယ်။ ဂတ်စပီရီနီရဲ့ အသင်းက ချန်ပီယံလိဂ် က ဆင်းလာပြီးနောက် ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ရှုံးပွဲ လုံးဝ မရှိသေးတာ တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်း ဘာဂါမိုမှာ ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် နောက်ဆုံး ၉ ပွဲ မှာတော့ အတ္တလန္တာတို့ ၃ ပွဲသာ အနိုင်ရထားပါတယ်။ တစ်ချက်ရှိတာက အတ္တလန္တာဟာ ဂျာမန် ကလပ်တွေနဲ့ မကြာခဏ တွေ့ဆုံဖူးပြီး ကစားတိုင်းမှာလည်း ရလဒ်ကောင်းလေ့ ရှိတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၆ သင်း အဆင့်မှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး လေဗာကူဆင်ကို ပူပူနွေးနွေး ကျော်ဖြတ်ထားနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အတ္တလန္တာတို့ ဂျာမန် ကလပ်တွေရဲ့ အထာကို ဘယ်လောက်အထိ နပ်နေသလဲ ဆိုတာ သိနိုင်ပါတယ်။ လက်ရှိမှာ အဓိက ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဖရီအူလာနဲ့ ဂျိုအာကင်မ် မာအဲလီ အပြင် ဒီဂျင်မ်စီတီ လည်း ပုခုံးဒဏ်ရာ ရသွားခဲ့လို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပေမယ့် ခံစစ်မှူး တိုလွိုင်း ပြန်လည် ပါဝင်လာဖို့ ရှိတာ ကတော့ ဂတ်စပီရီနီ အတွက် ဝမ်းသာစရာ ဖြစ်ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
ဘိုလော့နာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – မူဆို၊ ဒါမီရယ်၊ တိုလွိုင်း၊ ပယ်လိုမီနို၊ ကူ့ပ်မိုင်းနားစ်၊ ဒီရွန်၊ ဇာပါကော်စတာ၊ ဟိတ်ဘိုးဝါး၊ ပက်ဆီနာ၊ မယ်လင်နော့ဗ်စကီး၊ ဇာပါတာ

အတ္တလန္တာလိုပဲ ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေတဲ့ လိုက်ပ်ဇစ်တို့ ချန်ပီယံလိဂ်က ဆင်းလာပြီးနောက် ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ရုရှား ကလပ် စပါးတက်ခ်‌မော်စကိုနဲ့ တွေ့ဆုံခဲ့လို့ ကွာတားဖိုင်နယ်ကို‌ ဖရီးတက်လှမ်းခွင့်ရခဲ့တဲ့ လိုက်ပ်ဇ်တို့ ပြိုင်ပွဲစုံမှာ ရလဒ်တွေ ကောင်းနေခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ နောက်ဆုံး ကစားထားတဲ့ ၁၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့သလို အဝေးကွင်း ၆ ပွဲဆက်လည်း ရလဒ်ကောင်းထားပါတယ်။ ပထမအကျော့တုန်းက ခြေစွမ်းပိုင်း မဆိုးခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးရခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့လို့ အတ္တလန္တာရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး နောက်ကနေ မနည်းလိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဝေးဂိုး ၁ ဂိုး ပေးခဲ့ရလို့ နောက်တစ်ဆင့် တက်ရေး အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး အခုပွဲမှာ မဖြစ်မနေ ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒိုမီနီကို တက်ဒက်စကိုရဲ့ အသင်းက အတ္တလန္တာနဲ့ ယူရိုပါလိဂ် ပွဲအပြီး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာတော့ ဟော့ဖန်ဟိမ်းကို တိုက်စစ် ခြေစွမ်းပြပြီး ၃ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ဒီအချက်ကြောင့် လိုက်ပ်ဇစ်တို့ ယုံကြည်မှု အပြည့် ရှိနေနိုင်ပြီး အတ္တလန္တာကို အီတလီမြေမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားပါလိမ့်မယ်။ လက်တလော အသင်းမှာ ဟိုက်ဒါရာ တစ်ဦးတည်း ဒဏ်ရာ ပြသနာ ရှိနေပြီး ကျန်ကစားသမား အားလုံး ကတော့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဂတ်စပီရီနီရဲ့ အသင်းက ချန်ပီယံလိဂ် က ဆင်းလာပြီးနောက် ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ရှုံးပွဲ လုံးဝ မရှိသေးတာ တွေ့ရပါတယ်။
ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေပေမယ့် စီးရီးအေ မှာတော့ ရလဒ်တွေ ဆိုးရွားနေတဲ့ အတ္တလန္တာ

ဖြစ်နိုင်ဖွယ်လူစာရင်း – ဂူလက်ရှီ၊ အော်ဘန်၊ ဂက်ဗာဒီယို၊ ဆီမာကန်၊ လိုင်မာ၊ ကမ့်ပဲလ်၊ ဟင်းနရစ်ချ်၊ အိန်ဂျယ်လီနို၊ အော်လမို၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ အန်ဒရီ ဆေးလ်ဗား


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်ပြီး ပထမအကျော့ ပွဲစဉ်မှာတော့ အတ္တလန္တာတို့ လိုက်ပ်ဇစ် ကွင်းမှာ ၁-၁ ရလဒ်နဲ့ သရေကစားထားနိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အတ္တလန္တာ အတွက် ၂.၄၆ ဆ၊ လိုက်ပ်ဇစ် အတွက် ၂.၄၄ ဆ၊ သရေ အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အတ္တလန္တာတို့ ပြည်တွင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပေမယ့် ဥရောပ ပွဲစဉ်တွေ မှာတော့ ရလဒ်တွေ ကောင်းနေဆဲ ဖြစ်ပါတယ်။ စုဖွဲ့မှုအရ လိုက်ပ်ဇစ်တို့ အနည်းငယ် ပိုသာနေပေမယ့် အတ္တလန္တာ တိုက်စစ် ကလည်း မထင်ရင် မထင်သလို ဒုက္ခပေးနိုင်စွမ်း အပြည့် ရှိပါတယ်။ ရလဒ်ပိုင်းအရ ခန့်မှန်းရခက်တဲ့ ပွဲဖြစ်ပြီး ဧည့်သည် လိုက်ပ်ဇစ်ကို အနည်းငယ် ပိုပြီး သဘောကျနေပေမယ့် ဂိုးပေါင်းကိုပဲ စဉ်းစားထားတာ စိတ်ချရမယ် ထင်ပါတယ်။ ဂိုးပေါ် ၂.၅၀ ဟာ အသင့်လျော်ဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်